Wednesday, October 1, 2008

for … in Statement

ဒီ for.. in ကို javascript array ရဲ့  element တစ်ခုချင်းစီကို ပတ်ချင်တဲ့ အခါမှာ သုံးပါတယ်။

ဥပမာ

<html>
<body>
<script type="text/javascript">

var x;
var mygreeting= new Array();

mygreeting[0] = "Hello";
mygreeting[1] = "World";
mygreeting[2] = "Greeting by Akela.";

for (x in mygreeting)
{
alert(mygreeting[x]);
}

</script>
</body>
</html>

အထက်ပါ ကုဒ်လေးကို ချခိုင်းတဲ့ အခါ အောက်ပါပုံအတိုင်း မြင်ရပါလိမ့်မယ်။




အာကေလာ

၂၇ စက်တင်ဘာ ၂၀၀၇

Thursday, September 18, 2008

Array တစ်ခု တည်ဆောက်ခြင်း

Javascript Array Object

Array တစ်ခုဆိုတာ variable တစ်ခုဖြစ်ပြီး တန်ဖိုးတွေ အများကြီး သိမ်းဆည်းထားလို့  ရပါတယ်။ javascript ရဲ့  array ဟာ တခြား programming ဘာသာရပ်တွေ က array တွေ လိုပါပဲ။
အောက်ပါအချက်များကို javascript မှာ array ကိုသုံးတဲ့ အခါ သိမှတ်ထားသင့်ပါတယ်။

၁။ ။ တန်းဖိုးတွေဟာ array တစ်ခုထဲကို သိမ်းဆည်းတော့မယ်ဆိုရင် array နာမည်နဲ့  နေရာကို ဖော်ပြပြီး သိမ်းဆည်းနိုင်ပါတယ်။ ဥပမာ - myFirstArray[2] = “Hello JS Array”;


၂။ ။ သိမ်းထားတဲ့ တန်းဖိုးတွေကို ပြန်ပြီးထုတ်ယူ သုံးစွဲခြင်တဲ့ အခါမှာလည်း array နာမည်နဲ့  နေရာကို ဖော်ပြပြီး ပြန်ထုတ်နိုင်ပါတယ်။ ဥပမာ - var varlue = myFirstArray[2]; (ဒါဆို ခုနက Hello JS Array ဆိုတဲ့ တန်ဖိုးကို ပြန်ရပါမယ်။)

အောက်ပါ နည်းလမ်းနဲ့  Array တစ်ခုကို တည်ဆောက်လို့ ရပါတယ်။


 Var myFirstArray = new Array(3);

ဒါဆိုရင် ကျွန်တော်တို့ရဲ့ myFirstArray ရဲ့ length property ဟာ ၃ ဖြစ်သွားပါပီ။
myFirstArray ကို value တွေထပ်ဖြည့်ရအောင်.....

myFirstArray[0] = "This is first Item"; // Javascript ရဲ့ Array က index 0 ကနေစတာပါ
myFirstArray[1] = new Object();
myFirstArray[2] = new Date();


နောက်တစ်မျိုးစမ်းကြည့်ရအောင်

var myFirstArray = new Array();
myFirstArray.push("This is first Item");
myFirstArray.push(new Object());
myFirstArray.push(new Date());


Array ရဲ့ push method ကိုသုံးရင် Array object က Array ရဲ့ length ကို auto increment လုပ်ပေးသွားပါတယ်။
အခုအချိန် myFirstArray.pop() ဆိုပီး Array object ရဲ့ pop method ကိုခေါ်လိုက်ရင် myFirstArray ရဲ့ length က ၁ လျော့သွားပါပီ။
အဲဒီလိုပဲ myFirstArray ရဲ့ အကြီးဆုံး index က value (ဥပမာ ထဲက အတိုင်းဆိုရင် new Date()) ကပျက်သွားပါတယ်။
var lastVar = myFirstArray.pop() ဆိုရင် myFirstArray ရဲ့ နောက်ဆုံး index က value က lastVar ဆိုတဲ့ variable ထဲကိုရောက်သွားပါမယ်။
myFirstArray ထဲကလည်း ပျက်သွားပါပီ။ myFirstArray ရဲ့ length property ကလည်း 2 ဖြစ်သွားပါမယ်။
(myFirstArray.length)



