Wednesday, August 1, 2007

ရေးသူ - သန့် ဇော်မင်း
နေ့ စွဲ - july 31,2007
----------------------------------

C++ Programming Language (အပိုင်း - ၂)

Variable Declaration

ဒီတခေါက် ကျွန်တော်တို့ variable declaration အကြောင်းစလိုက်ရအောင်။ variable declaration ဆိုတာက ကျွန်တော်တို့ရေးတဲ့ programမှာ အသုံးပြုမယ့် variable တွေကို ကြိုတင်ကြေငြာတာ ဖြစ်ပါတယ်။ ကျွန်တော်တို့ program အလုပ်လုပ်နေချိန်မှာ user (ကျွန်တော်တို့ programကို အသုံးပြုသူ) တွေဆီကနေ တန်ဖိုးတခုခုကို လက်ခံတော့မယ်ဆိုရင်၊ လက်ခံရရှိမယ့် dataတွေကို သိမ်းထားမယ့်နေရာတခုကို ကြိုပြီး ကြေငြာပေးထားရပါတယ်။ ဒါကို variable declaration လုပ်တယ်လို့ ခေါ်ပါတယ်။ variable တခုကို ကြေငြာလိုက်ပြီဆိုရင် programကို အသုံးပြုနေတဲ့ computerရဲ့ memoryပေါ်မှာ အဲဒီ variableအတွက် နေရာတခုကို createလုပ်ပေးပါတယ်။ အဲဒီနေရာမှာ ကျွန်တော်တို့က dataတွေကို အချိန်အတိုင်းအတာ တခုအထိ သိမ်းထားလို့ရပါတယ်။ variable တခုကို ကြေငြာတော့မယ်ဆိုရင် အပိုင်း၂-ပိုင်း သိဖို့လိုအပ်ပါတယ်။ variable ရဲ့ နံမယ်နဲ့ သိမ်းချင်တဲ့ dataရဲ့ အမျိုးအစားတို့ ဖြစ်ပါတယ်။ ဥပမာအားဖြင့် variableမှာ numberကို သိမ်းချင်တယ်၊ စာသားကို သိမ်းချင်တယ်၊ စသည်ဖြင့် ပြောပေးရပါတယ်။ C & C++ မှာ သုံးလို့ရတဲ့ data type တွေက အောက်ပါအတိုင်းဖြစ်ပါတယ်။
Variable တခုကို ကြေငြာတဲ့ ပုံစံကတော့ ဒီလိုဖြစ်ပါတယ်။

ဆက်ဖတ်ရန်...
C++ Programming အပိုင်း ၂

မှတ်ချက်။ ။ ကိုသန့် ဇော်မင်း ရဲ့ ဘလောမှာ july 31, 2007 6:05pm က သူကိုယ်တိုင်ရေးထားတာကို ခွင့်တောင်းပြီး ပြန်လည် ဖေါ်ပြထား ခြင်းဖြစ်ပါတယ်။ ကိုသန့် ဇော်မင်းကို ကျေးဇူးတင်ပါတယ်။
loiyoes

Tuesday, July 31, 2007

Mobile Device Troubleshooting 2
Unable to Debug/Traces in .net IDE with Mobile Device 5.0

တခါတလေမှာ သုံးနေတဲ့ mobile device နဲ့  .net IDE တို့ ဟာ Breakpoint ထောက် ပြီး Debugging လုပ်လို့ မရတဲ့အခြေအနေကို ကြုံတွေ့ ရတက်ပါတယ်။ ဒါဟာ mobile developer တစ်ယောက်အတွက်တော့ ငရဲ ခန်းပါပဲ။ အရင်ကမှ Debugging လုပ်ရတာ ခက်ရတဲ့ အထဲ လုပ်လို့ မရဘူးဆိုရင် သွားပြီပဲ။ ဒီပိုစ်မှာ ဖြစ်နိုင်ချေရှိတဲ့ ပြသာနာတွေထဲက တစ်ခုကို ဖော်ပြလိုက်ပါတယ်။

