Tuesday, December 4, 2007

XML Schemas
(XML သဒ္ဒါ (၀ါ) XML အဓိပ္ပါယ် သတ်မှတ်မှု) - အပိုင်း ( 3 )

အပိုင်း ( ၁ ) နှင့် ( ၂ ) ကို အရင်ဖတ်ကြည့်စေချင်ပါသည်။

id
ဒီ id စွမ်းရည်ပြစကားလုံး (attribute) လေးက ကျွန်တော်တို့ ကို ဘာလုပ်ခွင့် ပြုလဲဆိုတော့၊ element တစ်ခုအတွက် ID (Identity) ကို ကြေညာခွင့်ပြုပါတယ်။ ဒီ id ရဲ့  တန်ဖိုး (value) ဟာ element ရဲ့  Unique Key (ထပ်တူမရှိသော တန်ဖိုး) အဖြစ် လုပ်ဆောင်ပေးပါတယ်။

maxOccurs
ဒီ maxOccurs က XML Document ထဲမှာ Element တစ်ခုဟာ ဘယ်နှစ်ကြိမ် ပါဝင်ခွင့် ရှိတယ်ဆိုတာကို သတ်မှတ်ပေးပါတယ်။ ဥမပါ schemas မှာ ဒီလို ကြေညာထားမယ်ဆိုပါစို့ -

<element name="part" maxOccurs="3"/>


ဒါဆို XML Document ထဲမှာ part element လေးဟာ အများဆုံး 3 ကြိမ် ပါလို့ ရပါတယ်။ (အောက်မှာကြည့်ပါ)။

<car>
<part>wheel</part>
<part>body</part>
<part>roof</part>
</car>


မရှိသုံးတန်ဖိုး(default value) အနေနဲ့  maxOccurs ရဲ့ တန်ဖိုးဟာ 1 ဖြစ်ပါတယ်။ အနှတ်ကိန်းမဟုတ်တဲ့ တန်ဖိုးများကို လက်ခံပါတယ်။ အဲလို ဂဏန်း (interger) တွေမဟုတ်ပဲ "unbounded" လို့  တန်ဖိုးသတ်မှတ်ခဲ့ ရင် element တစ်ခုဟာ ကြိုက်သလောက် ပါနိုင်တယ်လို့ အဓ္ဓိပါယ်ရှိပါတယ်။

minOccurs

သူကတော့ maxOccurs နဲ့ ပြောင်းပြန်ပါ။ XML Document ထဲမှာ element တစ်ခုဟာ အနည်းဆုံး ဘယ်နှယ် ကြိမ်ပါဝင်နိုင်လဲဆိုတာကို သတ်မှတ်ပေးပါလိမ့်မယ်။ မရှိသုံးတန်ဖိုး (default value ) က 1 ပါ။

တကယ်လို့  feature ဆိုတဲ့ element လေးကို ကြေညာချင်တယ်ဗျာ။ အ၀တ်အထည် အတွက်ပေါ့။ အဲဒီမှာ အနည်းဆုံးအနေနဲ့  feature ၂ ခု၊ အများဆုံးအနေနဲ့  feature ၆ ခုကို ပဲ ရှိစေချင်တယ်ဆိုပါစို့ ။ ဒါဆို-

<element name="feature" minOccurs="2" maxOccurs="6">


(ကျွန်တော်တို့  Database နဲ့ တွဲသုံးတဲ့ အခါ၊ Database မှာ attribute(colum) ရဲ့  value က allow null (တန်ဖိုး မထည့်လည်း ရတဲ့ column) ဆိုရင်၊ XML တွဲပြီးအလုပ်လုပ်တဲ့ အခါ၊ minOccurs ကို 0 တန်ဖိုး ပေးလိုက် ဒါဆို အဲဒီ element (tag) ကမပါလည်း ရသွားပြီး။ ဟုတ်။)

nillable
ဒီဟာလေးကတော့ boolean တန်ဖိုး ဖြစ်တဲ့ true နဲ့  false တစ်ခုခုကို လက်ခံပါတယ်။ သူက ဘာကိုပြောသလဲ ဆိုတော့ element တစ်ခုဟာ ဘာမှမပါတာ(nillable)ကို လက်ခံလားမခံလားဆိုတာကိုပဲ။ လက်ခံတယ် (true) ရင် element တစ်ခုဟာ EMPTY element ဖြစ်နိုင်ပါတယ်။

<part></part> (၀ါ) <part/> (empty element)


ref

သူကတော့ နည်းနည်း ရှုပ်သလို ရှိတယ်။

ref စွမ်းရည်ပြစကားလုံး (attribute) လေးဟာ global ကြေညာထားတဲ့ elemnt တစ်ခုကို ပြန်ပြီး တော့ သုံးချင်တဲ့ အခါမှာ အသုံးပြုပါတယ်။ ဥမပါ ကြည့်ရအောင် -