အာကေလာ၊ အဇူရီ
၁၄ စက်တင်ဘာ ၂၀၀၈

Fundamental concept of WCF (Microsoft Window Communication Foundation )

(ဒီပိုစ်ကို ၁၈ စက်တင်ဘာ ၂၀၀၇ အမှတ်တရ ဂုဏ်ပြု ရေးပါသည်။)

အခုနောက်ပိုင်း business solution အတွက် software တွေ ကိုရေးတဲ့အခါမှာ stand alone application တွေ တော်တော်ရှားပါးသွားပါပြီ။ distributed application တွေပဲ ရေးလာကြပါတယ်။ Microsoft ကလည်း .net framework 2.0 နဲ့  နောက်ပိုင်းတွေမှာ ဒီအတွက် အထူးတလည် ပြင်ဆင်ပေးခဲ့ပါတယ်။ စစချင်း .net remotnig နောက်ပိုင်းတော့ Window Communication Foundation (WCF) ဆိုပြီးလုပ်လာပါတယ်။ အခုကျွန်တော် ရေးမှာက WCF ရဲ့ အခြေခံပါပဲ။ Fundamental Concepts တွေပါ။ High-level View ပါပဲ။ ဒါပေမယ့် ဒါတွေ သိထားမှ ဘယ်လို အလုပ်လုပ်လည်း ဆိုတာသိနိုင်မှာဖြစ်တယ်။ ဆက်လေ့လာလို့ လွယ်ကူစေမှာဖြစ်တဲ့ အတွက်ကြောင့်ပါ။ ကြည့်ကြစို့ ရဲ့ ။

Windows Communication Foundation (WCF)

(၁) High-level Overview
(၁.၁) Messaging and Endpoints


WCF ဆိုတာ runtime တစ်ခု၊ နောက်ပြီး services နဲ့  clients တွေကြား messages တွေ ပို့ တဲ့ စနစ် (system) တွေဖန်တီးဖို့ APIs တွေစုစည်းထားတဲ့ နေရာတစ်ခုပါ။ အဲဒါကို သုံးပြီးတော့ တစ်ခုနဲ့ တစ်ခု ဆက်သွယ်လို့ ရတဲ့ application တွေကို တည်ဆောက်ယူလို့ ရပါတယ်။ အဲဒီ applications တွေဟာ ကွန်ပြုတာတစ်လုံးထဲမှာလည်း ဖြစ်ချင်ဖြစ်မယ်၊ ဒါမှမဟုတ် တခြားတနေရာ၊ တခြားနိုင်ငံ၊ တခြားကုမဏီတစ်ခု က ကွန်ပြုတာတစ်လုံးပေါ် မှာလည်းဖြစ်ချင်ဖြစ်မယ်။ ဒါပေမယ့် WCF က services တွေ၊ APIs တွေ သုံးပြီး ဆက်သွယ်လုပ်ရတယ်။ အတူတူ လုပ်ဆောင်လို့ ရတယ်။

WCF ဟာ Messaging ပေါ်မှာ အခြေခံထားတဲ့ မော်ဒယ်တစ်ခုပါပဲ။ အဲဒီထဲမှာ clients လို့ ခေါ်တဲ့ ဆက်သွယ်မှု့  (communication) ကို စမဲ့ application တွေ၊ နောက် services လို့ ခေါ်တဲ့ clients တွေ ဆက်သွယ်လာမှာကို စောင့်ဆိုင်းနေပြီး တုန်ပြန်ပေးမဲ့ application တွေပါပါတယ်။ သတိပြုရမှာက application တစ်ခုတည်းက လည်း client ရော service ပါဖြစ်နိုင်တယ်ဆိုတာပါပဲ။

