Thursday, July 26, 2007

Mobile Device Troubleshooting 1
SQL Query Analyzer.


ဒီနေ့ အလုပ်လုပ်ရင်းကြုံလိုက်ရတဲ့ ပြသာနာတခုပါ။ ပရိုဂရမ် အလုပ်လုပ် နေတဲ့ mobile device က SQL Query Analyzer ကအလုပ်မလုပ်တော့ဘူး။ နည်းစနစ်ဆိုင်ရာ ဗိသုကာ( Programm Architect) ကို မေးကြည့်တော့ တချို့  dlls တွေကိုသွင်း ရမယ်လို့ ပြောတယ်။ သူပြောတဲ့ dlls တွေက-

၁. sqlce30.dev.ENU.ppc.wce5.armv4i.CAB (*)
၂. sqlce30.ppc.wce5.armv4i.CAB (**)

တို့ ပါဘဲ။ mobile device ထဲမှာက SQL Query Analyzer က ရှိကို မရှိတော့တာ။ ဒါနဲ့  sqlce30.dev.ENU.ppc.wce5.armv4i.CAB ကို သွင်းကြည့်လိုက်တယ်။ SQL Query Analyzer ကို မြင်လာရတယ်။ OK ပြီဆိုပြီး Database ဖိုင် (.sdf) ကို ဖွင့်ကြည့်တဲ့အခါ အမှား တွေတက်လာပါတယ်။ အမှားသတိပေးချက်( Error Message) ကတော့ -

Failed to initialize the provider. Please make sure that SQL Server
Mobile Edition is properly installed

ပါတဲံ။နည်းစနစ်ဆိုင်ရာဗိသုကာ (program Architect) ကလည်း ဘာကြောင့်လည်းဆိုတာမသိဘူး။ ဒါနဲ့  ဆက်လက်ရှာဖွေမိတယ်။ ဒီလို နဲ့ တွေ့ ပါတယ်။

qlce30.repl.ppc.wce5.armv4i.CAB (***)

ကို သွင်း (install) ပါတဲ့။ ဒီ .CAB ဖိုင်ကို သွင်းပြီးသွားတဲ့အခါမှာတော့ အားလုံး အဆင် ပြေသွားပါတယ်။

ဒီဖိုင် အားလုံးဟာ

C:\Program Files\Microsoft Visual Studio 8\SmartDevices\SDK\SQL Server\Mobile\v3.0\wce500\armv4I

အောက်မှာ ရှိပါတယ်။

။ ။ Mobile မှာ ဒီ ကဘ်(.CAB)တွေကို ဘယ်လို သွင်းရမှန်းမသိသူတွေအတွက်ပါ။
Mobile မှာ သွင်း(install) ရတာလွယ်ပါတယ်။ သွင်းချင်တဲ့ ဖိုင်တွေကို Mobile ရဲ့  Explore Root အောက်တဲ့တဲ့မှာ သွားထားပါ။ Mobile Explore ကို ဖွင့်ချင်တယ်ဆိုရင် ပုံမှန် ကွန်ပြုတာရဲ့  Explore ကနေလည်းသွားလို့ ရသလို ၊ Microsoft ActiveSync သုံးရင်းလည်း သူ Icon ကို ကြွက်ရဲ့ ညာကို နှိပ် ပြီး Explore ဆိုရင်လည်းရပါတယ်။ ခုနက (.CAB) ဖိုင်တွေကို Root အောက်မှာဘဲ Copy/Paste လုပ်ချပါ။
ပြီးရင် Mobile ထဲကနေ ပြီး ခုနက ဖိုင်တွေကို သွား ပြီး Run ပါ။ အောင်အောင်မြင်မြင် သွင်း(install) လို့ ရတယ် ဆိုရင် Successfully insatlled ဆိုတာပေါ်လာပါမယ်။ ။


