Wednesday, November 28, 2007

XML Schemas
(XML သဒ္ဒါ (၀ါ) XML အဓိပ္ပါယ် သတ်မှတ်မှု) - အပိုင်း ( ၂ )

အပိုင်း ( ၁ ) ကို အရင်ဖတ်ကြည့်စေချင်ပါသည်။

Valid <element>  Attribute


XML Schema မှာ element တစ်ခုကိုကြေညာမယ်ဆိုရင် <element> ဆိုတဲ့ tag ကို အသုံးပြုရပါတယ်။ ဒီ တက်(ဂ်)လေးကဘယ် element ရဲ့  အစမှာဆိုပါပါတယ်။ ဒီ <element> tag လေးမှာ attribute လို့ ခေါ်တဲ့ ဒီတက်လေးဟာ နာမည်ဘယ်လိုခေါ်ကြောင်း၊ ဘာဒေတာအမျိုးအစားဖြစ်ကြောင်း၊ စသည်ဖြင့် ပြောပြ ပေးမယ့် စွမ်းရည်ပြစကားလုံး (attribute) လေးတွေရှိပါတယ်။ (အောက်မှာကြည့်ပါ)

    - default
- fixed
- id
- maxOccurs
- minOccurs
- name
- nillable
- ref
- substitutionGroup
- type


ဟုတ်ပီလား။ ကျွန်တော်တို့  တစ်ခုချင်းစီကို ကြည့်ကြရအောင်။ ဒါမှ element ကိုကြေညာတဲ့အခါ ဘယ်လိုတည်ဆောက်လို့  ရတယ်ဆိုတဲ့ structure ကို သိသွားမယ်။

name
ဒီ name ဆိုတဲ့ စွမ်းရည်ပြ စကားလုံး (attribute) လေးက XML document ဖိုင်တစ်ခုထဲ မှာရှိတဲ့ element တစ်ခုရဲ့  နာမည်ကို သတ်မှတ်ပေးပါတယ်။ ဥပမာ - XML Schema မှာ ဒီလို ရေးထားတယ်ဆိုပါဆို့ ။

<xs:element name="address"/>


ဒါဘာကိုပြောတာလည်းဆိုရင် ဒီ Schema ကို သုံးမယ့် XML document ထဲမှာသုံးနိုင်တဲ့ <address> ဆိုတဲ့ tag ကို ကြေညာလိုက်တာပါပဲ။ ဒီလို name ကိုတန်ဖိုး သတ်မှတ်ပေးတဲ့ အခါ (ဒီနေရာမှာ address ပေါ့) letter နဲ့ စရပါမယ်။ XML ဆိုတဲ့ စလုံးနဲ့  ဒါမှမဟုတ် သူနဲ့ ပေါင်းစပ်ထားတဲ့ စာလုံးနဲ့  စလို့ မရပါဘူး။ ":" ကို namespace အတွက် အသုံးပြုပီး၊ "_" ကို တော့ သုံးနိုင်ပါတယ်။
ို
defualt
ဒါလေးက string အမျိုးအစား တန်ဖိုးတစ်ခုကို ကျွန်တော်တို့element ရဲ့  မရှိသုံးတန်ဖိုး (default value) အဖြစ်ထည့်ပေးပါတယ်။ ဒါကြောင့် တကယ်လို့  copyright element တစ်ခုကို ဒီလိုရေးခဲ့မယ်ဆိုရင် -

<element name="copyright" default="Copyright 2008"/>


ဒါဆိုရင် <copyright> လို့ ခေါ်တဲ့ element တစ်ခုကို ဖန်တီးပီးတော့ အဲဒီ element မှာဘာတန်ဖိုး (value) မှ မထည့်ခဲ့ရင် မရှိသုံးတန်ဖိုး (default value) အနေနဲ့  Copyright 2008 ကိုယူသွားမှာဖြစ်ပါတယ်။ ဥပမာ -

<copyright></copyright>  


ဒီလိုဖြစ်နေခဲ့ရင် တန်းဖိုးမရှိတော့
Copyright 2008 သူရဲ့ တန်ဖိုး(value) အနေနဲ့ ယူသွားမှာဖြစ်တယ်။ဒါနဲ့  အတူတူပါပဲ။


<copyright>Copyright 2008</copyright> 


တကယ်လို့  တန်းဖိုးရှိခဲ့တယ်ဆိုရင်တော့ အဲဒီတန်ဖိုးကိုပဲယူပါတယ်။ မရှိသုံးတန်ဖိုး (default value) ကို မသုံးပါဘူး။

XML document file ကို ရေးတဲ့ သူက အဲဒီ element ကို တန်ဖိုး ထည့်ပေးပေးမပေးပေး မစဉ်းစားဘူး။ element တစ်ခုက တန်ဖိုး(value) တစ်ခုရှိကိုရှိရမယ်။ အဲဒီလို အချိန်မျိုးမှာ ဒီ default လေးဟာ အလွန်အသုံးကျပါတယ်။

fixed
ဒီဟာကတော့ string အမျိုးအစား တန်ဖိုးတစ်ခုကို element ရဲ့  တန်ဖိုးအဖြစ်သတ်မှတ်ပေးလိုက်ပါတယ်။ သဘောက XML Schema ဖိုင်မှာ ဒီလို ကြေညာခဲ့မယ်ဆိုရင် -

<xs:element name="info" fixed="For Information No 001"/>


ဟုတ်ပီ။ ဒါဆိုရင် XML Document ဖိုင်ထဲမှာ <info> ဆိုတဲ့ tag ရှိမယ်ပေါ့။ အဲဒီ tag လေးဟာ
For Information No 001 ဆိုတဲ့ တန်ဖိုး(value) ပါကိုပါရမယ်။

<info>For Information No 001</info>


XML Document ဖိုင်ကို ရေးတဲ့ သူကို တန်ဖိုး(value) မပြောင်း စေချင်ဘူးဆိုရင်
ဒီ fixed စွမ်းရည်ပြစကားလုံး (attribute) ကို သုံးပါတယ်။ Schema မှာ ကြေညာထားတဲ့ တန်ဖိုး (ဒီနေရာမှာ Information No 001) ကို သုံးကိုသုံးရပါတယ်။ XML Document ဖိုင်ကနေ ပြောင်းလို့ မရပါဘူး။

ဆက်ရန်။

အာကေလာ(akela)
Nov 28 , 2007 1:00 am