Message တွေဟာ endpoints တွေကြားမှာ ပေးပို့ ခံရပါတယ်။ endpoints ဆိုတာ message တွေပို့ တဲ့ နေရာ (send) ဒါမှမဟုတ် လက်ခံတဲ့နေရာ (receive) ပါ။ အဲဒီ endpoints တွေကပဲ message ပို့ တဲ့၊ လက်ခံတဲ့ အခါမှာ လိုအပ်မဲ့ Information တွေအားလုံးကို သတ်မှတ်ပြဒါန်းပေးပါတယ်။ service တခုက တစ်ခု ဒါမှမဟုတ် တစ်ခုထက်ပိုတဲ့ endpoints တွေကို တည်ဆောက်ပေးထားတက်ပါတယ်။ client တွေကတော့ services တွေတည်ဆောက်ပေးထားတဲ့ endpoint တစ်ခုခုနဲ့ ကိုက်ညီတဲ့ endpoint တစ်ခုကို တည်ဆောက်ရပါတယ်။

Service တစ်ခုဟာ message တွေကို ဘယ်လို ပို့ ရတယ်၊ ဘယ်လို ပုံစံရှိရမယ်၊ ဘယ်ကို ပို့ ရမယ်ဆိုတာတွေ၊ အခြားလိုအပ်တဲ့ အရာတွေ အားလုံးကို metadata (data about data) အနေနဲ့ ဖေါ်ပြထားတယ်။ အဲဒီအခါ client က အဲဒီ metadata တွေ သုံးပြီး သင့်တော်တဲ့ WCF client နဲ့  Communication stack တွေကို တည်ဆောက်ပါတယ်။

(WCF client, Communication stack တွေ ဘာလဲဆိုတာ နားမလည်ရင်လည်းဆက်ဖတ်ပါ အောက်မှာ အကုန်ပြန်ပါပါတယ်။)

(၁.၂) Communication Protocols

WCF ရဲ့ အဓိကအချက်က နေရာမရွေး (နေရာမျိုးစုံက client တွေက) service တွေကို ဆက်သွယ်နိုင်တာဆိုတော့၊ network လိုလာပါတယ်။ အဲဒီ network ပေါ်မှာ သုံးမဲ့ protocols တွေဟာလည်း လိုအပ်လာပါတယ်။ ဒါကြောင့်
Communication stacks တွေရဲ့  လိုအပ်ချက် တစ်ခုကတော့ transport protocol တွေပါပဲ။ Messages တွေကို ကျွန်တော်တို့ က intranets, Internet ပေါ်ကနေ HTTP, TCP လို common transport protocol တွေ သုံးပြီး နေရာမျိုးစုံကနေ ပေးပို့  ဆက်သွယ်နိုင်ပါတယ်။ နောက်ထပ် transport တွေကတော့ Microsoft Message Queuing (MSMQ) တို့ ၊ Peer Networking mesh တို့ ပါပဲ။ တခြား transport mechanisms တွေကိုလည်း WCF ရဲ့  ပါပြီးသား (build-in) extension points တွေသုံးပြီး ထပ်ထည့်နိုင်ပါတယ်။

(၁.၃) Message Patterns

WCF မှာ အမျိုးမျိုးသော message patterns တွေကို သုံးနိုင်ပါတယ်။ request-reply၊ one-way၊ duplex communication စသည်ဖြင့်အသုံးပြုနိုင်ပါတယ်။ ကွဲပြားတဲ့ transports တွေက ကွဲပြားတဲ့ message patterns တွေကို သုံးပါတယ်။ WCF APIs နဲ့  runtime တွေက message တွေရဲ့ လုံခြုံမှုကိုလည်းလုပ်ပေးပါတယ်။

(၂) WCF Terms

(၁) message
Message ဆိုတာ data တွေပါဝင်ဖွဲ့ စည်းထားတဲ့ အစုတခု။ သူမှာ body ၊ header စတာတွေအပါအ၀င် တခြားအစိတ်အပိုင်း တွေလည်းပါဝင်တယ်။