ခင်းဗျားတို့ ရဲ့  moblie version ကို ပြန်စစ်ပါ။ compact framework version ဘယ်လောက် ကို တင်ထားသလဲဆိုတာ ကို ပြန်စစ်ပါ။ တကယ်လို့ ခင်ဗျားတို့ ရဲ့  mobile device က compact framework version 2 တင်ထားတယ်ဆိုရင် ခင်ဗျားတို့ ရဲ့  PC ကိုလည်း version အတူတူတင်ဖို့ လို အပ်ပါတယ်။ compact framework 2.0 service pack 1 ကို မြင့် (upgrade) လုပ်ထားတယ်ဆိုရင်လည်း PC ကို လည်းလုပ်ပေးရပါမယ်။ ဒီလို မှ မဟုတ်ရင် တော့ Visual Studio 2005 က version အဟောင်းကြီးကိုပဲသုံးနေပြီး Debug လုပ်လို့ မရ ဖြစ်နေပါလိမ့်မယ်။

mobile device အတိုင်း PC ကို compact framework version အတူတူ ထည့် ထားလိုက် ရင် အားလုံးအဆင်ပြေပါလိမ့်မယ်။

ဒါကတော့ compact framework 2.0 service pack 1 download လင့်ခ လေးပါ။

Compact Framework 2.0 Service pack 1 Download

အာကေလာ (akela)
july 31, 2007 8:19 pm

Saturday, July 28, 2007

ရေးသူ - သန့် ဇော်မင်း
နေ့ စွဲ - july 26,2007
--------------------------------

C++ Programming Language (အပိုင်း - ၁)

Programming language
Programming language ဆိုသည်မှာ ကွန်ပျူတာကို ခိုင်းစေသော ဘာသာစကား ဖြစ်ပါသည်။ ကွန်ပျူတာကိုခိုင်းစေသည် ဆိုရာဝယ် monitor ရှေ့ တွင်ထိုင် microsoft word, excel စသည့် application ၁ခုခုကိုဖွင့် keyboard ကိုတဖျောင်းဖျောင်းရိုက်၍ စာများပေါ်လာအောင် ပြုလုပ်နိုင်ခြင်းကို မဆိုလိုပေ။ ထိုသူများကို ကွန်ပျူတာအသုံးပြုသူ (user)များဟုခေါ်ပေသည်။ ထိုသူများ အသုံးပြုနိုင်အောင် application များရေးသားခြင်း (ပြုလုပ်ပေးခြင်း) ကိုသာ ဆိုလိုပေသည်။ ထိုသို့ပြုလုပ်သူများကို program ရေးသားသူ (programmer) များဟု ခေါ်ပေသည်။

အင်္ဂလိပ်လူမျိုး တယောက်နှင့် ဆက်သွယ်ပြောဆိုလိုလျှင် အင်္ဂလိပ်စာ၊ အင်္ဂလိပ်စကား တက်ရန်လိုပေမည်။ ထို့အတူ ကွန်ပျူတာကို ဆက်သွယ်ခိုင်းစေရန် ကွန်ပျူတာနားလည်သော ဘာသာစကားကို တက်မြောက်ရန်လိုပေသည်။ ဤနည်းအားဖြင့် programming language များကို တီတွင်ရေးသားလာကြသည်။ Assembly, C, Java, VB, .NET စသည်ဖြင့် programming language များစွာရှိပါသည်။ အစကနဦး အသုံးပြုခဲ့ကြသော language များမှာ ကွန်ပျူတာကို တိုက်ရိုက်ခိုင်းစေနိုင်ရန် ရေးသားရသောကြောင့် ရေးသားသူ လူသားတို့အတွက် နားလည်ရန်ခက်ခဲလေ့ရှိသည်။ ထို့ကြောင့် နောက်ပိုင်းတွင် program ရေးသားသူများအတွက် အဆင်ပြေစေရန် ပိုမိုလွယ်ကူ၊ ပိုမိုကောင်းမွန်သော language များကို တီထွင်ဖန်တီး လာကြသည်။ (နောင်တချိန်တွင် ကွန်ပျူတာကို ပါးစပ်ဖြင့် အမိန့်ပေး ခိုင်းစေနိုင်လာပေလိမ့်မည်။)

ဆက်ဖက်ရန်......
C++ Programming အပိုင်း ၁


မှတ်ချက်။ ။ ကိုသန့် ဇော်မင်း ရဲ့ ဘလောမှာ
july 26, 2007 8:41pm က သူကိုယ်တိုင်ရေးထားတာကို ခွင့်တောင်းပြီး ပြန်လည် ဖေါ်ပြထား ခြင်းဖြစ်ပါတယ်။ ကိုသန့် ဇော်မင်းကို ကျေးဇူးတင်ပါတယ်။
loiyoes