ပျော်ရွင်ငြိမ်းချမ်းကြပါစေ။

အာကေလာ (Akela)
July 26, 2007 2:05 pm

Sunday, July 22, 2007

Regular Expression (စကာလုံးအစုပုံစံ)

စကားလုံးအစုပုံစံ မိတ်ဆက်
(Introduction of Regular Expression)

:. ၁.၁
စကားလုံးအစုပုံစံ (Regular Expression) တစ်ခုဆိုတာ (ကွန်ပြူတာလောက အသုံးအနှုန်းအားဖြင့်) string အမျိုးအစားမျိုး ဖြစ်ပါတယ်။ သတ်မှတ်ထားတဲ့ ပုံစံ စည်းမျဉ်းစည်းကမ်းများအတိုင်း စကာလုံး (character) တွေကို ရှာဖွေဖို့ ၊ စကားလုံးအစု (a set of characters)တစ်ခုနဲ့  အခြား စကားလုံးအစု တို့ ကို တိုင်ဆိုင် စစ်ဆေးချင်တဲ့ အခါမျိုး၊ အဲဒီလို အခါတွေမှာ သုံးလေ့ရှိပါတယ်။

တကိုယ်ရေသုံးကွန်ပြုတာတွေကို သုံးဖူးတဲ့သူတွေ ဆိုရင်ပဲ ဒီ စကာလုံးအစုပုံစံ (Regular Expression) ကို သုံးဖူးကြမှာပါ။ စကားလုံးအစုပုံစံကိုသုံးနေတယ်လို့  သိချင်မှတော့ သိပါမယ်။ ဥပမာ- ဖိုင်တွေကို ရှာဖွေချင်တဲ့အခါမျိုးတွေမှာပေါ့။ ဖိုင်နာမည် data နဲ့  စတဲ့ ဖိုင်အားလုံးကို ရှာချင်တယ်ဆိုပါတော့။

စက်ထဲမှာ က -
၁. data.doc ၊
၂. data1.doc ၊
၃. data2.doc ၊
၎. dataTXT.txt ၊
၅. dataEXE.exe ၊
၆. dataB.bat

ဆိုပြီးရှိမယ်လို့ ယူဆကြမယ်။ ဒါဆို ရှာဖွေတဲအခါ data*.doc ဆိုးပြီးရိုက် ထည့်လိုက်။ ပြီးလို့  search ဆိုတဲ့ button လေးကို နှိပ်လိုက်ရင် ခုနက အပေါ်ဆုံးဖိုင် ၃ ဖိုင်ကို ကွန်ပြုတာ စီမံခန့် ခွဲရေးစနှစ် (Operating System - OS) က ရှာပေးပါလိမ်မယ်။ တကယ်လို့  data?.* လို့ ရိုက်ထည့်ခဲ့မယ်ဆိုရင်တော့ ၂ ၊ ၃ နဲ့  ၆ တိုကို ရှာပေးပါ လိမ့်မယ်။ data*.* ဆိုရင်တော့ ၆ ဖိုင်လုံးပေါ့။

wildcard characters တွေလို့ ခေါ်ခဲ့ ကြတယ်။ ရိုးရိုးရှင်းရှင်းတွေပေါ့။ အခုပြောမယ့် စကားလုံးအစုပုံစံ မှာက ဒီထက်အများကြီး ကျယ်ပြန့် ပါတယ်။ အနည်းငယ်လည်း ခတ်မယ်။ wildcard characters တွေက အတော်အသုံးကျပေ့မယ်လို့  အကန့့်အသတ် ရှိတယ်။ သူတို့ တွေဟာ စကားလုံးပုံအစုပုံစံ (Regular Expression) ရဲ့  သဘောတရား ကို မိတ်ဆက်ပေးခဲ့ပါတယ်။