(၂) service
Service ဆိုတာကတော့ endpoint တစ်ခု ဒါမှမဟုတ် တစ်ခုထက်ပိုပြီး တည်ဆောက်ပေး ထားတဲ့ နေရာပါပဲ။ အဲဒီ endpoint တစ်ခုစီဟာ service operation တခု ဒါမှမဟုတ် တစ်ခုထက်ပို ပြီးရှိတက်တယ်။

(၃) endpoint
Endpoint ဆိုတာ message တွေ ပို့ ရမဲ့၊ လက်ခံတဲ့ နေရာတခုပါပဲ။ တချို့  endpoint တွေ
ကလက်ခံတဲ့ ဒါမှမဟုတ် ပို့ တဲ့ အလုပ်တမျိုးကိုပဲလုပ်ပြီး ၊တချို့ ကတော့ နှစ်မျိုး လုံးကိုလုပ်ပါတယ်။ endpoint တွေူက message တွေ ပို့ ဖို့ အတွက် လိပ်စာ (address) တစ်ခု ထုတ်ပေးတားတယ်။ နောက် ဘယ်လိုနည်းနဲ့ ဆက်သွယ်လို့ ရတယ် (communication mechanism) ဆိုတဲ့ အကြောင်းအရာ သတ်မှတ်ချက်တွေ (specification) ကိုလည်း ထုပ်ပေးထားတယ်။ နောက်ဆုံး ဘယ်လို message တွေပို့ လို့  ရတယ်ဆိုတာတွေပါ ဖော်ပြပေးထားပါတယ်။ WCF service တစ်ခုဆိုတာဟာ endpoint တွေ စုစည်းထားတဲ့ နေရာတစ်ခုပါပဲ။ (is a world as a collection of service.)

(၄) address
Address တခုဟာ message တွေကို ဘယ်မှာလက်ခံမယ်ဆိုတဲ့ နေရာတခုကို ပြောပြပေးပါတယ်။ သူကို Uniform Resource Identifier (URI) အနေနဲ့ သတ်မှတ်လေ့ရှိတယ်။ ဒါကြောင့် endpoint address တွေဟာ ထပ်တူမရှိတဲ့ address (Unique Address) တွေပါ။

(၅) binding
endpoint တခုဟာ ပြင်ပ နဲ့ ဘယ်လို ဆက်သွယ်လုပ်ဆောင်မလဲဆိုတာကို binding ကသတ်မှတ်ပေးပါတယ်။ Communication Infrastructure ဖြစ်လာဖို့ အတွက် binding element တွေလို့ ခေါ်ဆိုတဲ့ components အစုလေးတွေ တခုပေါ်တခု (stack on top of the other) တည်ဆောက်ထားတယ်။ အနှိမ့်ဆုံးအနေနဲ့  binding က ဘယ်လို transports တွေသုံးမယ်( HTTP , TCP/IP) ၊ ဘယ်လို encoding တွေသုံးမယ် (text or binary) စတာတွေကို သတ်မှတ်ပေးပါတယ်။ security နဲ့ ဆိုင်တဲ့ ကိစ္စတွေ၊ endpoint ကသုံးမယ့် message pattern တွေကိုလည်း သတ်မှတ်ပေးပါတယ်။

(၆) binding element
Binding element တခုဟာ binding လုပ်ချင်းကိစ္စရဲ့ အစိတ်အပိုင်းတခုကို ကိုယ်စားပြုပါတယ်။ transport တခု၊ encoding တခု စသည်အားဖြင့်။ ဒါမှမဟုတ် communication stack ပေါ်မှာ ရှိတဲ့ ဘယ် component မဆို binding element တွေပါပဲ။

