Wednesday, October 1, 2008

for … in Statement

ဒီ for.. in ကို javascript array ရဲ့  element တစ်ခုချင်းစီကို ပတ်ချင်တဲ့ အခါမှာ သုံးပါတယ်။

ဥပမာ

<html>
<body>
<script type="text/javascript">

var x;
var mygreeting= new Array();

mygreeting[0] = "Hello";
mygreeting[1] = "World";
mygreeting[2] = "Greeting by Akela.";

for (x in mygreeting)
{
alert(mygreeting[x]);
}

</script>
</body>
</html>

အထက်ပါ ကုဒ်လေးကို ချခိုင်းတဲ့ အခါ အောက်ပါပုံအတိုင်း မြင်ရပါလိမ့်မယ်။




အာကေလာ

၂၇ စက်တင်ဘာ ၂၀၀၇

Thursday, September 18, 2008

Array တစ်ခု တည်ဆောက်ခြင်း

Javascript Array Object

Array တစ်ခုဆိုတာ variable တစ်ခုဖြစ်ပြီး တန်ဖိုးတွေ အများကြီး သိမ်းဆည်းထားလို့  ရပါတယ်။ javascript ရဲ့  array ဟာ တခြား programming ဘာသာရပ်တွေ က array တွေ လိုပါပဲ။
အောက်ပါအချက်များကို javascript မှာ array ကိုသုံးတဲ့ အခါ သိမှတ်ထားသင့်ပါတယ်။

၁။ ။ တန်းဖိုးတွေဟာ array တစ်ခုထဲကို သိမ်းဆည်းတော့မယ်ဆိုရင် array နာမည်နဲ့  နေရာကို ဖော်ပြပြီး သိမ်းဆည်းနိုင်ပါတယ်။ ဥပမာ - myFirstArray[2] = “Hello JS Array”;


၂။ ။ သိမ်းထားတဲ့ တန်းဖိုးတွေကို ပြန်ပြီးထုတ်ယူ သုံးစွဲခြင်တဲ့ အခါမှာလည်း array နာမည်နဲ့  နေရာကို ဖော်ပြပြီး ပြန်ထုတ်နိုင်ပါတယ်။ ဥပမာ - var varlue = myFirstArray[2]; (ဒါဆို ခုနက Hello JS Array ဆိုတဲ့ တန်ဖိုးကို ပြန်ရပါမယ်။)

အောက်ပါ နည်းလမ်းနဲ့  Array တစ်ခုကို တည်ဆောက်လို့ ရပါတယ်။


 Var myFirstArray = new Array(3);

ဒါဆိုရင် ကျွန်တော်တို့ရဲ့ myFirstArray ရဲ့ length property ဟာ ၃ ဖြစ်သွားပါပီ။
myFirstArray ကို value တွေထပ်ဖြည့်ရအောင်.....

myFirstArray[0] = "This is first Item"; // Javascript ရဲ့ Array က index 0 ကနေစတာပါ
myFirstArray[1] = new Object();
myFirstArray[2] = new Date();


နောက်တစ်မျိုးစမ်းကြည့်ရအောင်

var myFirstArray = new Array();
myFirstArray.push("This is first Item");
myFirstArray.push(new Object());
myFirstArray.push(new Date());


Array ရဲ့ push method ကိုသုံးရင် Array object က Array ရဲ့ length ကို auto increment လုပ်ပေးသွားပါတယ်။
အခုအချိန် myFirstArray.pop() ဆိုပီး Array object ရဲ့ pop method ကိုခေါ်လိုက်ရင် myFirstArray ရဲ့ length က ၁ လျော့သွားပါပီ။
အဲဒီလိုပဲ myFirstArray ရဲ့ အကြီးဆုံး index က value (ဥပမာ ထဲက အတိုင်းဆိုရင် new Date()) ကပျက်သွားပါတယ်။
var lastVar = myFirstArray.pop() ဆိုရင် myFirstArray ရဲ့ နောက်ဆုံး index က value က lastVar ဆိုတဲ့ variable ထဲကိုရောက်သွားပါမယ်။
myFirstArray ထဲကလည်း ပျက်သွားပါပီ။ myFirstArray ရဲ့ length property ကလည်း 2 ဖြစ်သွားပါမယ်။
(myFirstArray.length)



အာကေလာ၊ အဇူရီ
၁၄ စက်တင်ဘာ ၂၀၀၈

Fundamental concept of WCF (Microsoft Window Communication Foundation )

(ဒီပိုစ်ကို ၁၈ စက်တင်ဘာ ၂၀၀၇ အမှတ်တရ ဂုဏ်ပြု ရေးပါသည်။)

အခုနောက်ပိုင်း business solution အတွက် software တွေ ကိုရေးတဲ့အခါမှာ stand alone application တွေ တော်တော်ရှားပါးသွားပါပြီ။ distributed application တွေပဲ ရေးလာကြပါတယ်။ Microsoft ကလည်း .net framework 2.0 နဲ့  နောက်ပိုင်းတွေမှာ ဒီအတွက် အထူးတလည် ပြင်ဆင်ပေးခဲ့ပါတယ်။ စစချင်း .net remotnig နောက်ပိုင်းတော့ Window Communication Foundation (WCF) ဆိုပြီးလုပ်လာပါတယ်။ အခုကျွန်တော် ရေးမှာက WCF ရဲ့ အခြေခံပါပဲ။ Fundamental Concepts တွေပါ။ High-level View ပါပဲ။ ဒါပေမယ့် ဒါတွေ သိထားမှ ဘယ်လို အလုပ်လုပ်လည်း ဆိုတာသိနိုင်မှာဖြစ်တယ်။ ဆက်လေ့လာလို့ လွယ်ကူစေမှာဖြစ်တဲ့ အတွက်ကြောင့်ပါ။ ကြည့်ကြစို့ ရဲ့ ။

Windows Communication Foundation (WCF)

(၁) High-level Overview
(၁.၁) Messaging and Endpoints


WCF ဆိုတာ runtime တစ်ခု၊ နောက်ပြီး services နဲ့  clients တွေကြား messages တွေ ပို့ တဲ့ စနစ် (system) တွေဖန်တီးဖို့ APIs တွေစုစည်းထားတဲ့ နေရာတစ်ခုပါ။ အဲဒါကို သုံးပြီးတော့ တစ်ခုနဲ့ တစ်ခု ဆက်သွယ်လို့ ရတဲ့ application တွေကို တည်ဆောက်ယူလို့ ရပါတယ်။ အဲဒီ applications တွေဟာ ကွန်ပြုတာတစ်လုံးထဲမှာလည်း ဖြစ်ချင်ဖြစ်မယ်၊ ဒါမှမဟုတ် တခြားတနေရာ၊ တခြားနိုင်ငံ၊ တခြားကုမဏီတစ်ခု က ကွန်ပြုတာတစ်လုံးပေါ် မှာလည်းဖြစ်ချင်ဖြစ်မယ်။ ဒါပေမယ့် WCF က services တွေ၊ APIs တွေ သုံးပြီး ဆက်သွယ်လုပ်ရတယ်။ အတူတူ လုပ်ဆောင်လို့ ရတယ်။

WCF ဟာ Messaging ပေါ်မှာ အခြေခံထားတဲ့ မော်ဒယ်တစ်ခုပါပဲ။ အဲဒီထဲမှာ clients လို့ ခေါ်တဲ့ ဆက်သွယ်မှု့  (communication) ကို စမဲ့ application တွေ၊ နောက် services လို့ ခေါ်တဲ့ clients တွေ ဆက်သွယ်လာမှာကို စောင့်ဆိုင်းနေပြီး တုန်ပြန်ပေးမဲ့ application တွေပါပါတယ်။ သတိပြုရမှာက application တစ်ခုတည်းက လည်း client ရော service ပါဖြစ်နိုင်တယ်ဆိုတာပါပဲ။

Message တွေဟာ endpoints တွေကြားမှာ ပေးပို့ ခံရပါတယ်။ endpoints ဆိုတာ message တွေပို့ တဲ့ နေရာ (send) ဒါမှမဟုတ် လက်ခံတဲ့နေရာ (receive) ပါ။ အဲဒီ endpoints တွေကပဲ message ပို့ တဲ့၊ လက်ခံတဲ့ အခါမှာ လိုအပ်မဲ့ Information တွေအားလုံးကို သတ်မှတ်ပြဒါန်းပေးပါတယ်။ service တခုက တစ်ခု ဒါမှမဟုတ် တစ်ခုထက်ပိုတဲ့ endpoints တွေကို တည်ဆောက်ပေးထားတက်ပါတယ်။ client တွေကတော့ services တွေတည်ဆောက်ပေးထားတဲ့ endpoint တစ်ခုခုနဲ့ ကိုက်ညီတဲ့ endpoint တစ်ခုကို တည်ဆောက်ရပါတယ်။

Service တစ်ခုဟာ message တွေကို ဘယ်လို ပို့ ရတယ်၊ ဘယ်လို ပုံစံရှိရမယ်၊ ဘယ်ကို ပို့ ရမယ်ဆိုတာတွေ၊ အခြားလိုအပ်တဲ့ အရာတွေ အားလုံးကို metadata (data about data) အနေနဲ့ ဖေါ်ပြထားတယ်။ အဲဒီအခါ client က အဲဒီ metadata တွေ သုံးပြီး သင့်တော်တဲ့ WCF client နဲ့  Communication stack တွေကို တည်ဆောက်ပါတယ်။

(WCF client, Communication stack တွေ ဘာလဲဆိုတာ နားမလည်ရင်လည်းဆက်ဖတ်ပါ အောက်မှာ အကုန်ပြန်ပါပါတယ်။)

(၁.၂) Communication Protocols

WCF ရဲ့ အဓိကအချက်က နေရာမရွေး (နေရာမျိုးစုံက client တွေက) service တွေကို ဆက်သွယ်နိုင်တာဆိုတော့၊ network လိုလာပါတယ်။ အဲဒီ network ပေါ်မှာ သုံးမဲ့ protocols တွေဟာလည်း လိုအပ်လာပါတယ်။ ဒါကြောင့်
Communication stacks တွေရဲ့  လိုအပ်ချက် တစ်ခုကတော့ transport protocol တွေပါပဲ။ Messages တွေကို ကျွန်တော်တို့ က intranets, Internet ပေါ်ကနေ HTTP, TCP လို common transport protocol တွေ သုံးပြီး နေရာမျိုးစုံကနေ ပေးပို့  ဆက်သွယ်နိုင်ပါတယ်။ နောက်ထပ် transport တွေကတော့ Microsoft Message Queuing (MSMQ) တို့ ၊ Peer Networking mesh တို့ ပါပဲ။ တခြား transport mechanisms တွေကိုလည်း WCF ရဲ့  ပါပြီးသား (build-in) extension points တွေသုံးပြီး ထပ်ထည့်နိုင်ပါတယ်။

(၁.၃) Message Patterns

WCF မှာ အမျိုးမျိုးသော message patterns တွေကို သုံးနိုင်ပါတယ်။ request-reply၊ one-way၊ duplex communication စသည်ဖြင့်အသုံးပြုနိုင်ပါတယ်။ ကွဲပြားတဲ့ transports တွေက ကွဲပြားတဲ့ message patterns တွေကို သုံးပါတယ်။ WCF APIs နဲ့  runtime တွေက message တွေရဲ့ လုံခြုံမှုကိုလည်းလုပ်ပေးပါတယ်။

(၂) WCF Terms

(၁) message
Message ဆိုတာ data တွေပါဝင်ဖွဲ့ စည်းထားတဲ့ အစုတခု။ သူမှာ body ၊ header စတာတွေအပါအ၀င် တခြားအစိတ်အပိုင်း တွေလည်းပါဝင်တယ်။

(၂) service
Service ဆိုတာကတော့ endpoint တစ်ခု ဒါမှမဟုတ် တစ်ခုထက်ပိုပြီး တည်ဆောက်ပေး ထားတဲ့ နေရာပါပဲ။ အဲဒီ endpoint တစ်ခုစီဟာ service operation တခု ဒါမှမဟုတ် တစ်ခုထက်ပို ပြီးရှိတက်တယ်။

(၃) endpoint
Endpoint ဆိုတာ message တွေ ပို့ ရမဲ့၊ လက်ခံတဲ့ နေရာတခုပါပဲ။ တချို့  endpoint တွေ
ကလက်ခံတဲ့ ဒါမှမဟုတ် ပို့ တဲ့ အလုပ်တမျိုးကိုပဲလုပ်ပြီး ၊တချို့ ကတော့ နှစ်မျိုး လုံးကိုလုပ်ပါတယ်။ endpoint တွေူက message တွေ ပို့ ဖို့ အတွက် လိပ်စာ (address) တစ်ခု ထုတ်ပေးတားတယ်။ နောက် ဘယ်လိုနည်းနဲ့ ဆက်သွယ်လို့ ရတယ် (communication mechanism) ဆိုတဲ့ အကြောင်းအရာ သတ်မှတ်ချက်တွေ (specification) ကိုလည်း ထုပ်ပေးထားတယ်။ နောက်ဆုံး ဘယ်လို message တွေပို့ လို့  ရတယ်ဆိုတာတွေပါ ဖော်ပြပေးထားပါတယ်။ WCF service တစ်ခုဆိုတာဟာ endpoint တွေ စုစည်းထားတဲ့ နေရာတစ်ခုပါပဲ။ (is a world as a collection of service.)