:. ၁.၂
စကားလုံးအစုပုံစံရဲ့  မူလဇစ်မြစ်ဟာ သီဝရီသဘောတရားဆိုင်ရာကွန်ပြုတာသိပံ္ပ (theoretical computer science) ရဲ့  အစိတ်အပိုင်းတွေဖြစ်ကြတဲ့ automata theory နဲ့  formal language theory တို့ ပဲဖြစ်ကြပါတယ်။ စကားလုံးအစုပုံစံ ကို formal language theory နဲ့  ဖော်ပြရေးသားရပါတယ်။ (လေ့လာလိုသူများ ဆက်ပြီးလေ့လာကြပါ။ ဒီကြောင်း တွေက ဒီပိုစ်နဲ့ မဆိုင်ပါ။)

:. ၁.၃
စကားလုံးအစုပုံစံ (Regular Expression) ကိုသုံးခြင်းအားဖြင့်

- အချက်အလက် မှန်ကန်ကြောင်း စစ်ဆေးခြင်းများ (Data Validation & Verification)

ဥပမာ - ၀င်ရောက်လာတဲ့ တယ်လီဖုန်းနံပါတ် က ကိုယ်လိုချင်တဲ့ စံပုံစံ (pattern) ဟုတ်မဟုတ်စစ်ဆေးခြင်း ၊ လိုချင်တဲ့ ပုံစံက ၉၀a-၃၄-၅d-၃ ဆိုပါတော့၊ အဲဒီပုံစံမဟုတ်ပဲ ၉၀3၅၅-၅%၇၅၄ ဆိုရင် စံပုံစံ (pattern) အားဖြင့် မှားတယ်။

- စာများ အစားထိုးခြင်း (Replace Text)

ဥပမာ - I love you very much. No matter what you are, I love you. ပေါ့။ဒီလို စာတွေ စာရွက်ပေါင်း များစွာရှိမယ်ဗျာ။ ဒါကို (နှစ်အနည်းငယ်ကြာလာတဲ့အခါ) love အစား hate နဲ့ အစားထိုးချင်တယ် ဆိုပါတော့။အဲဒီလို အချိန်မှာ သိပ်အသုံးကျတယ်။

- စာအစဉ်အတန်း (String) တစ်ခုထဲကနေ ကိုယ်လို ချင်တဲ့ အစိတ်အပိုင်း လေးတစ်ခုကိုပဲ ထုတ်ယူခြင်း (Extract text)

ဥပမာ - အပေါ်က စာထဲကပဲ love ဆို တဲ့ စာလုံးကိုပဲ ထုတ်ယူချင်တဲ့အခါမျိုး။
စသည်တို့ တွေမှာ အလွန် အသုံးဝင်ပါတယ်။

စာအစဉ်အတန်း (String) တွေကို ကိုင်တွယ်တဲ့နေ ရာမှာ နာမည်မကြီးတဲ့ javascript လို ပရိုဂရမ် ဘာသာရပ်တွေမှာ စကားလုံးအစုပုံစံ (Regular Expression) က အသုံးကျ ကြပါတယ်။

ဆတ်ရန်။

ရည်ညွန်း။ ။ MSDN, Wikipedia - the free encyclopedia

အာကေလာ (Akela)

july 21, 2007 2:42 am

မှတ်ချက်။ ။ ပိုစ်တွေကို ကျွန်တော် စာလုံးများကို တက်နိုင်သလောက် မြန်မာမှုပြုထာပါတယ်။ ပညာရှင်မဟုတ်တဲ့ အတွက် စာလုံးတွေက ထောက်နေပါတယ်။ ကျွန်တော်ကိုယ်တိုင် ရေးနေရင်းနဲ့  ခဏခဏရယ်ဖြစ်ပါတယ်။ ဒါပေ့မယ်ပေါ့လေ တက်နိုင်သမျှတော့ ကြိုးစားပြီးမြန်မာ လို ပဲရေးပါမယ်။ အခုအစပြုမိရင် နောင်ကျတော့ဒီထက်ကောင်းတဲ့ အဓိပ္ပါယ်ပြည့်စုံတဲ့ မြန်မာစာလုံးတွေ ထွက်လာနိုင်တယ်လို့ မျှော်လင့်ပါတယ်။