(၇) behaviors
Behavior ဆိုတာ client တခု၊ operation တခု၊ ဒါမှမဟုတ် endpoint တခု၊ service တခု ကို run-time မှာ ဘယ်လို လုပ်သလဲဆိုတာကို ထိန်းတဲ့ component တခုပါပဲ။ behavior တွေကို သူတို့ ရဲ့  scope ပေါ်မူတည်ပြီး အဖွဲ့ လေးတွေ ဖွဲ့ ထားပါတယ်။ common behaviors လို့ ဆိုရင် endpoint အားလုံးနဲ့ ဆိုင်ပါတယ်။ globally ပေါ့။ service behavior ဆိုရင် service နဲ့  ဆက်နွယ်နေတဲ့ကိစ္စ တွေနဲ့ ဆိုင်ပါတယ်။ endpoint behavior လို့ ဆိုရင် endpoint နဲ့ ဆက်နွယ်နေတဲ့ အသုံးပြုမှု တွေနဲ့  ဆိုင်ပါတယ်။ operation-level behaviors ဆိုရင်တော့ operation တစ်ခုချင်းစီနဲ့  သက်ဆိုင်ပါတယ်။ ဥပမာ- endpoint behaviors ဆိုပါစို့ ။ သူက endpoint နဲ့ ပဲဆိုင်တဲ့ အရာတွေကို ပြဥာန်းပေးပါတယ်။ security credential ကိုဘယ်မှ သွားရှာရမလဲဆိုတာမျိုးပေါ့။

(၈) configuration နဲ့  coding
Application တခုကို ထိန်းချုပ်တဲ့ ကိစ္စမှာ coding ကနေတဆင့် ၊ ဒါမှမဟုတ် configuration file ကနေတဆင့် ၊ (၀ါ) နှစ်ခုလုံး ကို သုံးပြီး လုပ်နိုင်ပါတယ်။ configuration ကနေ လုပ်တာက programmer (developer) မဟုတ်တဲ့ သူတွေကိုပါ client (၀ါ) service မှာ လိုတဲ့ အရာတွေကို coding ရေးပြီးပေ့မယ့် ပြုပြင်ခွင့်၊ ထိန်းချုပ်ခွင့် ပေးတဲ့ အားသာချက်ရှိပါတယ်။ အဲဒီလိုလုပ်တဲ့ ကိစ္စမှာ program coding ကို ပြန်ပြီး recompile လုပ်စရာမလိုပဲ သုံးလို့ ရပါတယ်။ coding ကတော့ programmer (developer) တွေကို client (၀ါ) service တွေ အပေါ်မှာ တိကျတင်းကျပ်တဲ့ ထိန်းချုပ်မှုတွေ လုပ်ဖို့  ခွင့်ပြုပါတယ်။ configuration ဖိုင်ကနေ စီစဉ်ထိန်းချုပ်ထားတဲ့ ဘယ်အရာကိုမဆို လိုအပ်တယ်ဆိုရင် coding ကနေ ပြောင်းလဲ နိုင်ပါတယ်။

(၉) service operation
Service operation တခုက service တခု လုပ်ဆောင်မဲ့ ကိစ္စတခု (operation) ကို service code တွေကတဆင့် သတ်မှတ်ထားတဲ့ ဟာကို ပြောတာပါ။ ဒီ service တခုကလုပ်ဆောင်ပေးမဲ့ အရာတွေကို WCF Client တွေဆီ method တွေအနေနဲ့  ထုတ်ပေးထားတယ်။ အဲဒီ method တွေက တန်ဖိုး တခုကို ပြန်ရင် ပြန်မယ်။ သူဆီကို arguments တွေ လက်ခံရင် လက်ခံမယ်။ ဒါမှမဟုတ် ဘာတန်ဖိုးမှ မပြန်တာ၊ ဘာ argument မှ လက်မခံတာ။ ဒီလိုလည်းဖြစ်နိုင်ပါတယ်။