(၄) address
Address တခုဟာ message တွေကို ဘယ်မှာလက်ခံမယ်ဆိုတဲ့ နေရာတခုကို ပြောပြပေးပါတယ်။ သူကို Uniform Resource Identifier (URI) အနေနဲ့ သတ်မှတ်လေ့ရှိတယ်။ ဒါကြောင့် endpoint address တွေဟာ ထပ်တူမရှိတဲ့ address (Unique Address) တွေပါ။

(၅) binding
endpoint တခုဟာ ပြင်ပ နဲ့ ဘယ်လို ဆက်သွယ်လုပ်ဆောင်မလဲဆိုတာကို binding ကသတ်မှတ်ပေးပါတယ်။ Communication Infrastructure ဖြစ်လာဖို့ အတွက် binding element တွေလို့ ခေါ်ဆိုတဲ့ components အစုလေးတွေ တခုပေါ်တခု (stack on top of the other) တည်ဆောက်ထားတယ်။ အနှိမ့်ဆုံးအနေနဲ့  binding က ဘယ်လို transports တွေသုံးမယ်( HTTP , TCP/IP) ၊ ဘယ်လို encoding တွေသုံးမယ် (text or binary) စတာတွေကို သတ်မှတ်ပေးပါတယ်။ security နဲ့ ဆိုင်တဲ့ ကိစ္စတွေ၊ endpoint ကသုံးမယ့် message pattern တွေကိုလည်း သတ်မှတ်ပေးပါတယ်။

(၆) binding element
Binding element တခုဟာ binding လုပ်ချင်းကိစ္စရဲ့ အစိတ်အပိုင်းတခုကို ကိုယ်စားပြုပါတယ်။ transport တခု၊ encoding တခု စသည်အားဖြင့်။ ဒါမှမဟုတ် communication stack ပေါ်မှာ ရှိတဲ့ ဘယ် component မဆို binding element တွေပါပဲ။

(၇) behaviors
Behavior ဆိုတာ client တခု၊ operation တခု၊ ဒါမှမဟုတ် endpoint တခု၊ service တခု ကို run-time မှာ ဘယ်လို လုပ်သလဲဆိုတာကို ထိန်းတဲ့ component တခုပါပဲ။ behavior တွေကို သူတို့ ရဲ့  scope ပေါ်မူတည်ပြီး အဖွဲ့ လေးတွေ ဖွဲ့ ထားပါတယ်။ common behaviors လို့ ဆိုရင် endpoint အားလုံးနဲ့ ဆိုင်ပါတယ်။ globally ပေါ့။ service behavior ဆိုရင် service နဲ့  ဆက်နွယ်နေတဲ့ကိစ္စ တွေနဲ့ ဆိုင်ပါတယ်။ endpoint behavior လို့ ဆိုရင် endpoint နဲ့ ဆက်နွယ်နေတဲ့ အသုံးပြုမှု တွေနဲ့  ဆိုင်ပါတယ်။ operation-level behaviors ဆိုရင်တော့ operation တစ်ခုချင်းစီနဲ့  သက်ဆိုင်ပါတယ်။ ဥပမာ- endpoint behaviors ဆိုပါစို့ ။ သူက endpoint နဲ့ ပဲဆိုင်တဲ့ အရာတွေကို ပြဥာန်းပေးပါတယ်။ security credential ကိုဘယ်မှ သွားရှာရမလဲဆိုတာမျိုးပေါ့။

(၈) configuration နဲ့  coding
Application တခုကို ထိန်းချုပ်တဲ့ ကိစ္စမှာ coding ကနေတဆင့် ၊ ဒါမှမဟုတ် configuration file ကနေတဆင့် ၊ (၀ါ) နှစ်ခုလုံး ကို သုံးပြီး လုပ်နိုင်ပါတယ်။ configuration ကနေ လုပ်တာက programmer (developer) မဟုတ်တဲ့ သူတွေကိုပါ client (၀ါ) service မှာ လိုတဲ့ အရာတွေကို coding ရေးပြီးပေ့မယ့် ပြုပြင်ခွင့်၊ ထိန်းချုပ်ခွင့် ပေးတဲ့ အားသာချက်ရှိပါတယ်။ အဲဒီလိုလုပ်တဲ့ ကိစ္စမှာ program coding ကို ပြန်ပြီး recompile လုပ်စရာမလိုပဲ သုံးလို့ ရပါတယ်။ coding ကတော့ programmer (developer) တွေကို client (၀ါ) service တွေ အပေါ်မှာ တိကျတင်းကျပ်တဲ့ ထိန်းချုပ်မှုတွေ လုပ်ဖို့  ခွင့်ပြုပါတယ်။ configuration ဖိုင်ကနေ စီစဉ်ထိန်းချုပ်ထားတဲ့ ဘယ်အရာကိုမဆို လိုအပ်တယ်ဆိုရင် coding ကနေ ပြောင်းလဲ နိုင်ပါတယ်။

(၉) service operation
Service operation တခုက service တခု လုပ်ဆောင်မဲ့ ကိစ္စတခု (operation) ကို service code တွေကတဆင့် သတ်မှတ်ထားတဲ့ ဟာကို ပြောတာပါ။ ဒီ service တခုကလုပ်ဆောင်ပေးမဲ့ အရာတွေကို WCF Client တွေဆီ method တွေအနေနဲ့  ထုတ်ပေးထားတယ်။ အဲဒီ method တွေက တန်ဖိုး တခုကို ပြန်ရင် ပြန်မယ်။ သူဆီကို arguments တွေ လက်ခံရင် လက်ခံမယ်။ ဒါမှမဟုတ် ဘာတန်ဖိုးမှ မပြန်တာ၊ ဘာ argument မှ လက်မခံတာ။ ဒီလိုလည်းဖြစ်နိုင်ပါတယ်။

(၁၀) service contract
Service contract ဆိုတာကတော့ ခုနက service operation တွေကို စုစည်းပေးထားတဲ့ အစုတစ်ခုပါပဲ။ Contract တခုကို အမျိုးမျိုးသော အဆင့်တွေ သတ်မှတ်လို့ ရတယ်။ ဥပမာ- namespace အဆင့်မှာ သတ်မှတ်တဲ့ contract။ အများဆုံးလုပ်လေ့ရှိတာကတော့ ကိုယ်ကြိုက်တဲ့ program ဘာသာရပ် (C#, VB, J#) နဲ့  interface တခုဆောက်ပြီး အဲဒီမှာ ServiceContractAttribute ဆိုတဲ့ attribute ကို ကြေညာပေးလိုက်တာပဲ။ တကယ် အလုပ်လုပ်မဲ့ service code တွေက အဲဒီ interface ကို အမွေဆက်ခံ (inherit) လိုက်တာပါပဲ။

(၁၁) operation contract
operation contract ဆိုတာကတော့ operation တစ်ခုဆီကို ပို့ ပေးရမယ့် parameters တွေ၊ ဒါမှမဟုတ် အဲဒီ operation ကနေ ပြန်မဲ့ အမျိုးအစားတွေ ကို သတ်မှတ်ပေးပါတယ်။ ကျွန်တော်တို့  service contract နဲ့  တည်ဆောက်ထားတဲ့ (အပေါ်ကအဆင့်) interface တစ်ခုမှာ operation contract ကို OperationContractAttribute ဆိုတဲ့ attribute လေးကို method ရဲ့  အပေါ်မှာ ထည့်ပေးလိုက်ရုံနဲ့  တည်ဆောက်နိုင်ပါတယ်။ အဲဒါဆို အဲဒီ method လေး (WCF အနေနဲ့ ဆို operation လေးဟာ) ဟာ operation contract နဲ့  ဖြစ်သွားပါပြီ။

(၁၂) message contract
message contract ဆိုတာက ကျွန်တော်တို့ အသုံးပြုမဲ့ မက်ဆေ့ (message) ရဲ့  ပုံစံ (format) ပါပဲ။ ဥပမာ - မက်ဆေ့ (message) တွေဟာ headers ထဲမှာ ရှိရမလား။ ဒါမှမဟုတ် body ထဲမှာပဲ ရှိရမလား။ မက်ဆေ့ တွေအတွက် ဘယ်လို လုံခြုံရေး နည်းလမ်း (security) တွေ အသုံးပြုမလဲ စတာတွေကို သတ်မှတ်ပေးတဲ့ contract ပါ။

(၁၃) fault contract
fault contract တွေဟာ service တစ်ခုမှာ အမှား (error) တွေဖြစ်လာတဲ့ အခါ ခေါ်တဲ့သူဆီ၊ service ကို သုံးတဲ့သူဆီကို အဲဒီ အမှား တွေ ပို့ ဆောင်ပေးနိုင်အောင်လို့  service operation နဲ့  ပေါင်းစပ်ထားနိုင်ပါတယ်။ Operation တစ်ခုမှာ အမှား တွေ မရှိတာလည်းဖြစ်နိုင်သလို့  အများကြီးရှိနေတာလည်း ဖြစ်နိုင်ပါတယ်။ ဒီ အမှားတွေ ကို SOAP (Simple Object Application Protocols) ရဲ့  အမှားတွေဖြစ်ပြီး programming မှာတော့ Exception တွေ အနေနဲ့  ကိုင်တွယ်ပါတယ်။

(၁၄) data contract
Service တစ်ခုက အသုံးပြုမဲ့ ဒေတာ အမျိုးအစား (data types) တွေကို ဒေတာ၂ (metadata – data about data) တွေမှာ ကြေညာပေးရပါတယ်။ ဒါမှ service ကို အသုံးပြုမဲ့ အရာတွေက ဆက်သွယ်အသုံး ပြုနိုင်မှာဖြစ်တယ်။ အဲဒီ လို ဒေတာ အမျိုးအစားတွေကို ဖော်ပြပေးတာကို data contract လို့ ခေါ်ပါတယ်။ အဲဒီ ဒေတာအမျိုးအစားတွေကို မက်ဆေ့ ရဲ့  အစိတ်အပိုင်းတစ်ခုအနေနဲ့  ထည့်ပေးနိုင်ပါတယ။် ဥပမာ - parameter အနေနဲ့  ဒါမှမဟုတ် return type အနေနဲ့ ။ တကယ်လို့  service က ရိုးရှင်းတဲ့ ဒေတာ အမျိုးအစား (int, string,lone စသည်) ကို ပဲ အသုံးပြုမယ်ဆိုရင်တော့ data contract ကို အထူးတလည် ကြေညာပေးစရာမလိုပါဘူး။

(၁၅) hosting
Service တစ်ခုဟာ process တစ်ခုပေါ်မှာ လုပ်ဆောင်ရပါတယ်။ အခံ process မရှိပဲ မရပါဘူး။ host တစ်ခုဆိုတာ application တစ်ခုဖြစ်ပြီး သူက service ရဲ့  သက်တမ်း (lifetime) ကို သတ်မှတ် ပြဥာန်းပေးပါတယ်။ Service တွေဟာ ကိုယ့်ကိုယ် အခံ (host) လုပ်ထားတာလဲ ဖြစ်နိုင်ပါတယ်။ ဒါမှမဟုတ် အခြား process တစ်ခုကို အခံ (host) လုပ်တာလည်းဖြစ်နိုင်ပါတယ်။

(၁၆) self-hosted service
Self-hosted service ဆိုတာ developer တစ်ယောက်က တည်ဆောက်ထားတဲ့ process တစ်ခု ထဲမှာ လုပ်ဆောင် (run) နေတဲ့ service ကို ခေါ်တာဖြစ်တယ်။ developer က အဲဒီ service ရဲ့  သက်တမ်းကို ထိန်းချုပ်ထားတယ်၊ service ရဲ့  properties တွေကို ကိုင်တွယ်တယ်၊ service ကို ဖွင့်တယ် ( service ဆီ ကို client က အ၀င် message လာတာကိုစောင့်ခြင်း) ၊ ပြီးတော့ service ကို ပိတ်တယ်။

(၁၇) hosting process
Hosting process ဆိုတာကတော့ application တစ်ခုဖြစ်ပြီး သူရဲ့  ရည်ရွယ်ချက်က service တစ်ခုအတွက် အခံ (host) လုပ်ပေးဖို့ ပါပဲ။ ဘာတွေပါလည်းဆိုတော့ - Internet Information Service (IIS), Window Activation Service (WAS), Windows Services တွေပါပဲ။ ဒီနည်းလမ်းမှာ အခံ (host) တွေက service ရဲ့ သက်တမ်းကို ထိန်းချုပ်ပါတယ်။ ဥပမာ - IIS ကိုသုံးပြီး service assemblyနဲ့  configuration file ပါတဲ့ virtual directory တစ်ခု တည်ဆောက်နိုင်တယ်။ ပြီးတော့ message တွေ ရောက်လာတဲ့ အခါ၊ IIS က service ကို စတင်ပြီး သူရဲ့  သက်တမ်းကို ထိန်းချုပ်ပါတယ်။

(၁၈) instancing
Service တစ်ခုမှာ instancing model တစ်ခုရှိပါတယ်။ instancing model ၃မျိုးရှိတယ်။ single - ဒီမှာ single CLR (Common Language Runtime) object တစ်ခုကပဲ client အားလုံးကို လက်ခံ လုပ်ဆောင်ပေးပါတယ်။ per call – ဒီမှာ CLR object အသစ်တစ်ခုကို client တစ်ခုဆီကို လက်ခံလုပ်ဆောင်ဖို့  အတွက် ဖန်တီးပေးပါတယ်။ per session - ဒီမှာတော့ CLR object အစု တစ်စု ကို သီခြား session တစ်ခုစီ အတွက် ဖန်တီးပေးပါတယ်။ ဘယ် ပုံစံကို သုံးမလဲဆိုတာကတော့ service ရဲ့  အမျိုးအစား အသုံးပြုမဲ့အနေအထားပေါ်မူတည်ပါတယ်။