<xs:schema>
<xs:element name="full_name" type="xs:string"/>
<xs:element naem="supervisor">
<xs:complexType>
<xs:element ref="full_name"/>
</xs:complexType>
</xs:element>
<xs:element name="employee">
<xs:complexType>
<xs:element ref="full_name"/>
</xs:complexType>
</xs:element>
</xs:schema>


ဒီ ဥပမာလေးမှာ full_name element လေးတစ်ခုကိုကြေညာထားပါတယ်။ ပီးတော့ ref attribute ကို သုံးပြီး တော့ supervisor နဲ့  employee element တို့ မှာ ပြန်ညွန်းထားပါတယ်။ ဒီနေရာမှာဘာ ကအရေးကြီးလဲဆို full_name ကို global scope မှာ ကြေညာရတာပါပဲ။ ref ကို သုံးချင်ရင်၊ အသုံးခံရမယ့် element ဟာ global ဖြစ်စေ၊ သုံးမယ့် element နဲ့  level တစ်ခုတည်းမှာဖြစ်စေရှိရပါမယ်။ အပေါ်ဥပမာဆိုရင်၊ full_name elemnt ဟာ (အနီရောင်) ပြန်ပြီး reference လုပ်မဲ့ ဟာနှစ်ခု (အစိမ်းရောင်) တို့ ရဲ့  အပြင် global scope မှာရှိ နေတယ်။ ဟုတ်။ နောက်သတိပြုရမှာတစ်ချက်က ref ကို global ကြေညာမယ့် element မှာ မသုံးဘူးဆိုတာပါပဲ။ (အပေါ်ဥပမာဆိုရင်၊ full_name မှာ ref မသုံးထားပါ)

ဒါကြောင့် သဘေားတရားအရ အောက်ပါဥပမာမျိုး ကို လုပ်လို့ မရပါဘူး။

<xs:element>
<xs:element name="full_name" type="xs:string"/>
<xs:element ref="full_name" type="xs:string"/>
<xs:schema>


သဘောပေါက်တယ်ဟုတ် :D ။

လောလောဆယ်တော့... .
ဆက်ရန်။ (အားသေးဘူးဗျာ)။

အာကေလာ(akela)
Dec 04 , 2007 9:23 pm

Wednesday, November 28, 2007

XML Schemas
(XML သဒ္ဒါ (၀ါ) XML အဓိပ္ပါယ် သတ်မှတ်မှု) - အပိုင်း ( ၂ )

အပိုင်း ( ၁ ) ကို အရင်ဖတ်ကြည့်စေချင်ပါသည်။

Valid <element>  Attribute


XML Schema မှာ element တစ်ခုကိုကြေညာမယ်ဆိုရင် <element> ဆိုတဲ့ tag ကို အသုံးပြုရပါတယ်။ ဒီ တက်(ဂ်)လေးကဘယ် element ရဲ့  အစမှာဆိုပါပါတယ်။ ဒီ <element> tag လေးမှာ attribute လို့ ခေါ်တဲ့ ဒီတက်လေးဟာ နာမည်ဘယ်လိုခေါ်ကြောင်း၊ ဘာဒေတာအမျိုးအစားဖြစ်ကြောင်း၊ စသည်ဖြင့် ပြောပြ ပေးမယ့် စွမ်းရည်ပြစကားလုံး (attribute) လေးတွေရှိပါတယ်။ (အောက်မှာကြည့်ပါ)

    - default
- fixed
- id
- maxOccurs
- minOccurs
- name
- nillable
- ref
- substitutionGroup
- type


ဟုတ်ပီလား။ ကျွန်တော်တို့  တစ်ခုချင်းစီကို ကြည့်ကြရအောင်။ ဒါမှ element ကိုကြေညာတဲ့အခါ ဘယ်လိုတည်ဆောက်လို့  ရတယ်ဆိုတဲ့ structure ကို သိသွားမယ်။

name
ဒီ name ဆိုတဲ့ စွမ်းရည်ပြ စကားလုံး (attribute) လေးက XML document ဖိုင်တစ်ခုထဲ မှာရှိတဲ့ element တစ်ခုရဲ့  နာမည်ကို သတ်မှတ်ပေးပါတယ်။ ဥပမာ - XML Schema မှာ ဒီလို ရေးထားတယ်ဆိုပါဆို့ ။