Saturday, July 21, 2007

စကားလုံးအစုပုံစံ ၀ါကျ
(Regular Expression Syntax)

:. ၂.၁
စကားလုံးအစုပုံစံ (Regular Expression) ဆိုတာ စာကားလုံးများကိုသုံးထားတဲ့ ပုံစံ (pattern of Text) ဖြစ်တဲ့အတွက် သူ့ မှာ သာမန် စကားလုံးများ (ordinary characters - a မှ z အထိ) ၊ အထူး စကားလုံးများ (special characters or metacharacters) တွေပါဝင်ပါတယ်။

အောက်ပါ ဇယားကွက်မှာ အထူး စကားလုံးများ (metacharacters**) နဲ့  သူတို ရဲ့  ပြုမှု နိုင်တဲ့စွမ်းရည် (behavior) တိုကို ဖော်ပြထားပါတယ်။

စကားလုံးများ (Characters)

အဓိပါယ်ဖွင့်ဆိုချက်(Description)



\

သူနောက်က စာလုံးကို special characters ၊ သို့  literal အဖြစ် ပြုမှုပေးပါတယ်။ ဥပမာ -ပုံမှန်ဆိုရင် ‘n’ က စာလုံး “n” နဲ့  တိုက်စစ် (Match) ပါတယ်။ ဒါပေမယ် ‘\n’ ဖြစ်သွားရင်တော့ နောက် အသစ်တလိုင်း (newline character) ဖြစ်သွားပါတယ်။ ‘\\’ က “\” နဲ့ တိုက်ပြီး ၊ “\(” က “(” နဲ့ တိုက်စစ်ပါတယ်။

^

ဝင်လာတဲ့ စာအစဉ်အတန်း (Input string )ရဲ့  ပထမဆုံး နေရာ (position at the beginning) ကို တိုက်စစ်ပါတယ်။

$

ဝင်လာတဲ့ စာအစဉ်အတန်း (Input string )ရဲ့  နောက်ဆုံး နေရာ (position at the end) ကို တိုက်စစ်ပါတယ်။

*

သူရဲ့ ရှေမှာ ရှိနေတဲ့ စာလုံး(character) သို့ မဟုတ် စာလုံးအစုငယ် (subexpression) တွေကို 0 or more အကြိမ်အရေအတွက် တိုက်ပါတယ်။ ဥပမာ - “zo*” က “z” and “zoo” ကို တိုက်ပါတယ်။ * က {0,} နဲ့  အတူတူပဲ ဖြစ်ပါတယ်။ သဘောက o က လုံးဝမပါရင်လည်းဖြစ်တယ်။ တစ်လုံးထက်ပိုပါရင်လည်း ဖြစ်တယ်။

+

သူရဲ့ ရှေမှာ ရှိနေတဲ့ စာလုံး(character) သို့  စာလုံးအစုငယ် (subexpression) တွေကို one or more အကြိမ်အရေအတွက် တိုက်ပါတယ်။ ဥပမာ - “zo+” က “zo” and “zoo” ကို တိုက်ပါတယ်။ ဒါပေမယ့် “z” ကို မတိုက်ပါဘူး။ + က {1,} နဲ့  အတူတူပဲဖြစ်ပါတယ်။ သဘောက o က အနည်းဆုံး ၁လုံးပါရတယ်။ တစ်လုံးထက်ပိုပါရင်လည်း ဖြစ်တယ်။

?