(၁၉) client application
Client application တစ်ခုဟာ program တစ်ခုဖြစ်ပြီး သူက မက်ဆေ့ (message) တွေကို endpoints တစ်ခုကနေ တစ်ခုကို ပို့ ပေး လက်ခံ ပေးတာကို လုပ်တယ်။ ဒီ client application တွေဟာ WCF client instance တစ်ခုကို တည်ဆောက်ပြီး WCF client method ကို ခေါ်ပြီး အသုံးပြုတဲ့ အခါမှာ စတင်ဖြစ်တည်ပါတယ်။ အရေးကြီးတာ တစ်ခုကို သတိပြုရမှာက application တစ်ခုတည်းကပဲ client ရော service ရော ဖြစ်နိုင်တယ်ဆိုတာပါ။

(၂၀) WCF client
WCF client ဆိုတာ service operation တွေကို methods တွေအဖြစ် တင်ပြပေးတဲ့ client-application တစ်ခုပါပဲ။ ဘယ် application တွေမဆို service ကို အခံ (host) လုပ်ပေးတဲ့ ဟာ အပါအ၀င် WCF client တွေကို အခံ (host) အဖြစ်လုပ်ပေးနိုင်ပါတယ်။ ဒါကြောင့် service တစ်ခုဟာ အခြား service တစ်ခုရဲ့  WCF Client တွေပါရှိနိုင်ပါတယ်။
WCF client ကို ServiceModel Metadata Utility Tool (Svcutil.exe) ကို သုံးပြီး အလိုအလျွှျှောက် ထုတ်ယူနိုင်ပါတယ်။
.
(၂၁) metadata
Service တစ်ခုရဲ့  metadata တွေက အဲဒီ service ရဲ့  အချက်အလက်တွေကို ဖော်ပြပေးပါတယ်။ အဲဒီ အချက်အလက်တွေကို သုံးပြီးမှာ အပြင်က client တွေက service ကို ဆက်သွယ်လုပ်ဆောင်နိုင်မှာ ဖြစ်တယ်။ အဲဒီ metadata ကိုတွေကို ရယူအသုံးပြုပြီး serviceModel Metadata Utility Tool (svcutil.exe) က WCF client တွေနဲ့  လိုအပ်တဲ့ configuration file တွေကို service နဲ့  ဆက်သွယ်လုပ်ကိုင်ဖို့  ထုတ်ပေးနိုင်တာဖြစ်တယ်။ service တစ်ခုအတွက် metadata က ထုတ်ပေးတဲ့ ဒေတာက XML Schema documents ရယ်၊ WSDL document တို့  ဖြစ်တယ်။

(၂၂) Security
WCF ရဲ့  Secuity ဆိုတာ confidentiality ရှိခြင်း၊ (မက်ဆေ့ တွေကို ပုံဖျတ် (encryption) လုပ်ခြင်း)၊ integrity ရှိခြင်း၊ (မက်ဆေ့တွေ ပျက်ဆီးတာမျိုးကို နားလည်ခြင်း)၊ authentication (serviers နဲ့  clients တို့ မှာ ၀င်နိုင်ခွင့် ရှိခြင်း)၊ authorization (အရင်းအမြစ် (resource) တွေကို သုံးခွင့် ရှိခြင်း) စတာတွေကို ပြောတာဖြစ်တယ်။ ဒီ လို လုပ်ဆောင်ချက်တွေကို လက်ရှိ ရှိပြီးသား လုံးခြုံရေး (security) တွေဖြစ်တဲ့ TLS ၊ HTTP (HTTPS)၊ တို့ ကနေလုပ်ဆောင်နိုင်သလို၊ အသစ်ဖြစ်တဲ့ WS-* ရဲ့  လုံခြုံးရေး စံညွန်းသတ်မှတ်ချက် (security specification) ကနေလည်းလုပ်ဆောင်နိုင်ပါတယ်။

WS-*

ဒါကတော့ Web Service (WS) ရဲ့  စံညွန်းသတ်မှတ်ချက်တွေကို ညွန်းပါတယ်။ WS-Security WS-ReliableMessaging စသည်ဖြင့် WCF မှာ သုံးရမဲ့ သတ်မှတ်ချက်တွေပါ။

ဒါလေးကတော့ မိတ်ဆက် သဘောပါပဲ။
အချိန်ရရင် ဆက်ပြီးရေးပါမယ်။
ဆက်ပြီး လေ့လာနိုင်ကြပါစေဗျာ။

ရည်ညွန်း။ ။ MSDN

အာကေလာ
၁၈ စက်တင်ဘာ ၂၀၀၈



Saturday, September 13, 2008

Javascript toLocaleString() Method

အဓိပ္ပါယ်ဖွင့်ဆိုချက်

toLocaleString method လေးက Date object တခုကို လက်ရှိ စက်ရဲ့  အချိန် ပေါ်မူတည်ပြီး String အဖြစ် ပြန်ပေးပါတယ်။

အသုံးပြုပုံ

အောက်က နမူနာမှာ (စက်ထဲမှာရှိနေတဲ့) လက်ရှိ ဒီနေ့ အချိန်ကို stirng အဖြစ် ပြန်ထုတ်ရိုက်ပြပါလိမ်မယ်။


<script type="text/javascript">
var todayDateObj = new Date();// var dobDateObj = new Date('Feb 23, 1983');
var todayDateStr = todayDateObj.toLocaleString();// var dobStr = dobDateObj.toLocaleString();
document.write(todayDateStr);//document.write(dobStr);
alert(todayDateStr);//alert(dobStr);
</script>

အောက်မှာ ပြထားသလိုမျိုး (သုံးနေတဲ့ စက်ရဲ့  ပုံစံချပုံ (setting) ပေါ်မူတည်ပါတယ်။) ဘရောက်ဇာ ကနေကြည့်ရင် မြင်ရပါလိမ့်မယ်။





ရည်ညွန်း။ ။ w3school

အာကေလာ။

Wednesday, August 27, 2008

XML Schemas
(XML သဒ္ဒါ (၀ါ) XML အဓိပ္ပါယ် သတ်မှတ်မှု) - အပိုင်း ( ၅ )

အပိုင်း ( ၁ ) ၊
( ၂ ) ၊ (၄) နှင့် ( ၅) ကို အရင်ဖတ်ကြည့်စေချင်ပါသည်။



Content model တွေဖန်တီးဖို့ အတွက် <simpleType> element ကိုအသုံးပြုပါတယ်။ ဒါပေမယ့် အဲဒီ content model တွေဟာ simple content ဖြစ်နေဆဲပါပဲ။ simple content ဆိုတာ data ပဲပါပြီး child elements ဒါမှမဟုတ် mixed contents တွေ မပါတဲ့ ဟာပါ။ simple content ဖြစ်နေဆဲပေမယ့် <simpleType> က ပြုလွယ်ပြင်လွယ်၊ ပြောင်းလဲလွယ်တဲ့ အဆင့်တစ်ခုကို ဖြစ်စေပါတယ်။ (a level of flexibility) လက်ရှိ ရှိနေတဲ့ ဒေတာ အမျိုးအစား တွေမှာ ကန့် သတ်ချက်တွေ ပြုလုပ်နိုင်တာမျိုးပေါ့။

ဘာကြောင့် အဲဒီ ကန့် သတ်ချက်တွေက အသုံးဝင်ရတာလဲလို့  မေးခဲ့ရင် ဒါလေးကို တွေးကြည့်ကြမယ်။ ကျွန်တော်တို့ ပစ္စည်း တစ်ခုအတွက် ကုန်စရင်း (inventory) ကို element တစ်ခုကြေညာကြမယ်။ ဒီတော့ <inventory> ဆိုတဲ့ element လေးကို ကျွန်တော်တို့  ဖန်တီးမယ်ပေါ့။ ဒါပေမယ့် ကျွန်တော်တို့  ကြိုသိနေတယ်။ ဒီ ပစ္စည်း ဟာ အခု ၂၀၀ ထက်ပိုပြီး သိုလှောင်ရုံထဲမှာမရှိနိုင်ဘူးဆိုပါစို့ ။ လုံးဝမရှိတာကျတော့ ဖြစ်နိုင်တယ်။ ဒီလို ကန့် သတ်ချက်လေးတွေ ပါလာပြီဆိုရင်၊ နောက်ပြီး ဒီလို ဟာလေးတွေက မကြာခဏ သုံးရတော့မယ်၊ ထပ်ခါထပ်ခါသုံးရတော့မယ်ဆိုရင် ကျွန်တော်တို့ ဟာ <simpleType> ကို သုံးပြီး XML သဒ္ဒါ (Schema) ကိုကြေညာသင့်ပြီပေါ့။ အောက်မှာကြည့်မယ်။

<xs:element name="inventory">
<xs:simpleType>
<xs:restriction base="xs:integer">
<xs:minInclusive value="0"/>
<xs:maxInclusive value="200"/>
</xs:restriction>
</xs:simpleType>
</xs:element>


အဲဒီ ကြေညာချက်လေးက <inventory> လို့ ခေါ်တဲ့ element တစ်ခုကို ဖြစ်စေတယ်။ သူမှာ တန်ဖိုး (value) က 0 ကနေ ၂၀၀ အထိအမြင့်ဆုံးပါနိုင်ပါတယ်။
(တခု သတိပြုပါ။ ကျွန်တော်တို့ သုံးတဲ့ ဒေတာအမျိုးအစားဟာ XML မှာ ရှိပြီးသား ဒေတာအမျိုးအစား ဆိုတာပါပဲ။ interger အမျိုးအစားပေါ့။ ဒါကို ကျွန်တော်တို့ က restriction ဆိုတာနဲ့ ကန့် သတ်ရုံပဲ ကန့်  သတ်လိုက်တာပါ။)

ဒီလိုကြေညာခဲ့တဲ့ အတွက် တကယ်လို့  XML Document ဖိုင်ထဲမှာ ဒီလို တက်(tag) ကလေးတွေပါလာရင် အိုကေပြီး
<inventory>190</inventory>
<inventory>0</inventory>
<inventory>49</inventory>


ဒီလိုလေးတွေတော့ ပါလို့ မရဘူးပေါ့။
<inventory>201</inventory>
<inventory>250</inventory>


<simpleType> element ကို ကြေညာတဲ့ အခါတွေမှာ restriction ရယ်၊ list ရယ်၊ union ရယ်ပဲ ပါလို့  ရပါတယ်။

ထပ်သိထားရမှာက <simpleType> element မှာ id နဲ့  name ဆိုတဲ့ စွမ်းရည်ပြစကားလုံး (attributes) လေးတွေပါလို့ ရတယ်။ ဒီလို simple type တစ်ခုကို name သတ်မှတ်ပေးလို့ ရတဲ့ အတွက် အကျိုးကျေးဇူးကတော့ ကျွန်တော်တို့ ဟာ အခြား element တွေကြေညာတဲ့ အခါမှာ အဲဒီ type ကို အဲဒီ name ကိုအသုံးပြု ပြီး ပြန်ခေါ်သုံးလို့  ရခြင်းပါပဲ။ ထပ်ခါထပ်ခါ အသုံးပြုနိုင်ခြင်း ( reusable) ဖြစ်တာပေါ့။

<xs:simpleType name="currency">
<xs:restriction base="xs:decimal">
<xs:fractionDigits value="2"/>
</xs:restriction>
</xs:simpleType>

<xs:element name="price" type="currency"/>


အပေါ်က နမူနာမှာ ကျွန်တော်တို့ ဟာ price လို့ ခေါ်တဲ့ element တခုရှိတယ်။ အဲဒီ price ဟာ decimal အမျိုးအစားဖြစ်ပြီး တော့ ဒသမဂဏန်း ၂ လုံးပဲ ပါလို့ ရမယ်။

ဒီတော့ ကျွန်တော်တို့ ဟာ decimal ကို base ဒေတာအမျိုးအစားအနေနဲ့ ယူလိုက်ပြီး သူ ရဲ့ ဒသမဂဏန်းကို xs:fractionDigits တက်(tag)က တန်းဖိုး 2 ဆိုပြီး ပြောင်းလိုက်တယ်။ တကယ် decimal ဒေတာအမျိုးအစားဟာ ဒသမ ၂ လုံးပဲ ပါတာမဟုတ်ဘူး။ ဒါကြောင့် ကျွန်တော်တို့ က ဒီလို ပြောင်းပြီးတော့ မှ ကျွန်တော်တို့ ပြောင်းထားတဲ့ အမျိုးအစား (type) ကို currency လို့  simpleType ရဲ့  name မှာ ကြေညာလိုက်တယ်။ ဒသမဂဏန်း ၂ လုံးနဲ့ ဟာကို currency လို့  နာမည်ပေးလိုက်တယ်ပေါ့ဗျာ။

ပြီးတော့ XML Document ထဲမှာ အဲဒီ နာမည်ကို ယူပြီး ဒီလို သုံးလိုက်လို့ ရပါပြီ။

<xs:element name="price" type="currency"/>


တကယ်လို့  အခြား element တခု ၊ ဥပမာ- totalAmount ဆိုတဲ့ element ကလည်း price လိုပဲ ဒသမဂဏန်း ၂ လုံးဆိုရင်-