(၁၀) service contract
Service contract ဆိုတာကတော့ ခုနက service operation တွေကို စုစည်းပေးထားတဲ့ အစုတစ်ခုပါပဲ။ Contract တခုကို အမျိုးမျိုးသော အဆင့်တွေ သတ်မှတ်လို့ ရတယ်။ ဥပမာ- namespace အဆင့်မှာ သတ်မှတ်တဲ့ contract။ အများဆုံးလုပ်လေ့ရှိတာကတော့ ကိုယ်ကြိုက်တဲ့ program ဘာသာရပ် (C#, VB, J#) နဲ့  interface တခုဆောက်ပြီး အဲဒီမှာ ServiceContractAttribute ဆိုတဲ့ attribute ကို ကြေညာပေးလိုက်တာပဲ။ တကယ် အလုပ်လုပ်မဲ့ service code တွေက အဲဒီ interface ကို အမွေဆက်ခံ (inherit) လိုက်တာပါပဲ။

(၁၁) operation contract
operation contract ဆိုတာကတော့ operation တစ်ခုဆီကို ပို့ ပေးရမယ့် parameters တွေ၊ ဒါမှမဟုတ် အဲဒီ operation ကနေ ပြန်မဲ့ အမျိုးအစားတွေ ကို သတ်မှတ်ပေးပါတယ်။ ကျွန်တော်တို့  service contract နဲ့  တည်ဆောက်ထားတဲ့ (အပေါ်ကအဆင့်) interface တစ်ခုမှာ operation contract ကို OperationContractAttribute ဆိုတဲ့ attribute လေးကို method ရဲ့  အပေါ်မှာ ထည့်ပေးလိုက်ရုံနဲ့  တည်ဆောက်နိုင်ပါတယ်။ အဲဒါဆို အဲဒီ method လေး (WCF အနေနဲ့ ဆို operation လေးဟာ) ဟာ operation contract နဲ့  ဖြစ်သွားပါပြီ။

(၁၂) message contract
message contract ဆိုတာက ကျွန်တော်တို့ အသုံးပြုမဲ့ မက်ဆေ့ (message) ရဲ့  ပုံစံ (format) ပါပဲ။ ဥပမာ - မက်ဆေ့ (message) တွေဟာ headers ထဲမှာ ရှိရမလား။ ဒါမှမဟုတ် body ထဲမှာပဲ ရှိရမလား။ မက်ဆေ့ တွေအတွက် ဘယ်လို လုံခြုံရေး နည်းလမ်း (security) တွေ အသုံးပြုမလဲ စတာတွေကို သတ်မှတ်ပေးတဲ့ contract ပါ။

(၁၃) fault contract
fault contract တွေဟာ service တစ်ခုမှာ အမှား (error) တွေဖြစ်လာတဲ့ အခါ ခေါ်တဲ့သူဆီ၊ service ကို သုံးတဲ့သူဆီကို အဲဒီ အမှား တွေ ပို့ ဆောင်ပေးနိုင်အောင်လို့  service operation နဲ့  ပေါင်းစပ်ထားနိုင်ပါတယ်။ Operation တစ်ခုမှာ အမှား တွေ မရှိတာလည်းဖြစ်နိုင်သလို့  အများကြီးရှိနေတာလည်း ဖြစ်နိုင်ပါတယ်။ ဒီ အမှားတွေ ကို SOAP (Simple Object Application Protocols) ရဲ့  အမှားတွေဖြစ်ပြီး programming မှာတော့ Exception တွေ အနေနဲ့  ကိုင်တွယ်ပါတယ်။

(၁၄) data contract
Service တစ်ခုက အသုံးပြုမဲ့ ဒေတာ အမျိုးအစား (data types) တွေကို ဒေတာ၂ (metadata – data about data) တွေမှာ ကြေညာပေးရပါတယ်။ ဒါမှ service ကို အသုံးပြုမဲ့ အရာတွေက ဆက်သွယ်အသုံး ပြုနိုင်မှာဖြစ်တယ်။ အဲဒီ လို ဒေတာ အမျိုးအစားတွေကို ဖော်ပြပေးတာကို data contract လို့ ခေါ်ပါတယ်။ အဲဒီ ဒေတာအမျိုးအစားတွေကို မက်ဆေ့ ရဲ့  အစိတ်အပိုင်းတစ်ခုအနေနဲ့  ထည့်ပေးနိုင်ပါတယ။် ဥပမာ - parameter အနေနဲ့  ဒါမှမဟုတ် return type အနေနဲ့ ။ တကယ်လို့  service က ရိုးရှင်းတဲ့ ဒေတာ အမျိုးအစား (int, string,lone စသည်) ကို ပဲ အသုံးပြုမယ်ဆိုရင်တော့ data contract ကို အထူးတလည် ကြေညာပေးစရာမလိုပါဘူး။