သူရဲ့ ရှေမှာ ရှိနေတဲ့ စာလုံး(character) သို့  စာလုံးအစုငယ် (sub expression) တွေကို 0 or 1 အကြိမ်အရေအတွက် တိုက်ပါတယ်။ ဥပမာ - “do(es)?” က “do” and “does” ကို တိုက်ပါတယ်။ ? က {0,1} နဲ့ အတူတူပဲဖြစ်ပါတယ်။ သဘောက o က လုံးဝမပါရင်လည်းဖြစ်တယ်။ တစ်လုံးတည်းပါရင်လည်း ဖြစ်တယ်။

{n}

ဒီမှာ n က အနုတ်ကိန်းမဟုတ်ရပါ။ n ကြိမ်အရေအတွက် အတိ အကျ တိုက်ပါတယ်။ ဥပမာ - ‘o{2,}’ လို့ ဆိုရင် “Bob” ထဲမှာ ရှိ တဲ့ o နဲ့ မတိုက်ပါဘူး။ ဒါပေမယ့် “food” ထဲမှာရှိတဲ့ o နှစ်လုံးနဲ့  တော့ တိုက်ပါတယ်။

{n,}

ဒီမှာ n က အနုတ်ကိန်းမဟုတ်ရပါ။ အနိမ့်ဆုံး n ကြိမ် အရေ အတွက်နဲ့  တိုက်ပါတယ်။ ဥပမာ - ‘o{2}’ လို့ ဆိုရင် “Bob” ထဲမှာ ရှိ တဲ့ o နဲ့ မတိုက်ပါဘူး။ ဒါပေမယ့် “fooooood” မှာရှိတဲ့ o အားလုံးနဲ့  တော့တိုက်ပါတယ်။ ‘o{1,}’ က အထက်မှာ ဖေါ်ပြခဲ့တဲ့ ‘o+’ နဲ့ အတူတူပဲဖြစ်ပါတယ်။

{n,m}

ဒီမှာ n နဲ့  m က အနုတ်ကိန်းမဟုတ်ရပါ။ n က m ထက် ငယ်ရင်ငယ် ၊ မငယ်ရင် ညီရပါမယ် (n <= m)။ အနိမ့်ဆုံး n ကြိမ် ၊ အမြင့်ဆုံး m ကြိမ် အရေအတွက် နဲ့ တိုက်ပါတယ်။ ဥပမာ - ‘o{1,3}' ဟာ “fooooood” မှာရှိတဲ့ ပထမ o သုံးလုံးနဲ့  တိုက်ပါတယ်။ ‘o{0,1}’ က အထက်မှာ ဖေါ်ပြခဲ့တဲ့ ‘o?’ နဲ့  အတူတူပဲဖြစ်ပါတယ်။ “o{1,}” က အထက်မှာဖေါ်ပြခဲ့တဲ့ ‘o+’ နဲ့  တူပြီး ၊ “o{၀,}” ကတော့ ‘o*’ နဲ့  အတူတူပဲဖြစ်ပါတယ်။

?

ဒီ ? က (*,+,?,{n},{n,},{n,m}) တို ရဲ့  နောက်မှာ ချက်ချင်း ရှိနေတယ်ဆိုရင် အဲဒီပုံစံကို non-greedy pattern လို့ ခေါ်ပါ တယ်။ non-greedy pattern ဆိုတာ တိုက်စစ်တဲ့အခါ နည်းနိုင် သမျှနည်းအောင်တိုက်စစ်ပါတယ်။ ပုံမှန် ပုံစံ(pattern) က များ နိုင်သမျှများအောင်တိုက်စစ်ပါတယ်။ ဥပမာ - “oooo” ဆို တဲ့ စာအစဉ် အတန်း (string) မှာ ၊ ‘o+?’ က ‘o’ တစ်လုံးတည်းနဲ့  တိုက်စစ်ပြီး ၊ ? မပါ တဲ့ ‘o+’ က ‘o’ အားလုံးနဲ့ တိုက်စစ်ပါတယ်။

.