<xs:element name=”totalAmount” type="currency"/>


paymentAmount ကလည်း ဒသမ ၂ လုံးပဲ ဆိုပါစို့ ။

<xs:element name=”paymentAmount” type="currency"/>


ဆိုပြီး သုံးလိုရပါတယ်။ တွေ့ လား။ currency ဆိုတဲ့ ဒေတာအမျိုးအစားကို ပဲ ခေါ်သုံးထားတယ်။ တခါတည်း simpletype အနေနဲ့  ကြေညာပြီး ထပ်ကြေညာစရာမလို တော့ဘူး။ မဟုတ်ရင် element အသစ်တစ်ခု ဖန်တီးတိုင်း ဒသမ ၂ လုံးဆိုတာကို ကြေညာနေရမှာ။ အခု မလိုတော့ဘူး။ currency ဆိုတဲ့ name ကို ခေါ်သုံးရုံပဲ။ ဒါကို ထပ်ခါထပ်ခါ အသုံးပြုနိုင်ခြင်း ( reusable) ဖြစ်တယ်လို့ ခေါ်တယ်။ ဘယ် element ကမဆို သူတို့ ရဲ့  ဒေတာအမျိုးအစား (data type ) အတွက် သင့်လျှော်တယ်ဆိုရင် တခြား XML ရဲ့  ရှိပြီးသားဒေတာ (build in datatype – eg: Int, Decimal , etc..) တွေလိုပဲ ခေါ်သုံးနိုင်တယ်။

(သတိပြုရန်- type=”currency” ဆိုတာ XML Build-in DataType( XML မှာ အလိုအလျှောက်ပါပြီးသား ဒေတာအမျိုးအစား) မဟုတ်ဘူး။ ကျွန်တော်တို့  အပေါ်မှာ <simpleType> ဆိုပြီးကျေညာခဲ့လို့ သုံးလို ရတာ။ သူဟာ ဒေတာ အမျိုးအစားတစ်ခုလို့ ဖြစ်သွားပါတယ်။ အဲဒါကို အဓိကပြောချင်တာပါပဲ။)

ဒါဟာ XML သဒ္ဒါ (schema) ရဲ့  အလွန်ကောင်းတဲ့ အားသာချက်တစ်ခုပါပဲ။

<simpletype> မှာ ကျွန်တော်တို့  <list> <restriction> < union> တွေကိုသုံးလို့  ရတယ်လို့  ပြောခဲ့ပါတယ်။
အပေါ်မှာ <restriction> ကို သုံးပြသွားခဲ့ပါတယ်။ အခု <list> ကိုသုံးပြီး ဘယ်လို့  အားသားချက်တွေရှိလဲ၊ ဘယ်လိုကိစ္စတွေကို လုပ်လို့ ရလဲ ဆိုတာကြည့်ရအောင်။

List

List က တန်ဖိုးတစ်ခုတည်းထက် တန်ဖိုးအများကြီးကိုလက်ခံနိုင်တဲ့ ကိုယ်ပိုင် ဒေတာ အမျိုးအစားတစ်ခုကို ဖန်တီးတာကို ကြေညာချင်တဲ့အခါမှာ သုံးလို့ ရပါတယ်။ ဥပမာ - ကျွန်တော်တို့ က color ဆိုတဲ့ element လေးတစ်ခုကို တည်ဆောက်မယ်ဆိုပါစို့ ။ အဲဒီ လေးဟာ မှာ အနီ (red) ၊ အ၀ါ (yellow) ၊ အပြာ (blue) ၊ အစိမ်း (green) စသည်ဖြင့် ပါမယ်ပေါ့။ အဲဒီအခါ ကျွန်တော်တို့ က XML သဒ္ဒါ (XML schema) မှာ ဒီလိုကြေညာပေးလို့ ရတာပေါ့။

<xs:element name=”color” type=”xs:string”></xs:element>


ဒါပေမယ့် ဒီလိုကြေညာရင် ကျွန်တော်တို့ ရဲ့  <color> မှာ တန်ဖိုး (value) တစ်ခုပဲပါလို့ ရမယ်။ ဒီလိုမျိုး -
<color>red</color>  (ဒါက အနီ)
<color>green</color> (ဒါက အ၀ါ အဲလို တစ်ခုမှာ တန်ဖိုး တခုပဲပါလို့ ရမယ်)


တကယ်လို့  ကျွန်တော်တို့ က <color> မှာ တန်ဖိုးတွေ တစ်ခုထက်မက ပါစေချင်တယ်ဆိုပါစို့ ။<list> ကို သုံးပြီးလုပ်လို့  ရပြီပေါ့။

<xs:element name=”color”>
<xs:simpleType>
<xs:list itemType=”xs:string”>
<xs:restriction>
<xs:minLength value=”1”/>
<xs:maxLength value=”5”/>
</xs:restriction>
</xs:list>
</xs:simpleType>
</xs:element>


ဒီ XML Schema မှာ <simpleType> ထဲမှာ <list> ကိုထည့်ပြီး ကြေညာထားပါတယ်။ အဲဒီ <list> မှာ itemType ဆိုတဲ့ စွမ်းရည်ပြ စကားလုံး (attribute) တစ်ခုလည်းသုံးထားတယ်။ သူက ဘာကိုပြောတာလည်းဆိုတော့ ဒီ list ထဲမှာ ပါမဲ့ ဒေတာအမျိုးအစားကို ပြောပြတယ်။ ဒီမှာဆို xs:string ၊ (စာအစဉ်အတန်း) ဒေတာအမျိုးအစားပေါ့။ ဟုတ်တယ်လေ။ ပါမဲ့ တန်ဖိုးက Red, Blue, Green စသည်ဆိုတော့ string အမျိုးအစား ဒေတာပေါ့။ ပြီးတော့ ကျွန်တော်တို့  အပေါ်က သုံးဖူးတဲ့ <restriction> ကို ပြန်သုံးတယ်။ ဒီနေရာမှာတော့ ကျွန်တော်တို့ က <minLength> နဲ့  <maxLength> တက်(ဂ်) လေးကို သုံးထားတယ်။ အဲဒီ တက်(ဂ်)လေး ၂ ခုက ဘာကိုပြောလည်းဆိုတော့ <color> element ထဲမှာ ပါမဲ့ တန်းဖိုး အရေအတွက်။ အခု <list> ကိုသုံးလိုက်တော့ <color> ထဲမှာ တန်ဖိုးက တစ်ခုတည်းမဟုတ်တော့ဘူးလေ။ တခုထက်မက ပိုပြီးပါလာနိုင်ပြီ မဟုတ်လား။ ဒီတော့ ကျွန်တော်တို့ က min နဲ့  max ကိုသုံးပြီး အနှိမ့်ဆုံး ဘယ်နှစ်ခု၊ အမြင့်ဆုံး ဘယ်နှခု ပါခွင့်ရှိနိုင်သလဲဆိုတာကို သတ်မှတ်ပေးလိုက်တယ်။ ဒီမှာဆို အနှိမ့်ဆုံး ၁ ခု၊ အမြင့်ဆုံး ၅ ခုပါခွင့် ရှိတယ်ပေါ့။

သတိ။ <minLength> နဲ့  <maxLenght>တို့ က string (စာအစဉ်အတန်း) တစ်ခုလုံးရဲ့  အရှည်ကို ပြောတာမဟုတ်ပါ။ <list> ရဲ့  အရှည် (list ထဲမှာ ဘယ်နှခုပါလည်းဆိုတာ) ကိုပြောတာပါ။

ဒီတော့ ကြည့်ကြမယ်။

<color>Red Blue Green</color> ဒါဆို အားလုံးအိုကေပေါ့။ Red, Blue, Green ဆိုမှ List က ၃ ခုပဲရှိသေးတာပဲ။ ဟုတ်။

<color>Red Blue Green Black Orange Purple Brown</color> ဒီလိုတော့ မရဘူးပေါ့။ ဘာလို့  လည်းဆိုတော့ အမြင့် ဆုံး ရှိရမယ့် အရှည် ထက် ပိုများနေတယ်လေ။ အမြင့်ဆုံးအရှည်က ၅ ၊ အခုက ၇ ခု၇ှိနေတယ်။

<color></color> ဒီလိုလည်းမရဘူး။ အနည်းဆုံး တန်းဖိုး ၁ ခုပါရမယ်လို့ သတ်မှတ်ထားခဲ့တယ်။ မှတ်မိတယ်ထင်ပါတယ်။

<list> က ကျွန်တော်တို့  element ထဲမှာ တန်ဖိုးတစ်ခုထက်ပိုပြီး ထည့်ပေးချင်တဲ့ အခါ၊ အဲလို element ကို schema (သဒ္ဒါ) မှာ ကြေညာရတဲ့ အခါမျိုး အသုံးကျပါတယ်။

ဆက်ရန်။

ထပ်ရေးနေပါတယ်ဗျာ..။ :D

အာကေလာ (akela)

Aug 27, 2008 12.02 pm

Monday, December 10, 2007

XML Schemas
(XML သဒ္ဒါ (၀ါ) XML အဓိပ္ပါယ် သတ်မှတ်မှု) - အပိုင်း ( ၄ )

အပိုင်း ( ၁ ) ၊
( ၂ ) နှင့် ( ၃) ကို အရင်ဖတ်ကြည့်စေချင်ပါသည်။

Content Models

တခါတလေမှာ Empty element တွေဟာ အရေးပါအရာရောက်ပေမယ့် များသောအားဖြင့် တန်ဖိုး (value) ရှိတဲ့ element တွေပဲများပါတယ်။ element တစ်ခုဟာ ရိုးစင်းတဲ့ content အမျိုးအစားတွေရှိတယ်။ number တို့  string တို့ လိုမျိုးပေါ့။ ဒါမှမဟုတ် စာတွေတခြား element တွေ ရှောထွေးနေတာမျိုးလည်း ဖြစ်တက်တယ်။

element တစ်ခုဟာ သူ့ အောက်မှာ အခြား element မရှိဘဲ တန်ဖိုး (value) ပဲရှိတယ်ဆိုရင် သူကို ရိုးရှင်းတဲ့ content (simple content) လို့ ခေါ်တယ်။တကယ်လို့  element တစ်ခုဟာ သူကိုယ်တိုင်က parent element ဖြစ်ပြီး သူ့ အောက်မှာ child element တွေရှိတယ်ဆိုရင် သူ့ ကို element content လို့ ခေါ်တယ်။ နောက်ဆုံး တစ်ခုအနေနဲ့  စာတွေရော ၊ child element တွေရော ရောထွေးပြီးရှိနေတယ်ဆိုရင် သူကို mixed content လို့ ခေါ်တယ်။ ဒါက ဘယ်အခြေအနေမှာ ဘယ်လို သုံးနှန်းတာလည်းဆိုတာကို ပြောတာပါ။

element တစ်ခုကို တည်ဆောက်တဲ့ အခါ အရိုးရှင်းဆုံးနည်းကတော့ built in data type (XML မှာ အလိုအ လျှောက်ပါပြီးသား data အမျိုးအစား) ကို သုံးတာဖြစ်ပါတယ်။အဲဒီထဲမှာ string, decimal, date, Boolean, နဲ့  time တို့ ပါဝင်ကြပါတယ်။ data အမျိုးအစားက လည်း built in၊ content ကလည်း ရိုးရှင်းတဲ့ ဒေတာ (simple data) ဆိုရင် stand alone element declaration ကို သုံးလို့ ရပါတယ်။ ဥပမာ -

<xs:element name="quantity" type="xs:interger"/>

ဒီ ကြေညာချက်လေးက <quantity> ဆိုတဲ့ element တစ်ခုကို အသုံးပြုနိုင်အောင်လုပ်ပေးပါလိမ်မယ်။ ဒေတာ အမျိုးအစားကတော့ interger ပေါ့။

<quantity>5</quantity>

ဒေတာအမျိုးအစာ decimal ၊ temperature element အတွက်ဆိုရင်

<xs:element name="temperature" type="xs:decimal"/>

XML ဖိုင်ထဲမှာတော့ ဒီလိုသုံးလို့ ရရောပေါ့။

<temperature>9.89</temperature>

ဒေတာအမျိုးအစာ date၊ holiday element အတွက်ဆိုရင်

<xs:element name="holiday" type="xs:date"/>

XML ဖိုင်ထဲမှာတော့ ဒီလိုသုံးလို့ ရရောပေါ့။

<holiday>2007-12-13</holiday>

date ဒေတာအမျိုးအစားက YYYY-MM-DD(နှစ်၊ လ၊ ရက်) ကို သတ်မှတ်ပေးပါတယ်။

ဒေတာအမျိုးအစာ boolean ၊ attendenct element အတွက်ဆိုရင်

<xs:element name="attendenct" type="xs:boolean"/>

XML ဖိုင်ထဲမှာတော့ ဒီလိုသုံးလို့ ရရောပေါ့။

<attendenct>true</attendenct>

ဒေတာအမျိုးအစာ string ၊ title element အတွက်ဆိုရင်

<xs:element name="title" type="xs:string"/>

XML ဖိုင်ထဲမှာတော့ ဒီလိုသုံးလို့ ရရောပေါ့။

<title>XML Schema Introduction</title>

အဲဒီလို ပေါ့။ ဟုတ်လား။
ပုံစံ ထုတ်ကြည့်ရင် ဒီလို ပြောလို့ ရမယ်။

<xs:element name="element" type="xs:data_type"/>

element တွေကို ဒီလို ကြေညာတာဟာ simple content (အထဲမှာ data ပဲပါပြီး ဘာမှမပါတာ) တွေအတွက်ဆို အလုပ်လုပ်ပါ တယ်။ ဒါပေမယ့် တကယ်လက်တွေ မှာတော့ အဲဒီလို့  string, date , decimal , boolean ဒေတာလေးတွေ ပဲ ပါတာ မဟုတ်ဗျ။ ပိုပြီးတော့ ရှုပ်ထွေးတယ်။ ဒါကြောင့် content model ဆိုပြီးဖြစ်လာရတယ်။ အောက်ကတော့ အဲဒီအကြောင်းပါပဲ။