(၁၅) hosting
Service တစ်ခုဟာ process တစ်ခုပေါ်မှာ လုပ်ဆောင်ရပါတယ်။ အခံ process မရှိပဲ မရပါဘူး။ host တစ်ခုဆိုတာ application တစ်ခုဖြစ်ပြီး သူက service ရဲ့  သက်တမ်း (lifetime) ကို သတ်မှတ် ပြဥာန်းပေးပါတယ်။ Service တွေဟာ ကိုယ့်ကိုယ် အခံ (host) လုပ်ထားတာလဲ ဖြစ်နိုင်ပါတယ်။ ဒါမှမဟုတ် အခြား process တစ်ခုကို အခံ (host) လုပ်တာလည်းဖြစ်နိုင်ပါတယ်။

(၁၆) self-hosted service
Self-hosted service ဆိုတာ developer တစ်ယောက်က တည်ဆောက်ထားတဲ့ process တစ်ခု ထဲမှာ လုပ်ဆောင် (run) နေတဲ့ service ကို ခေါ်တာဖြစ်တယ်။ developer က အဲဒီ service ရဲ့  သက်တမ်းကို ထိန်းချုပ်ထားတယ်၊ service ရဲ့  properties တွေကို ကိုင်တွယ်တယ်၊ service ကို ဖွင့်တယ် ( service ဆီ ကို client က အ၀င် message လာတာကိုစောင့်ခြင်း) ၊ ပြီးတော့ service ကို ပိတ်တယ်။

(၁၇) hosting process
Hosting process ဆိုတာကတော့ application တစ်ခုဖြစ်ပြီး သူရဲ့  ရည်ရွယ်ချက်က service တစ်ခုအတွက် အခံ (host) လုပ်ပေးဖို့ ပါပဲ။ ဘာတွေပါလည်းဆိုတော့ - Internet Information Service (IIS), Window Activation Service (WAS), Windows Services တွေပါပဲ။ ဒီနည်းလမ်းမှာ အခံ (host) တွေက service ရဲ့ သက်တမ်းကို ထိန်းချုပ်ပါတယ်။ ဥပမာ - IIS ကိုသုံးပြီး service assemblyနဲ့  configuration file ပါတဲ့ virtual directory တစ်ခု တည်ဆောက်နိုင်တယ်။ ပြီးတော့ message တွေ ရောက်လာတဲ့ အခါ၊ IIS က service ကို စတင်ပြီး သူရဲ့  သက်တမ်းကို ထိန်းချုပ်ပါတယ်။

(၁၈) instancing
Service တစ်ခုမှာ instancing model တစ်ခုရှိပါတယ်။ instancing model ၃မျိုးရှိတယ်။ single - ဒီမှာ single CLR (Common Language Runtime) object တစ်ခုကပဲ client အားလုံးကို လက်ခံ လုပ်ဆောင်ပေးပါတယ်။ per call – ဒီမှာ CLR object အသစ်တစ်ခုကို client တစ်ခုဆီကို လက်ခံလုပ်ဆောင်ဖို့  အတွက် ဖန်တီးပေးပါတယ်။ per session - ဒီမှာတော့ CLR object အစု တစ်စု ကို သီခြား session တစ်ခုစီ အတွက် ဖန်တီးပေးပါတယ်။ ဘယ် ပုံစံကို သုံးမလဲဆိုတာကတော့ service ရဲ့  အမျိုးအစား အသုံးပြုမဲ့အနေအထားပေါ်မူတည်ပါတယ်။