“\n” (newline character) ကလွဲရင် ‘.’ (dot) ကလေးဟာ စကာလုံးအားလုံးနဲ့  တိုက်စစ်ပါတယ်။ “\n” ကိုပါ တိုက်စစ်ချင် တယ်ဆိုရင်တော့ ‘[\s\S]’ ဆိုတဲ့ ပုံစ(pattern)ံကို သုံးနိုင်ပါတယ်။

x|y

သူက ‘ x ’ ဒါမှမဟုတ် ‘ y ’ ကိုတိုက်စစ်ပါတယ်။ ဥပမာ- “z|food” ဟာ “z” ဒါမှမဟုတ် “food” နဲ့  တိုက်ပါတယ်။ “(z|f)ood” ကျတော့ “zood” ဒါမှမဟုတ် “food” နဲ့ တိုက် စစ်ပါတယ်။ “|” ဒီစာလုံးလေးက or (တစ်ခုမဟုတ်တစ်ခု) ဆိုတဲ့ အဓိပါယ်ရှိပါတယ်။

[xyz]

သူကတော့ စကားလုံးအစုပါပဲ။ ဒေါင့်ကွင်း([]) ထဲမှာ ရှိတဲ့ ဘယ်စကားလုံးနဲ့  မဆို တိုက်စစ်ပါတယ်။ ဥပမာ- [abc] က

“plain” ထဲက “ a ” နဲ့ တိုက်စစ်ပါတယ်။

[^xyz]

သူကတော့ စကားလုံးအစုပါပဲ။ ဒေါင့်ကွင်း([]) ထဲမှာ ရှိတဲ့ စကားလုံးများ နဲ့ မတူတဲ့ အခြားစကားလုံးများကို တိုက်စစ် ပါတယ်။ ဥပမာ- [^abc] က “plain” ထဲက “ p ” ၊ “ l ” ၊ “ i ” ၊ “ n ” တိုက်စစ်ပါတယ်။ ^ က မဟုတ် (not) ဆိုတဲ့ အဓိပါယ်ရှိ ပါတယ်။

[a-z]

သူကတော့ စကားလုံး အတိုင်းအတာ (range of characters) တစ်ခုပါပဲ။ဥပမာ - [a-m] ဟာ a နဲ့  m ကြားမှာရှိတဲ့ မည်သည့် စကားလုံးကို မဆို တိုက်စစ်ပါ တယ်။

[^a-z]

သူကတော့ စကားလုံး အတိုင်းအတာ (range of characters) တစ်ခုပါပဲ။ဥပမာ - [^a-m] ဟာ a နဲ့  m ကြားမှာရှိတဲ့ စကားလုံးများမှ လွဲ ပြီး မည်သည့်စကားလုံးနဲ့ မဆို တိုက်စစ်ပါ တယ်။^ က မဟုတ် (not) ဆိုတဲ့ အဓိပါယ်ရှိ ပါတယ်။

ဆက်ရန်။

ရည်ညွန်း။ ။ MSDN, Wikipedia - the free encyclopedia, Google

့အာကေလာ(Akela)

july 22, 2007 2:42 am

july 26,2007 00:02 am (midinght) (modified)

မှတ်ချက်။ ။ ပိုစ်တွေမှာ ကျွန်တော် စာလုံးများကို တက်နိုင်သလောက် မြန်မာမှုပြုထာပါတယ်။ ပညာရှင်မဟုတ်တဲ့ အတွက် စာလုံးတွေက ထောက်နေပါတယ်။ ကျွန်တော်ကိုယ်တိုင် ရေးနေရင်းနဲ့  ခဏခဏရယ်ဖြစ်ပါတယ်။ ဒါပေ့မယ်ပေါ့လေ တက်နိုင်သမျှတော့ ကြိုးစားပြီးမြန်မာ လို ပဲရေးပါမယ်။ အခုအစပြုမိရင် နောင်ကျတော့ဒီထက်ကောင်းတဲ့ အဓိပ္ပါယ်ပြည့်စုံတဲ့ မြန်မာစာလုံးတွေ ထွက်လာနိုင်တယ်လို့ မျှော်လင့်ပါတယ်။