<simpleType>

ဆက်ရန်။(နောက်နေ့ မှ ဒီပိုစ်မှာပဲ ဆက်ရေးပါမယ်)။

အာကေလာ(akela)
Dec 10, 2007 09:53 pm





Wednesday, December 5, 2007

temp Explaination




namespace testingWebLinks

{
class Program
{
static void Main(string[] args)
{
string line;

Dictionary<string,string> dictionaryOutLinks = new Dictionary<string,string>();
သူက page တစ်ခုစီမှာ out links ဘယ်နှခုရှိလည်း ကို သိမ်းမှာ။
Dictionary<string,string> dictionaryInLinks = new Dictionary<string,string>();
သူက page တစ်ခုစီမှာ in links ဘယ်နှခုရှိလည်း ကို သိမ်းမှာ။
Dictionary<string,string> dictionaryOutPages = new Dictionary<string,string>();
သူက page တစ်ခုစီမှာ ဘယ် out page တွေဆီိကို ထွက်သွားတာလည်းကို သိမ်းမှာ။
Dictionary<string,string> dictionaryInPages = new Dictionary<string,string>();
သူက page တစ်ခုစီမှာ ဘယ် in page တွေက ၀င်လာတာလည်းကို သိမ်းမှာ။

dictionaryInLinks.Clear();
dictionaryOutLinks.Clear();
dictionaryInPages.Clear();
dictionaryOutPages.Clear();
ဒါကတော့ စစချင်း clear လုပ်တာပါ။ အရေးမကြီးပါ။

// Read the file and display it line by line.
String visitedString = "Visited:";
သူက ငါတို့ ဖတ်မဲ့ link က visited link ဟုတ်လား မဟုတ်လားကို စစ်ဖို့ ။
String curVisitStr = String.Empty;
သူကတော့ လက်ရှိ visited link ကို သိမ်းထားဖို့  (program အရ လိုနေလို့ ပါ။လောဂျစ်အရ အရေးမကြီး)။

Int32 inCounter = 0; in links စုစု ပေါင်း
Int32 outCounter = 0; out link စုစုးပေါင်း
Boolean isInVisited = false; သူက မလို ပါဘူး။

System.IO.StreamReader file = new System.IO.StreamReader("C:\\Documents and Settings\\nhyan\\Desktop\\weblinks.txt");
ငါတို့ .. web log file ကို ဖတ်လိုက်တာ။
try
{
while ((line = file.ReadLine()) != null) တစ်ကြောင်းချင်းloop ပတ်တယ်။
{
if (line.StartsWith(visitedString))ဖတ်လိုက်တဲ့ link က visited နဲ့  စတာလားကို စစ်
{
if (outCounter != 0) ပထမဆုံး visited link လား နောက်မှ တွေ့ တဲ့ visited link လားစစ်
{
dictionaryOutLinks[curVisitStr.Trim()] = outCounter.ToString();
outCounter = 0; isInVisited = false;
}
dictionaryOutLinks.Add(line.Trim(), outCounter.ToString());
dictionaryOutPages.Add(line.Trim(), String.Empty);
ပထမဆုံး visited link ကို သိမ်းတယ်။သူရဲ့  counter က လောလောဆယ် 0 ပေါ့။
curVisitStr = line.Trim();
curVisitStr ထဲကို လက်ရှိ link ကို ထည့်တယ်။
isInVisited = true; ဒါကမလို
}
else ဖတ်လိုက်တဲ့ link က visited နဲ့  စတာမဟုတ်ဘူးဆိုရင်
{
if (isInVisited == true)ဒါလည်း မလို
{
if (!dictionaryInLinks.ContainsKey(line.Trim()))
In links dictionary ထည်းမှာ လက်ရှိ link ဟာ ရှိပီးလား ကို စစ်( မ၇ှိသေးဘူးဆိုရင်)
{
inCounter++; in coutner ကို ၁ တိုး
dictionaryInLinks.Add(line.Trim(), inCounter.ToString());
In links dictionary ကို လက်ရှိ Link က key၊ in counter က value အဖြစ် သိမ်း
outCounter++;
out counter ကိုလည်း ၁ တိုး.. ဒါက တစ်ကြောင်းဖတ်တိုင်း တိုးရမှာလေ ။ အခုက out link ကို ဖတ်နေတာ
dictionaryInPages.Add(line.Trim(), curVisitStr);
in page dictionary ကို လည်း လက်၇ှိဖတ်နေတဲ့ link ရယ်၊ အပေါ်က visited link ၇ယ်ကို key value အဖြစ်သိမ်း
}
else
In links dictionary ထည်းမှာ လက်ရှိ link ဟာ ရှိပီးလား ကို စစ်( ရှိတယ်ဆိုရင်) ရှိပီးသားကို update လုပ်ရမယ်လေ အသစ်ထည့်လို့ မရတော့ဘူး
{
String tempValue = String.Empty;
String tempString = String.Empty;

// in link dictionar ကို key လက်၇ှိ link ပေးပီ တော့ value ကို ထုတ်ယူ
dictionaryInLinks.TryGetValue(line.Trim(), out tempValue);
inCounter = Convert.ToInt32(tempValue);
inCounter++;
အဲဒီ value ကို ၁ တိုး
dictionaryInLinks[line.Trim()] = inCounter.ToString();
ပြန်ပီးတော့ ထည့်

//dictionaryInLinks.Remove(line);
//dictionaryInLinks.Add(line, inCounter);

//တဆက်တည်း in page ပါ update လုပ်သွား
dictionaryInPages.TryGetValue(line.Trim(), out tempValue);
လက်ရှိ link ကို key အဖြစ် ပေးပီးတော့ထုတ်ယူ
tempString = tempValue.Trim() + "::" + curVisitStr.Trim();
value ကို update လုပ်
dictionaryInPages[line.Trim()] = tempString;
ပြန်ထည့်

outCounter++;
ဒါကတော့ out counter ကို ၁ တိုးရမယ်လေ။
}
String tempOutValue = String.Empty;
dictionaryOutPages.TryGetValue(curVisitStr.Trim(), out tempOutValue);
tempOutValue = tempOutValue + "::" + line.Trim();
dictionaryInLinks[curVisitStr.Trim()] = tempOutValue;
}
}
}

ဒီအောက်ပိုင်းက.. dictionary ထည်းမှာ သိမ်းထားတာတွေကို txtဖိုင်မှာ ပြန်၇ိုက်ထုတ်တာ။
Int32 i = 0;
TextWriter twOutLink = new StreamWriter("C:\\Documents and Settings\\nhyan\\Desktop\\outLinks.txt");
foreach (KeyValuePair kvp in dictionaryOutLinks)
{
if (i == 0)
{
// write a line of text to the file
twOutLink.Write("OUT LINKS");
twOutLink.WriteLine("\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t PAGES");

i = 1;
}

twOutLink.WriteLine("{0} \t\t\t\t {1}",
kvp.Key, kvp.Value);
}
// close the stream
twOutLink.Close();

Int32 j = 0;

TextWriter twInLink = new StreamWriter("C:\\Documents and Settings\\nhyan\\Desktop\\inLinks.txt");
foreach (KeyValuePair kvp in dictionaryInLinks)
{
if (j == 0)
{
// write a line of text to the file
twInLink.Write("OUT LINKS");
twInLink.WriteLine("\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t PAGES");

j = 1;
}

twInLink.WriteLine("{0} \t\t\t\t {1}",
kvp.Key, kvp.Value);
}
// close the stream
twInLink.Close();
}
catch (KeyNotFoundException exp)
{
Console.Write(exp.ToString());
}

// Suspend the screen.
Console.ReadLine();
}
}
}

Tuesday, December 4, 2007

XML Schemas
(XML သဒ္ဒါ (၀ါ) XML အဓိပ္ပါယ် သတ်မှတ်မှု) - အပိုင်း ( 3 )

အပိုင်း ( ၁ ) နှင့် ( ၂ ) ကို အရင်ဖတ်ကြည့်စေချင်ပါသည်။

id
ဒီ id စွမ်းရည်ပြစကားလုံး (attribute) လေးက ကျွန်တော်တို့ ကို ဘာလုပ်ခွင့် ပြုလဲဆိုတော့၊ element တစ်ခုအတွက် ID (Identity) ကို ကြေညာခွင့်ပြုပါတယ်။ ဒီ id ရဲ့  တန်ဖိုး (value) ဟာ element ရဲ့  Unique Key (ထပ်တူမရှိသော တန်ဖိုး) အဖြစ် လုပ်ဆောင်ပေးပါတယ်။

maxOccurs
ဒီ maxOccurs က XML Document ထဲမှာ Element တစ်ခုဟာ ဘယ်နှစ်ကြိမ် ပါဝင်ခွင့် ရှိတယ်ဆိုတာကို သတ်မှတ်ပေးပါတယ်။ ဥမပါ schemas မှာ ဒီလို ကြေညာထားမယ်ဆိုပါစို့ -

<element name="part" maxOccurs="3"/>


ဒါဆို XML Document ထဲမှာ part element လေးဟာ အများဆုံး 3 ကြိမ် ပါလို့ ရပါတယ်။ (အောက်မှာကြည့်ပါ)။

<car>
<part>wheel</part>
<part>body</part>
<part>roof</part>
</car>


မရှိသုံးတန်ဖိုး(default value) အနေနဲ့  maxOccurs ရဲ့ တန်ဖိုးဟာ 1 ဖြစ်ပါတယ်။ အနှတ်ကိန်းမဟုတ်တဲ့ တန်ဖိုးများကို လက်ခံပါတယ်။ အဲလို ဂဏန်း (interger) တွေမဟုတ်ပဲ "unbounded" လို့  တန်ဖိုးသတ်မှတ်ခဲ့ ရင် element တစ်ခုဟာ ကြိုက်သလောက် ပါနိုင်တယ်လို့ အဓ္ဓိပါယ်ရှိပါတယ်။

minOccurs

သူကတော့ maxOccurs နဲ့ ပြောင်းပြန်ပါ။ XML Document ထဲမှာ element တစ်ခုဟာ အနည်းဆုံး ဘယ်နှယ် ကြိမ်ပါဝင်နိုင်လဲဆိုတာကို သတ်မှတ်ပေးပါလိမ့်မယ်။ မရှိသုံးတန်ဖိုး (default value ) က 1 ပါ။

တကယ်လို့  feature ဆိုတဲ့ element လေးကို ကြေညာချင်တယ်ဗျာ။ အ၀တ်အထည် အတွက်ပေါ့။ အဲဒီမှာ အနည်းဆုံးအနေနဲ့  feature ၂ ခု၊ အများဆုံးအနေနဲ့  feature ၆ ခုကို ပဲ ရှိစေချင်တယ်ဆိုပါစို့ ။ ဒါဆို-

<element name="feature" minOccurs="2" maxOccurs="6">


(ကျွန်တော်တို့  Database နဲ့ တွဲသုံးတဲ့ အခါ၊ Database မှာ attribute(colum) ရဲ့  value က allow null (တန်ဖိုး မထည့်လည်း ရတဲ့ column) ဆိုရင်၊ XML တွဲပြီးအလုပ်လုပ်တဲ့ အခါ၊ minOccurs ကို 0 တန်ဖိုး ပေးလိုက် ဒါဆို အဲဒီ element (tag) ကမပါလည်း ရသွားပြီး။ ဟုတ်။)

nillable
ဒီဟာလေးကတော့ boolean တန်ဖိုး ဖြစ်တဲ့ true နဲ့  false တစ်ခုခုကို လက်ခံပါတယ်။ သူက ဘာကိုပြောသလဲ ဆိုတော့ element တစ်ခုဟာ ဘာမှမပါတာ(nillable)ကို လက်ခံလားမခံလားဆိုတာကိုပဲ။ လက်ခံတယ် (true) ရင် element တစ်ခုဟာ EMPTY element ဖြစ်နိုင်ပါတယ်။

<part></part> (၀ါ) <part/> (empty element)


ref

သူကတော့ နည်းနည်း ရှုပ်သလို ရှိတယ်။

ref စွမ်းရည်ပြစကားလုံး (attribute) လေးဟာ global ကြေညာထားတဲ့ elemnt တစ်ခုကို ပြန်ပြီး တော့ သုံးချင်တဲ့ အခါမှာ အသုံးပြုပါတယ်။ ဥမပါ ကြည့်ရအောင် -

<xs:schema>
<xs:element name="full_name" type="xs:string"/>
<xs:element naem="supervisor">
<xs:complexType>
<xs:element ref="full_name"/>
</xs:complexType>
</xs:element>
<xs:element name="employee">
<xs:complexType>
<xs:element ref="full_name"/>
</xs:complexType>
</xs:element>
</xs:schema>


ဒီ ဥပမာလေးမှာ full_name element လေးတစ်ခုကိုကြေညာထားပါတယ်။ ပီးတော့ ref attribute ကို သုံးပြီး တော့ supervisor နဲ့  employee element တို့ မှာ ပြန်ညွန်းထားပါတယ်။ ဒီနေရာမှာဘာ ကအရေးကြီးလဲဆို full_name ကို global scope မှာ ကြေညာရတာပါပဲ။ ref ကို သုံးချင်ရင်၊ အသုံးခံရမယ့် element ဟာ global ဖြစ်စေ၊ သုံးမယ့် element နဲ့  level တစ်ခုတည်းမှာဖြစ်စေရှိရပါမယ်။ အပေါ်ဥပမာဆိုရင်၊ full_name elemnt ဟာ (အနီရောင်) ပြန်ပြီး reference လုပ်မဲ့ ဟာနှစ်ခု (အစိမ်းရောင်) တို့ ရဲ့  အပြင် global scope မှာရှိ နေတယ်။ ဟုတ်။ နောက်သတိပြုရမှာတစ်ချက်က ref ကို global ကြေညာမယ့် element မှာ မသုံးဘူးဆိုတာပါပဲ။ (အပေါ်ဥပမာဆိုရင်၊ full_name မှာ ref မသုံးထားပါ)