<xs:element name="address"/>


ဒါဘာကိုပြောတာလည်းဆိုရင် ဒီ Schema ကို သုံးမယ့် XML document ထဲမှာသုံးနိုင်တဲ့ <address> ဆိုတဲ့ tag ကို ကြေညာလိုက်တာပါပဲ။ ဒီလို name ကိုတန်ဖိုး သတ်မှတ်ပေးတဲ့ အခါ (ဒီနေရာမှာ address ပေါ့) letter နဲ့ စရပါမယ်။ XML ဆိုတဲ့ စလုံးနဲ့  ဒါမှမဟုတ် သူနဲ့ ပေါင်းစပ်ထားတဲ့ စာလုံးနဲ့  စလို့ မရပါဘူး။ ":" ကို namespace အတွက် အသုံးပြုပီး၊ "_" ကို တော့ သုံးနိုင်ပါတယ်။
ို
defualt
ဒါလေးက string အမျိုးအစား တန်ဖိုးတစ်ခုကို ကျွန်တော်တို့element ရဲ့  မရှိသုံးတန်ဖိုး (default value) အဖြစ်ထည့်ပေးပါတယ်။ ဒါကြောင့် တကယ်လို့  copyright element တစ်ခုကို ဒီလိုရေးခဲ့မယ်ဆိုရင် -

<element name="copyright" default="Copyright 2008"/>


ဒါဆိုရင် <copyright> လို့ ခေါ်တဲ့ element တစ်ခုကို ဖန်တီးပီးတော့ အဲဒီ element မှာဘာတန်ဖိုး (value) မှ မထည့်ခဲ့ရင် မရှိသုံးတန်ဖိုး (default value) အနေနဲ့  Copyright 2008 ကိုယူသွားမှာဖြစ်ပါတယ်။ ဥပမာ -

<copyright></copyright>  


ဒီလိုဖြစ်နေခဲ့ရင် တန်းဖိုးမရှိတော့
Copyright 2008 သူရဲ့ တန်ဖိုး(value) အနေနဲ့ ယူသွားမှာဖြစ်တယ်။ဒါနဲ့  အတူတူပါပဲ။


<copyright>Copyright 2008</copyright> 


တကယ်လို့  တန်းဖိုးရှိခဲ့တယ်ဆိုရင်တော့ အဲဒီတန်ဖိုးကိုပဲယူပါတယ်။ မရှိသုံးတန်ဖိုး (default value) ကို မသုံးပါဘူး။

XML document file ကို ရေးတဲ့ သူက အဲဒီ element ကို တန်ဖိုး ထည့်ပေးပေးမပေးပေး မစဉ်းစားဘူး။ element တစ်ခုက တန်ဖိုး(value) တစ်ခုရှိကိုရှိရမယ်။ အဲဒီလို အချိန်မျိုးမှာ ဒီ default လေးဟာ အလွန်အသုံးကျပါတယ်။

fixed
ဒီဟာကတော့ string အမျိုးအစား တန်ဖိုးတစ်ခုကို element ရဲ့  တန်ဖိုးအဖြစ်သတ်မှတ်ပေးလိုက်ပါတယ်။ သဘောက XML Schema ဖိုင်မှာ ဒီလို ကြေညာခဲ့မယ်ဆိုရင် -

<xs:element name="info" fixed="For Information No 001"/>


ဟုတ်ပီ။ ဒါဆိုရင် XML Document ဖိုင်ထဲမှာ <info> ဆိုတဲ့ tag ရှိမယ်ပေါ့။ အဲဒီ tag လေးဟာ
For Information No 001 ဆိုတဲ့ တန်ဖိုး(value) ပါကိုပါရမယ်။

<info>For Information No 001</info>


XML Document ဖိုင်ကို ရေးတဲ့ သူကို တန်ဖိုး(value) မပြောင်း စေချင်ဘူးဆိုရင်
ဒီ fixed စွမ်းရည်ပြစကားလုံး (attribute) ကို သုံးပါတယ်။ Schema မှာ ကြေညာထားတဲ့ တန်ဖိုး (ဒီနေရာမှာ Information No 001) ကို သုံးကိုသုံးရပါတယ်။ XML Document ဖိုင်ကနေ ပြောင်းလို့ မရပါဘူး။

ဆက်ရန်။

အာကေလာ(akela)
Nov 28 , 2007 1:00 am

Tuesday, October 23, 2007

XML Schemas
(XML သဒ္ဒါ (၀ါ) XML အဓိပ္ပါယ် သတ်မှတ်မှု) - အပိုင်း ( ၁ )