ဒါကြောင့် သဘေားတရားအရ အောက်ပါဥပမာမျိုး ကို လုပ်လို့ မရပါဘူး။

<xs:element>
<xs:element name="full_name" type="xs:string"/>
<xs:element ref="full_name" type="xs:string"/>
<xs:schema>


သဘောပေါက်တယ်ဟုတ် :D ။

လောလောဆယ်တော့... .
ဆက်ရန်။ (အားသေးဘူးဗျာ)။

အာကေလာ(akela)
Dec 04 , 2007 9:23 pm

Wednesday, November 28, 2007

XML Schemas
(XML သဒ္ဒါ (၀ါ) XML အဓိပ္ပါယ် သတ်မှတ်မှု) - အပိုင်း ( ၂ )

အပိုင်း ( ၁ ) ကို အရင်ဖတ်ကြည့်စေချင်ပါသည်။

Valid <element>  Attribute


XML Schema မှာ element တစ်ခုကိုကြေညာမယ်ဆိုရင် <element> ဆိုတဲ့ tag ကို အသုံးပြုရပါတယ်။ ဒီ တက်(ဂ်)လေးကဘယ် element ရဲ့  အစမှာဆိုပါပါတယ်။ ဒီ <element> tag လေးမှာ attribute လို့ ခေါ်တဲ့ ဒီတက်လေးဟာ နာမည်ဘယ်လိုခေါ်ကြောင်း၊ ဘာဒေတာအမျိုးအစားဖြစ်ကြောင်း၊ စသည်ဖြင့် ပြောပြ ပေးမယ့် စွမ်းရည်ပြစကားလုံး (attribute) လေးတွေရှိပါတယ်။ (အောက်မှာကြည့်ပါ)

    - default
- fixed
- id
- maxOccurs
- minOccurs
- name
- nillable
- ref
- substitutionGroup
- type


ဟုတ်ပီလား။ ကျွန်တော်တို့  တစ်ခုချင်းစီကို ကြည့်ကြရအောင်။ ဒါမှ element ကိုကြေညာတဲ့အခါ ဘယ်လိုတည်ဆောက်လို့  ရတယ်ဆိုတဲ့ structure ကို သိသွားမယ်။

name
ဒီ name ဆိုတဲ့ စွမ်းရည်ပြ စကားလုံး (attribute) လေးက XML document ဖိုင်တစ်ခုထဲ မှာရှိတဲ့ element တစ်ခုရဲ့  နာမည်ကို သတ်မှတ်ပေးပါတယ်။ ဥပမာ - XML Schema မှာ ဒီလို ရေးထားတယ်ဆိုပါဆို့ ။

<xs:element name="address"/>


ဒါဘာကိုပြောတာလည်းဆိုရင် ဒီ Schema ကို သုံးမယ့် XML document ထဲမှာသုံးနိုင်တဲ့ <address> ဆိုတဲ့ tag ကို ကြေညာလိုက်တာပါပဲ။ ဒီလို name ကိုတန်ဖိုး သတ်မှတ်ပေးတဲ့ အခါ (ဒီနေရာမှာ address ပေါ့) letter နဲ့ စရပါမယ်။ XML ဆိုတဲ့ စလုံးနဲ့  ဒါမှမဟုတ် သူနဲ့ ပေါင်းစပ်ထားတဲ့ စာလုံးနဲ့  စလို့ မရပါဘူး။ ":" ကို namespace အတွက် အသုံးပြုပီး၊ "_" ကို တော့ သုံးနိုင်ပါတယ်။
ို
defualt
ဒါလေးက string အမျိုးအစား တန်ဖိုးတစ်ခုကို ကျွန်တော်တို့element ရဲ့  မရှိသုံးတန်ဖိုး (default value) အဖြစ်ထည့်ပေးပါတယ်။ ဒါကြောင့် တကယ်လို့  copyright element တစ်ခုကို ဒီလိုရေးခဲ့မယ်ဆိုရင် -

<element name="copyright" default="Copyright 2008"/>


ဒါဆိုရင် <copyright> လို့ ခေါ်တဲ့ element တစ်ခုကို ဖန်တီးပီးတော့ အဲဒီ element မှာဘာတန်ဖိုး (value) မှ မထည့်ခဲ့ရင် မရှိသုံးတန်ဖိုး (default value) အနေနဲ့  Copyright 2008 ကိုယူသွားမှာဖြစ်ပါတယ်။ ဥပမာ -

<copyright></copyright>  


ဒီလိုဖြစ်နေခဲ့ရင် တန်းဖိုးမရှိတော့
Copyright 2008 သူရဲ့ တန်ဖိုး(value) အနေနဲ့ ယူသွားမှာဖြစ်တယ်။ဒါနဲ့  အတူတူပါပဲ။


<copyright>Copyright 2008</copyright> 


တကယ်လို့  တန်းဖိုးရှိခဲ့တယ်ဆိုရင်တော့ အဲဒီတန်ဖိုးကိုပဲယူပါတယ်။ မရှိသုံးတန်ဖိုး (default value) ကို မသုံးပါဘူး။

XML document file ကို ရေးတဲ့ သူက အဲဒီ element ကို တန်ဖိုး ထည့်ပေးပေးမပေးပေး မစဉ်းစားဘူး။ element တစ်ခုက တန်ဖိုး(value) တစ်ခုရှိကိုရှိရမယ်။ အဲဒီလို အချိန်မျိုးမှာ ဒီ default လေးဟာ အလွန်အသုံးကျပါတယ်။

fixed
ဒီဟာကတော့ string အမျိုးအစား တန်ဖိုးတစ်ခုကို element ရဲ့  တန်ဖိုးအဖြစ်သတ်မှတ်ပေးလိုက်ပါတယ်။ သဘောက XML Schema ဖိုင်မှာ ဒီလို ကြေညာခဲ့မယ်ဆိုရင် -

<xs:element name="info" fixed="For Information No 001"/>


ဟုတ်ပီ။ ဒါဆိုရင် XML Document ဖိုင်ထဲမှာ <info> ဆိုတဲ့ tag ရှိမယ်ပေါ့။ အဲဒီ tag လေးဟာ
For Information No 001 ဆိုတဲ့ တန်ဖိုး(value) ပါကိုပါရမယ်။

<info>For Information No 001</info>


XML Document ဖိုင်ကို ရေးတဲ့ သူကို တန်ဖိုး(value) မပြောင်း စေချင်ဘူးဆိုရင်
ဒီ fixed စွမ်းရည်ပြစကားလုံး (attribute) ကို သုံးပါတယ်။ Schema မှာ ကြေညာထားတဲ့ တန်ဖိုး (ဒီနေရာမှာ Information No 001) ကို သုံးကိုသုံးရပါတယ်။ XML Document ဖိုင်ကနေ ပြောင်းလို့ မရပါဘူး။

ဆက်ရန်။

အာကေလာ(akela)
Nov 28 , 2007 1:00 am

Tuesday, October 23, 2007

XML Schemas
(XML သဒ္ဒါ (၀ါ) XML အဓိပ္ပါယ် သတ်မှတ်မှု) - အပိုင်း ( ၁ )

Document Type Definition (DTD) ဟာ တချို့  စွမ်းဆောင်ချက်တွေကို ရယူပေးဖို့ အတွက် အကန့် အသက်ရှိပေမယ့် XML ရဲ့ သဒ္ဒါ (Schema) ကို ဖော်ပြဖို့  အတွက် တကယ်ကို ကောင်မွန်တဲ့ နည်းလမ်းတစ်ခုပါပဲ။ DTD ဟာ အမွေဆက်ခံခြင်း (inheritance)၊ နယ်နိမိတ်သတ်မှတ်ခြင်း (scoping) တို့ ကို ခွင့်မပြုပါ ဘူး။ ဒါအပြင် ဒေတာ အမျိုးအစားသတ်မှတ်ခြင်း (datatyping) ကိုလည်း DTD နဲ့ လုပ်လို့ မရပါ။ DTD က ခွင့်မပြုပေမယ့် ဒီ ကိစ္စတွေဟာ XML ဒီဇိုင်းအတွက် အသုံးဝင်တဲ့ အရာတွေပါ။ ဒါကြောင်း XML Schema မှာတော့ ဒါတွေကို လုပ်ဆောင်နိုင်အောင် ထည့်သွင်း တည်ဆောက်ခဲ့ပါတယ်။

XML Schemas ဆိုတာ သူတို့ ကိုယ်နှိက်က well-formed XML တွေပါပဲ။ ဒါဟာ XML Schemas ရဲ့  အတော်ကို ကြီးမားတဲ့ အားသာချက်တစ်ခုပါပဲ။
ရိုးရှင်းတဲ့ XML Schema တစ်ခုကို ကြည့်ရအောင်။

<?xml version=”1.0” encoding=”utf-8” ?>
<xs:schema xmlns:xs = “http://www.w3.org/201/XMLSchema”>
<xs:element name=”Occupation” type=”xs:string”/>
</xs:schema>


ဒါဟာ အလွန်ရိုးရှင်းတဲ့ schema တစ်ခုပါပဲ။ ဒီ schema က Occupation ဆိုတဲ့ element တစ်ခုကို သတ်မှတ်ပေးပါတယ်။ အဲဒီ element ရဲ့  ဒေတာ အမျိုးအစားက string ပါ။


<?xml version=”1.0” encoding=”utf-8” ?>


ပိုပြီး အသေးစိတ်ကြည့်ရအောင်။ ဒါက XML ကြေညာတာပါပဲ။ ဒီဟာလေးဟာ ဘယ် XML ဖိုင် တိုင်းရဲ့  အစမှာမဆို ပါလေ့ရှိပါတယ်။ သူက အသုံးပြုမယ့် application ကို XML ဖိုင်ဖြစ်ကြောင်း 1.0 XML Recommendation ပေါ်မှာ အခြေပြုထားကြောင်း၊ UTF-8 character encoding ကို သုံးထားကြောင်း စသည်တိုကို သိစေပါတယ်။ (XML schema ဟာ XML ပဲဆိုတာကို မမေ့ပါနဲ့ ဦး။) ဒီလို တူတဲ့ အတွက် parser တစ်ခုတည်းကို XML document ကိုရော schema အတွက်ကိုရော အသုံးပြုနိုင်ပါတယ်။

ထပ်ကြည့်မယ်ဆိုရင် ဒီလို တွေ့ ပါလိမ့်မယ်။

<xs:schema xmlns:xs="http://www.w3.org/2001/XMLSchema">


ဒီအကြောင်းလေးက xs (အနီရောင်နှင့်ပြထားသည်။) ဆိုတဲ့ Namespace ကို သတ်မှတ်ပေးပါတယ်။ ဒီမှာသုံးထားတဲ့ xs ဆိုတာ http://www.w3.org/2001/XMLSchema ရဲ့  xs ပါတဲ့ ။

ဒါကလဲ အရေးကြီးပါတယ်။ သူက နောက်ပိုင်းကျွန်တော်တို ပြောဆိုဆွေးရမယ့် နယ်နိမိတ်သတ်မှတ်ခြင်း (scoping) နဲ့  ဗားရှင်းသတ်မှတ်ခြင်း (versioning) တိုကို ဖြစ်စေပါတယ်။

<xs:element name="programmer" type="xs:string"/>


ဒါကတော့ ကျွန်တော်တို့ ရဲ့  Schema ကိုသုံးပြီး element တစ်ခုကို ကြေညာလိုက်တာပါပဲ။
ဒီနေရာက xs:element ဆိုတာမှာ xs က အပေါ်က ကျွန်တော်တို့ ကြေညာခဲ့တဲ Namespace ကိုယူသုံးလိုက်တာပါ။ သူက programmer ဆိုတဲ့ element တစ်ခုကို ကြေညာကြောင်း၊ အဲဒီ element ရဲ့  ဒေတာအမျိုးအစား က string ဖြစ်ကြောင်းတို့ ကို ပြောပြပါတယ်။ ဒီနေရာမှာ type ကလေးက XML Schema မှာ အရေးကြီးတဲ့ attribute လေးပါပဲ။ သူက ဒေတာအမျိုးအစားသတ်မှတ်ခြင်း (datatyping) ကို လုပ်ပေးတယ်လေ။

ဆက်ရန်။

ရည်ညွန်း။ ။ Using XML by David Gulbransen, et al.

အာကေလာ(akela)
Oct 23 , 2007 7:51 pm


Tuesday, August 21, 2007

Scope in JavaScript (part 4)
(JavaScript ????????? ????????? ????????) - ??????? ?

(??????? ? ? ? ????? ? ??? ????????????????????????)


.bind() ???????? ? ???


????????????? apply() ? call() ??? ? ?? ? ???????????????????????????? ?????????? .bind() ?????????? ????????? ????? ?????????? function ?? ? ??????(reference) ???? ???? (return) ????????????????????????????? ?????????????? ???????????? ??? ???????????????? ??????? ????????????? ?????????????????