Document Type Definition (DTD) ဟာ တချို့  စွမ်းဆောင်ချက်တွေကို ရယူပေးဖို့ အတွက် အကန့် အသက်ရှိပေမယ့် XML ရဲ့ သဒ္ဒါ (Schema) ကို ဖော်ပြဖို့  အတွက် တကယ်ကို ကောင်မွန်တဲ့ နည်းလမ်းတစ်ခုပါပဲ။ DTD ဟာ အမွေဆက်ခံခြင်း (inheritance)၊ နယ်နိမိတ်သတ်မှတ်ခြင်း (scoping) တို့ ကို ခွင့်မပြုပါ ဘူး။ ဒါအပြင် ဒေတာ အမျိုးအစားသတ်မှတ်ခြင်း (datatyping) ကိုလည်း DTD နဲ့ လုပ်လို့ မရပါ။ DTD က ခွင့်မပြုပေမယ့် ဒီ ကိစ္စတွေဟာ XML ဒီဇိုင်းအတွက် အသုံးဝင်တဲ့ အရာတွေပါ။ ဒါကြောင်း XML Schema မှာတော့ ဒါတွေကို လုပ်ဆောင်နိုင်အောင် ထည့်သွင်း တည်ဆောက်ခဲ့ပါတယ်။

XML Schemas ဆိုတာ သူတို့ ကိုယ်နှိက်က well-formed XML တွေပါပဲ။ ဒါဟာ XML Schemas ရဲ့  အတော်ကို ကြီးမားတဲ့ အားသာချက်တစ်ခုပါပဲ။
ရိုးရှင်းတဲ့ XML Schema တစ်ခုကို ကြည့်ရအောင်။

<?xml version=”1.0” encoding=”utf-8” ?>
<xs:schema xmlns:xs = “http://www.w3.org/201/XMLSchema”>
<xs:element name=”Occupation” type=”xs:string”/>
</xs:schema>


ဒါဟာ အလွန်ရိုးရှင်းတဲ့ schema တစ်ခုပါပဲ။ ဒီ schema က Occupation ဆိုတဲ့ element တစ်ခုကို သတ်မှတ်ပေးပါတယ်။ အဲဒီ element ရဲ့  ဒေတာ အမျိုးအစားက string ပါ။


<?xml version=”1.0” encoding=”utf-8” ?>


ပိုပြီး အသေးစိတ်ကြည့်ရအောင်။ ဒါက XML ကြေညာတာပါပဲ။ ဒီဟာလေးဟာ ဘယ် XML ဖိုင် တိုင်းရဲ့  အစမှာမဆို ပါလေ့ရှိပါတယ်။ သူက အသုံးပြုမယ့် application ကို XML ဖိုင်ဖြစ်ကြောင်း 1.0 XML Recommendation ပေါ်မှာ အခြေပြုထားကြောင်း၊ UTF-8 character encoding ကို သုံးထားကြောင်း စသည်တိုကို သိစေပါတယ်။ (XML schema ဟာ XML ပဲဆိုတာကို မမေ့ပါနဲ့ ဦး။) ဒီလို တူတဲ့ အတွက် parser တစ်ခုတည်းကို XML document ကိုရော schema အတွက်ကိုရော အသုံးပြုနိုင်ပါတယ်။

ထပ်ကြည့်မယ်ဆိုရင် ဒီလို တွေ့ ပါလိမ့်မယ်။

<xs:schema xmlns:xs="http://www.w3.org/2001/XMLSchema">


ဒီအကြောင်းလေးက xs (အနီရောင်နှင့်ပြထားသည်။) ဆိုတဲ့ Namespace ကို သတ်မှတ်ပေးပါတယ်။ ဒီမှာသုံးထားတဲ့ xs ဆိုတာ http://www.w3.org/2001/XMLSchema ရဲ့  xs ပါတဲ့ ။

ဒါကလဲ အရေးကြီးပါတယ်။ သူက နောက်ပိုင်းကျွန်တော်တို ပြောဆိုဆွေးရမယ့် နယ်နိမိတ်သတ်မှတ်ခြင်း (scoping) နဲ့  ဗားရှင်းသတ်မှတ်ခြင်း (versioning) တိုကို ဖြစ်စေပါတယ်။

<xs:element name="programmer" type="xs:string"/>


ဒါကတော့ ကျွန်တော်တို့ ရဲ့  Schema ကိုသုံးပြီး element တစ်ခုကို ကြေညာလိုက်တာပါပဲ။
ဒီနေရာက xs:element ဆိုတာမှာ xs က အပေါ်က ကျွန်တော်တို့ ကြေညာခဲ့တဲ Namespace ကိုယူသုံးလိုက်တာပါ။ သူက programmer ဆိုတဲ့ element တစ်ခုကို ကြေညာကြောင်း၊ အဲဒီ element ရဲ့  ဒေတာအမျိုးအစား က string ဖြစ်ကြောင်းတို့ ကို ပြောပြပါတယ်။ ဒီနေရာမှာ type ကလေးက XML Schema မှာ အရေးကြီးတဲ့ attribute လေးပါပဲ။ သူက ဒေတာအမျိုးအစားသတ်မှတ်ခြင်း (datatyping) ကို လုပ်ပေးတယ်လေ။

ဆက်ရန်။

ရည်ညွန်း။ ။ Using XML by David Gulbransen, et al.

အာကေလာ(akela)
Oct 23 , 2007 7:51 pm