<script type="text/javascript">
var _president = {
_answer: "I am the president"
};
var _secaretary = {
_answer: "I am the secaretary of president"
};

function aboutMe(greetingWord) {
return greetingWord + " " +this._answer;
}

Function.prototype.bind = function(obj) {
var method = this,
temp = function() {
return method.apply(obj, arguments);
};

return temp;
}
var whatTheysays;

whatTheysays = aboutMe.bind (_president, ["Hello My Country,"]); // "Hello My Country, I am the president"
alert(whatTheysays);

whatTheysays = aboutMe.bind (_secretary, ["Hello My Officer,"]); // "Hello My Officer, I am the secretary of president"
alert(whatTheysays);
</script>


???????????? ? bind() ??? Function object ?? ? prototype propety ??? ???????? ?????????????? ???? ???????????? ? ?????????? ? ?????? (method) ??????? ??? ?????????????????????? aboutMe.bind(_president) ????????? ?????? Javascript ? bind() ??????????? execution context ???????? ???????????? ???????? this ??? ???? aboutMe ??? ??????????????? ????? ??? prarmeter ??????? obj ??? _president ?????????????????? ??????????????? :D?

???? ????? ? ???????? method ??? ?????? ??????????? method ????? this ??? ???????? ???????? ???? this ? aboutMe() ??? ????? ???????? ?????????? function ??? ?????????????????? ???????????????????? method ??? scope chain ??????? ???? ???????????? ????????? this ??? ??????? ? ???????? ??????? function ???? ??? ????????? ????????? this ? ???? ????? ???????? (local context) ?????????????? aboutMe() ??????????????? ??????? function ?? ????????? ???????? ??????????????

??????????????????? ?? ????????? temp ? closure (????????????????????? ????????????????) ????? bind() ??? ??????? ? ???? (return ) ?????????? aboutMe ??? _president object ???????? ?????????????????? ?????? ????????? ????? execution context ??? ??????????? ? ??????? ???????????? ???????????????????

??? ???????????? ? event handler ????? ????????????? ??????????????????? :D ? ????? ???????? ????? event handler ??? ????? ????????????????


<script type="text/javascript">

var the_button;
function aboutMe(answer)
{
this._answer = answer;
this.tell = function() {
alert(this._answer);
}
}
Function.prototype.bind = function(obj) {
//alert(this + 'this in bind');
//alert(arguments[0].the_answer);
var method = this,
temp = function() {
return method.apply(obj, arguments);
};

return temp;
}

function addhandler()
{
var _president = new aboutMe(“I am the president.”),
var the_button = document.getElementById('thebutton');
the_button.onclick = _ president.tell();
//alert(this + ' this in addhandler');
the_button.onclick = _president.tell.bind(_president);
}
</script>

……
……

<BODY onload="javascript:addhandler();" BGCOLOR="#FFFFFF" TEXT="#000000" LINK="#FF0000" VLINK="#800000" ALINK="#FF00FF" BACKGROUND="?">
<button ID="theButton">Click Me</button>
</BODY>
</HTML>


??? html ??? body ?? ? onload ??? addhandler() ??? ???? ?????????????????????????

????? ?????????????????????????.?

?????????????????? ????????


??????(akela)
Augest21, 2007 12:11 pm

Saturday, August 18, 2007

Scope in JavaScript (part 3)
(JavaScript မှာရှိသော နယ်နိမိတ် သဘောတရား) - အပိုင်း ၃

(အပိုင်း ၁ နဲ့  ၂ ကို အရင်ဖတ်ကြည့်စေချင်ပါသည်။)

Context များကို .apply() နဲ့  .call() မတ်သတ်(method) များသုံးပြီး ကိုင်တွယ်ခြင်း

တကယ်တော့ ကျွန်တော်တို့ လို ချင်ခဲ့တာဟာ object ရဲ့  မတ်သတ်(method) ကို events(အဗင့်) လိုမျိုး၊ setTimeout() လို မျိုး ကိုကိုင်တွယ်ဖို့  သုံးတဲ့အခါကျရင် အဲဒီ method(မတ်သတ်)ကို သူရဲ့  native context(မူလ ကွန်းတက်) ထဲမှာပဲ အလုပ်လုပ်(run) စေချင်တာပါ။ လူသိနည်းတယ်လို့  ဆိုနိုင်တဲ့ မတ်သတ် ၂ ခုရှိပါတယ်။ apply() နဲ့  call() ပါ။ ဒီ မတ်သတ်နှစ်ခုကို သုံးခြင်းအားဖြင့် ကျွန်တော် တို့  ဟာ this ရဲ့  default value အပေါ်ကို လွှမ်းပြီး(override) ရေးနိုင်ပါတယ်။

<script type="text/javascript">
var _president = {
_answer: "I am the president"
};
var _secretary = {
_answer: "I am the secretary of president"
};
function aboutMe(greetingWord)
{

return greetingWord + " " +this._answer;
}
var whatTheysays;
whatTheysays = aboutMe.call(_president, "Hello My Country,");
alert(whatTheysays);
whatTheysays = aboutMe.call(_secretary, "Hello My Officer,");
alert(whatTheysays);
</script>


ဘယ်လိုလဲ :D ။ အလုပ်လုပ်တယ်ဟုတ်။ :P။

ဒီဥပမာလေးမှာဆိုရင် ကျွန်တော်တို့  president object ရယ် secretary object ရယ်ဆိုပြီး object နှစ်ခု ဖန်တီးလိုက်ပါတယ်။ သူတို တစ်ခုစီမှာ _answer ဆိုတဲ့ property ကို နာမည် (name) အတူတူပေးလိုက်ပါတယ်။ ပြီးတော့ aboutMe() ဆိုတဲ့ function တစ်ခုကိုဖန်တီး လိုက်ပါတယ်။အဲဒီ function က parameter တစ်ခုကိုလက်ခံပါတယ်။ greetingWord ပါ။ အဲဒီ function ထဲမှာ greetingWord ရယ်၊ သူဘယ်သူလဲဆိုတာကိုပြောတဲ့ စာအစဉ်အတန်း(string) (this._answre) ရယ်ကိုပေါင်းပြီးပြပါတယ်။ သတိထားမိလား.. this က call() ကပိုလိုက်တဲ့ object ပေါ်မူတည်ပြီးပြောင်းလဲသွားပါတယ်။ president ဆိုရင် this.answer ဟာ _president ရဲ့  _answer ဖြစ်သွားပြီး၊ _secretary ဆိုရင် _secretary ရဲ့  _answer ဖြစ်သွားပါတယ်။ ဟုတ်။ ဒါဘာကြောင့်လဲ ဆိုတော့ call() မတ်သတ်(method) ကြောင့်ဖြစ်ပါတယ်။ ပုံမှန်သာ aboutMe() ကို ခေါ်တယ်ဆိုရင် အားလုံးဟာ undified ပါပဲ။ ဘာလို့  ဆိုတော့ global object ဖြစ်တဲ့ window မှာ _answer ဆိုတဲ့ property မရှိပါဘူး။ ( ကျွန်တော်တို့  က window object မှာ ကိုယ်ဖသာ ဒီ _answer ကို မဖန်တီးထားဘူးခဲ့ရင် မရှိဘူးလို့  ပြောတာပါ။) ဒီ call() မတ်သတ်လေးက ကျွန်တော်တို့ လိုချင်နေတာနဲ့  အားလုံးကွက်တိပဲမဟုတ်လား။ :D ။

apply() က call() နဲ့ တူတူပါပဲ။ အားလုံး တပုံစံပဲ အလုပ်လုပ်ပါတယ်။ တစ်ခုပဲကွဲတယ်။ဘာလဲဆိုတော့ apply() က arguments (parameters) တွေကို array အနေနဲ့ လက်ခံပါတယ်။ ဒီ apply() မတ်သတ်က function တစ်ခုဟာ parameters တွေကို ဘယ်နှစ်ခုလက် ခံမယ်ဆိုတာကို သေချာမသိတဲ့ အခါမျိုးမှာ အလွန်အသုံးဝင်ပါတယ်။

<script type="text/javascript">
.........
.........
whatTheysays = aboutMe.apply (_president, ["Hello My Country,"]);
alert(whatTheysays);

whatTheysays = aboutMe.apply (_secretary, ["Hello My Officer,"]);
alert(whatTheysays);
</script>


apply() နဲ့  call() တိုဟာ သူဟာနဲ့ သူ အလွန် အသုံးဝင်ပါတယ်။ ဒါပေမယ် ဒီ နှစ်ခုဟာ တကယ်တော့ ကျွန်တော်တို့ လိုချင်တာရဲ့  လမ်းတ ၀တ်မှာပဲရှိနေပါသေးတယ်။ event handler အနေနဲ့ သုံးမယ်ဆိုရင်လေ။ ဒီကုဒ်လေးတွေကို ကြည့်လိုက်ပါဦး။

function addhandler() 
{
var _president = new aboutMe(“I am the president.”),
var the_button = document.getElementById('thebutton');
the_button.onclick = _ president.tell.call(_president);
}


စမ်းကြည့်ပြီးပြီ ဟုတ်။ ပြသာနာက call() ရော apply() က ချက်ခြင်း အလုပ်လုပ်(execute) လုပ်တာပါပဲ။ event handler အနေလုပ်တဲ့ အခါ event ကို ရိုတ်ထုတ် (fire) လိုက်တဲ့ အချိန်မှ မတ်သတ်(method) ကို အလုပ်လုပ်(Run) တာမဟုတ်ပဲ ချက်ခြင်းအလုပ်လုပ် တာက ပြသာနာပါ။ ဒီအတွက် နောက်ထပ်လူ သိနည်းတဲ့ function တစ်ခုရှိနေပါတယ်။ အလွန်အသုံးဝင်တဲ့ function ပါ။

ဆက်ရန်။

အာကေလာ(akela)
Augest 18, 2007 11:21 pm
Scope in JavaScript (part 2)
(JavaScript မှာရှိသော နယ်နိမိတ် သဘောတရား) - အပိုင်း ၂


(အပိုင်း ၁ ကို အရင်ဖတ်ကြည့်စေချင်ပါသည်။)

တကယ်လို့  event handler က Inline ဖန်တီးထားတယ်ဆိုရင်၊ this က အားလုံးနဲ့ ဆိုင်တဲ့  window object ကို ညွန်းပါတယ်။

<script type="text/javascript">
function click_handler()
{
alert(this); // alerts the window object
}
</script>
…..
<button id='thebutton' onclick='click_handler()'>Click me!</button>


တကယ်လို့  များ event handler ကို javaScript ကနေတဆင့် ဖန်တီးထားတယ်ဆိုရင်၊ this က event ကို ရိုက်ထုတ်လိုက်တဲ့  DOM (Document Object Model) ကို ညွန်းပါလိမ့်မယ်။


<script type="text/javascript">
function click_handler()
{
alert(this); // alerts the button DOM node
}
function addhandler() {
document.getElementById('thebutton').onclick = click_handler;
}
window.onload = addhandler;
</script>
...
<button id='thebutton'>Click me!</button>


scope က ဘယ်လို့  ရှုပ်ထွေးတာလဲ..

ကဲ၊ ကျွန်တော်တို့  နောက်ဆုံး ဥပမာလေးကို ပဲ ထပ်ပြီးပြင်ကြမယ်။ button ကို နှိပ်လိုက်တဲ့အခါတိုင်း click_handler ကို အလုပ်လုပ်ခိုင်း မဲ့ အစား aboutMe ဆိုတဲ့ method ကို မေးခွန်းမေးပါမယ်။ ကုဒ်တွေက ရိုးရှင်းပါတယ်။ အောက်မှာကြည့်ပါ။



<script type = “text/javascript”>
function aboutMe(answer)
{
this._answer = answer;
this.tell = function() {
alert(this._answer);
}
}
function addhandler()
{
var _president = new aboutMe(“I am the president.”),
var the_button = document.getElementById('thebutton');
the_button.onclick = _ president.tell();
}
window.onload = addhandler;
</script>


ဟုတ်တယ်ဟုတ် :D။ ရှင်းရှင်းလေးပဲမလား။ ဘာများရှုပ်လို့ လဲဗျာ။ button ကို နှိပ်လိုက်တဲ့အခါ _president.tell() ကို အလုပ်လုပ်စေပါတယ်။ ဒီတော့ I am the president ဆိုတဲ့ စာအစဉ်အတန်း(string) ကို ရိုက်ထုတ်ပြမယ်လေ။ ဟုတ်.. ဘာမှမရှုပ်ဘူး။ ဒါပေမယ့် web browser က တကယ်တမ်းဘာရိုက်ထုတ်ပြလဲ။ စမ်းကြည့်စေချင်ပါသည်။

စမ်းပြီးပြီ..ဟုတ်။ :) ကြည့်... ဘာများအမှားလုပ်ခဲ့ပါလိမ့်။ :|

ပြသာနာကတော့..။ ကျွန်တော်တို့  tell() ကို button ရဲ့  onclick event ကို ကိုင်တွယ်ဖို့  reference အဖြစ်ပို့  ပေးခဲ့  ပါတယ်။ (the_button.onclick = _president.tell();)။ အဲဒီအခါ tell() ဟာ ( event handler အဖြစ် အလုပ်လုပ်နေတဲ့ အတွက်) မတူကွဲပြားတဲ့ execution context တစ်ခုထဲမှာ အလုပ်လုပ်(Run) ပါတယ်။ လွယ်လွယ် ပြောရရင်တော့ tell() ထဲမှာရှိတဲ့ this keyword က event ကို ရိုက်ထုတ်လိုက်တဲ့ DOM (Document Object Model) (ဒီနေရာမှာတော့ button ပေါ့) ကို ညွန်းပါတယ်။ သူဟာ aboutMe ရဲ့  object မဟုတ်တော့ပါဘူး။ DOM Element ဖြစ်တဲ့ button မှာ _answer ဆိုတဲ့ property မရှိပါဘူး။ ဒါကြောင့် browser က “I am the president” အစား underfined ကို ရိုတ်ထုတ်ပြပါတယ်။

ဒီလို ဖြစ်ရပ်မျိုးက ကျွန်တော်တို့  program တွေမှာ မမျော်လင့် ပဲဖြစ်တက်ပါတယ်။ နောက်ပြီး အမှားကို ရှာဖို့  တခါတလေ မှာ အတော်ခက်ခဲ ပါတယ်။ ဥပမာ - ကျွန်တော်တို ဖန်တီးထားတဲ့ object (ဒီနေရာမှာ aboutMe ပေါ့) ရဲ့  property နာမည် (name) က event ကို ရိုတ်ထုတ်လိုက်တဲ့ DOM ရဲ့  property နာမည် (name) နဲ့  သွားတူနေခဲ့မယ်ဆိုရင် လွယ်လွယ် အဖြေရှာဖို့  မဖြစ်နိုင်တော့ပါဘူး။

ဆက်ရန်။

အာကေလာ(akela)
August 17,2007 3:40 pm

မှတ်ချက်။ ။ပိုစ်တစ်ခုနဲ့ တစ်ခုကြား အချိန်ကွာဟလွန်းနေပါတယ်။ နောက်ဆို မကွာအောင်ရေးသွားပါမယ်။

Saturday, August 4, 2007

Scope in JavaScript (part 1)
(JavaScript မှာရှိသော နယ်နိမိတ် သဘောတရား) - အပိုင်း ၁

Scope ဆိုတာ JavaScript programming ဘာသာရပ်မှာမှာ အခြေခံကျတဲ့ အမြင် (aspects) တစ်ခုပဲဖြစ်ပါတယ်။ တစ်ခါတလေ ရှုပ်ထွေးတဲ့ ပရိုဂရမ်တွေကို ရေးတဲ့အခါ ဒုက္ခအရောက်ဆုံး အရာလည်းဖြစ်နိုင်ပါတယ်။

JavaScript ပရိုဂရမ်တစ်ပုဒ်ရဲ့ ဘယ်အစိတ်အပိုင်းမဆိုဟာ Execution Context တစ်ခု ဒါမှမဟုတ် အခြား Execution Context တစ်ခုထဲ မှာ လုပ်ကိုင်ရပါတယ်။ Execution Context တွေကို ကျွန်တော်တို့  ကုဒ်တွေပါဝင်တဲ့ အိမ်နီးနားချင်းတွေလို့  ယူဆနိုင်ပါတယ်။ ကုဒ်တစ်ကြောင်း တိုင်းဟာ သူဘယ်ကနေလာတယ်။ သူ့ ရဲ့ အိမ်နီးနားချင်းတွေက ဘယ်သူတွေပါ။ဒါတွေကို ပြောပြပါလိမ့်မယ်။ ဒီ Execution Context တွေဟာ အရေးကြီးပါတယ်။သူတို့ ကို ပွင်နေ့ တဲ့ ၊ ဖွင့် ထားတဲ့ အပိုင်း အခွဲငယ်လေးတွေလို့ ယူဆတာထက်၊ အစည်းအတား ရှိတဲ့ ဆက် သွယ်မှု့ နယ်ပယ်လေးတွေ (gated communities) လို့ ယူဆရင်ပိုကောင်းမယ်လို့  ထင်ပါတယ်။

ဒီအစည်းအတား နယ်ပယ်တွေကို ကျွန်တော်တို့ က scope လို့  ပြောဆိုကြတယ်။ သူတို့ ဟာ ဒီ Execution Context တစ်ခုစီရဲ့  ဥပဒေသ သဘောသဘာဝ (Ruls and Laws) တွေ ရဲ့ သက်ရောက်မှု့ ကို သတ်မှတ်ပေးမှာဖြစ်လို့  အရေးကြီပါတယ်။ ဒါကို Execution Context ရဲ့  Scope Change လို့ ခေါ် ပါတယ်။ Execution Context တစ်ခုထဲမှာ ရှိတဲ့ ကုဒ်တွေဟာ အဲဒီ Execution Context ရဲ့  Scope Change မှာ ပါဝင်တဲ့ စာရင်း (list) အတိုင်းပဲ Variable တွေကို အသုံးပြုလို့ ရပါတယ်။

method တစ်ခု ကို အလုပ်လုပ်ခိုင်း(Evaluate) ပြီဆိုရင် Execution context အသစ်တစ်ခုကို ဖန်တီးတည်ဆောက်ပါတယ်။ ပြီးတော့ သူရဲ့  scope ကို အဲဒီ method ကိုကျေညာထားတဲ့ နေရာမှာရှိတဲ့ scope chain ထဲမှာ သွားပြီးပေါင်းပါတယ်။ Execution Context တစ်ခုရဲ့ scope ကိုကြည့်တဲ့အခါ အတွင်းမှ အပြင်ကို (locally then globally)တဆင့်ခြင်းတက်ပြီးကြည့်ပါတယ်။ ဒါကဘာကိုပြောတာလဲဆိုတော့ အတွင်း (local) က အပြင်(global ) ထက်ပိုပြီးဦးစားပေးခံရပါတယ်။ ဥပမာ - နာမည်တူနေတဲ့ variable နှစ်ခု၊ တစ်ခု က အတွင်း (local) ၊ အခြားတစ် ခုကအပြင် (Global) ဆိုဖြစ်ခဲ့တယ်ဆိုပါတော့။ ဘယ် variable ကို ယူမလဲဆိုရင် local variable ကို ပဲ ယူပါတယ်။

this? ဘာလဲ this ဆိုတာ။

Execution context တိုင်းက scope chain ကို ဖန်တီးတည်ဆောက်ရုံမက this ဆိုတဲ့ keyword လေးတစ်ခုလည်းရှိပါသေးတယ်။ ပုံမှန်အား ဖြင့်ဆိုရင်တော့၊ ဒီ this လေးက identity function လေးပါ။ အိမ်နီးချင်း context တွေကို သူ တို့ ကိုသူတို့ ဘယ်လို ပြန်ပြီး ညွန်လို့ ရနိုင်မလဲ ဆိုတာ ကိုလည်း ပြောပြပါတယ်။ ဒါပေမယ့်. ကျွန်တော်တို့ ဟာ ဒီအချက်ပေါ်မှာ အမြဲတမ်း မှီတည် နေလို့  မရပါ ဘူး။ အခြားအိမ်နီးချင်း context တွေထဲကို ဘယ်လို ရောက်သွားတာလဲအပေါ်မူတည်ပြီး this ရဲ့ အဓိပါယ်က လုံးဝကွဲပြားသွားပါတယ်။ အခြားအိမ်နီးချင်း context တွေထဲ ဘယ်လို ရောက်သလဲဆိုတာဟာ this လေးက လက်ရှိ ဘာကို ညွန်းနေလဲလို့ ဆိုလိုတာပါ။

Object-oriented programming မှာ လက်ရှိ ရှိနေတဲ့ လုပ်ကိုင်နေတဲ့ object ကို ပြန်လည်ညွန်းပြီးသုံး နိုင်ဖို့ အတွက် နည်းလမ်းလို ပါတယ်။ this က ဒီလို အပ်ချက်ကို ဖြည့်စည်းပေးပါတယ်။ object တွေကို သူတို့ ကို သူတို့ ပြန်ညွန်းဖို့ နဲ့ ၊ သူတို ပိုင်ဆိုင်တဲ့ properties တွေ၊ methods တွေကို ပြန်သုံးဖို့  this က လုပ်ပေးပါတယ်။ အောက်ပါ အချက် ၄ ချက်က စဉ်းစားဖိုကောင်းပါတယ်။

၁။ Calling an Object’s Method (Object တစ်ခုရဲ့  method ကို ခေါ်ခြင်း)

<script type = “ text/javascript”>
var _phoLay = {
_answer: “I’m Pho
Tay.”,
tell:function() {
return this._answer;
}
};
var _whoAmI = _phoLay.tell ();
</script>


ဒီကုဒ်လေးတွေဟာ _whoAmI ဆိုတဲ့ object တစ်ခုကို ဖန်တီးပါတယ်။ ပြီးတော့ သူရဲ့  property ဖြစ်တဲ့ _answer ဆိုတဲ့ variable ထဲကို “I’m Pho Tay.” ဆိုတဲ့ စာအစဉ်အတန်း (String) တစ်ခု ထည်ပါတယ်။နောက် tell ဆိုတဲ့ method တစ်ခုကိုကြေညာပါတယ်။ ဒီ method ကို အလုပ်လုပ်ခိုင်းတဲအခါ JavaScript က execution context တစ်ခု တည်ဆောက်ပါတယ်။ this ကိုတော့ နောက်ဆုံးး “.” (dot) ရဲ့  ရှေမှာ ရှိတဲ့ ဘယ် object ကိုမဆို ညွန်းခိုင်းပါတယ်။ ဒီမှာ တော့ _whoAmI ပေါ့။ (_whoAmI.tell() လေ။) tell() ဆိုတဲ့ method လေးထဲ မှာတော့ this က နေတဆင့် သူပိုင်တဲ့ property ကိုကြည်ပါတယ်။ ပြီးတော့ အဲဒီ property ၊ this._answer ထဲက တန်ဖိုးကို return ပြန်ပါတယ်။ (I’m Pho Tay.)။

၂။ Constructor (Constructor ကို ခေါ်ခြင်း)


အပေါ်ကလို ပါပဲ။ new ဆိုတဲ့ keyword ကို သုံးပြီး function တစ်ခုကို constructor အဖြစ်သုံးတဲ့ အခါ၊ this ကို ဖန်တီးခံရတဲ့ object ကို ညွန်းတဲ့ အရာအနေနဲ့  သုံးနိုင်ပါတယ်။


<script type = “text/javascript”>
function aboutMe(answer) {
this._answer = answer;
this.tell = function() {
return this._answer;
}
}
var _phoLay = new aboutMe(“I’m pho lay.”);
var _whoAmI = _phoLay.tell();
</script>


ဒီကုဒ်မှာ တော့ phoLay object ကို ကိုယ်တိုင်တိုက်ရိုကိ explicitly ဖန်တီးမယ့်အစား ၊ aboutMe ဆိုတဲ့ function တစ်ခုကို ရေးလိုက်ပါတယ်။ ပြီးမှ phoLay ကို aboutMe ရဲ့  instance အဖြစ် new keyword ကနေတဆင့် ရယူပါတယ်။ new aboutMe() ဆိုတဲ့ method လေးကို အလုပ်လုပ်(execute)လုပ်ခိုင်းတဲ့အခါ ၊ နောက်ကွယ်မှာ လုံးဝကွဲပြာခြားနားတဲ့ object တစ်ခုကို ဖန်တီးတည်ဆောက်ပါ တယ်။ aboutMe() ကိုခေါ်တဲ့အခါ ၊ this ကို အဲဒီ ဖန်တီးထားတဲ့ object ကို ညွန်းစေပါတယ်။ this က တခြား variable တွေလို scope chain ကနေ ရယူတာမဟုတ်ပါ။ ဒါပေမယ် သူက context by context ပေါ်မူတည်ပြီး ညွန်းတာပြောင်းလည်းပါတယ်။ context တစ်ခုကနေ တစ်ခုကိုပြောင်းရင် reset လုပ်ခံရပါတယ်။

၃။ Function Call (Function ခေါ်ခြင်း)


တကယ်လို့  ပုံမှန်ရေးသလို ပဲပေါ။ နေ့ စဉ်ရေးလေ့ရှိတဲ့ function လိုမျိုး ရှုပ်ထွေးတဲ့ object တွေမပါခဲ့ဘူးဆိုရင် this က ဘာကိုဆိုလိုသလဲ။


<script type = “text/javascript”>
function testing_this() {
return this;
}
var whatIsThis = testing_this();
</script>

ဒီမှာ this က ဘာကိုညွန်းပါသလဲ။ new keyword ကိုသုံးပြီး context တစ်ခုလည်းမလုပ်ထားဘူး။ သူဘာကိုညွန်းပါသလဲ။ ဒီနေရာမှာ this ဟာ Global အကျဆုံးအရာကို ညွန်းပါတယ်။ ဥပမာ - web page တွေမှာဆိုရင် global အကျဆုံးက window object ပါ။ this က window object ကို ညွန်းပါလိမ့်မယ်။

၎။ Event Handler (Event များကို ကိုင်တွယ်ခြင်း)


နည်းနည်းပိုပြီးရှုပ်ထွေးတဲ့ function calling တွေမှာ၊ ဥပမာ- onclick event ကို ကိုင်တွယ်ဖို့  function တစ်ခုသုံးမယ်ဆိုပါစို့ ။ event ဖြစ်ပွားတဲ့ အခါ this ကဘာ ကို ညွန်းမလဲ။ ဒီအတွက် ရိုးရှင်းတဲ့အဖြေတစ်ခုကို မပေးနိုင်ခဲ့ကြပါဘူး။

ဆက်ရန်။

အာကေလာ(akela)
August 4,2007 1:50 am

မှတ်ချက်။ ။ဖတ်မိသော article တစ်ခုကို ကြိုက်မိ၍ တက်နိုင်သမျှ မြန်မာလို ပြန်လည်ရေးသားထာပါတယ်။
ပျော်ရွင်ချမ်းမြေ့ ကြပါစေ။