(၁၉) client application
Client application တစ်ခုဟာ program တစ်ခုဖြစ်ပြီး သူက မက်ဆေ့ (message) တွေကို endpoints တစ်ခုကနေ တစ်ခုကို ပို့ ပေး လက်ခံ ပေးတာကို လုပ်တယ်။ ဒီ client application တွေဟာ WCF client instance တစ်ခုကို တည်ဆောက်ပြီး WCF client method ကို ခေါ်ပြီး အသုံးပြုတဲ့ အခါမှာ စတင်ဖြစ်တည်ပါတယ်။ အရေးကြီးတာ တစ်ခုကို သတိပြုရမှာက application တစ်ခုတည်းကပဲ client ရော service ရော ဖြစ်နိုင်တယ်ဆိုတာပါ။

(၂၀) WCF client
WCF client ဆိုတာ service operation တွေကို methods တွေအဖြစ် တင်ပြပေးတဲ့ client-application တစ်ခုပါပဲ။ ဘယ် application တွေမဆို service ကို အခံ (host) လုပ်ပေးတဲ့ ဟာ အပါအ၀င် WCF client တွေကို အခံ (host) အဖြစ်လုပ်ပေးနိုင်ပါတယ်။ ဒါကြောင့် service တစ်ခုဟာ အခြား service တစ်ခုရဲ့  WCF Client တွေပါရှိနိုင်ပါတယ်။
WCF client ကို ServiceModel Metadata Utility Tool (Svcutil.exe) ကို သုံးပြီး အလိုအလျွှျှောက် ထုတ်ယူနိုင်ပါတယ်။
.
(၂၁) metadata
Service တစ်ခုရဲ့  metadata တွေက အဲဒီ service ရဲ့  အချက်အလက်တွေကို ဖော်ပြပေးပါတယ်။ အဲဒီ အချက်အလက်တွေကို သုံးပြီးမှာ အပြင်က client တွေက service ကို ဆက်သွယ်လုပ်ဆောင်နိုင်မှာ ဖြစ်တယ်။ အဲဒီ metadata ကိုတွေကို ရယူအသုံးပြုပြီး serviceModel Metadata Utility Tool (svcutil.exe) က WCF client တွေနဲ့  လိုအပ်တဲ့ configuration file တွေကို service နဲ့  ဆက်သွယ်လုပ်ကိုင်ဖို့  ထုတ်ပေးနိုင်တာဖြစ်တယ်။ service တစ်ခုအတွက် metadata က ထုတ်ပေးတဲ့ ဒေတာက XML Schema documents ရယ်၊ WSDL document တို့  ဖြစ်တယ်။

(၂၂) Security
WCF ရဲ့  Secuity ဆိုတာ confidentiality ရှိခြင်း၊ (မက်ဆေ့ တွေကို ပုံဖျတ် (encryption) လုပ်ခြင်း)၊ integrity ရှိခြင်း၊ (မက်ဆေ့တွေ ပျက်ဆီးတာမျိုးကို နားလည်ခြင်း)၊ authentication (serviers နဲ့  clients တို့ မှာ ၀င်နိုင်ခွင့် ရှိခြင်း)၊ authorization (အရင်းအမြစ် (resource) တွေကို သုံးခွင့် ရှိခြင်း) စတာတွေကို ပြောတာဖြစ်တယ်။ ဒီ လို လုပ်ဆောင်ချက်တွေကို လက်ရှိ ရှိပြီးသား လုံးခြုံရေး (security) တွေဖြစ်တဲ့ TLS ၊ HTTP (HTTPS)၊ တို့ ကနေလုပ်ဆောင်နိုင်သလို၊ အသစ်ဖြစ်တဲ့ WS-* ရဲ့  လုံခြုံးရေး စံညွန်းသတ်မှတ်ချက် (security specification) ကနေလည်းလုပ်ဆောင်နိုင်ပါတယ်။

WS-*

ဒါကတော့ Web Service (WS) ရဲ့  စံညွန်းသတ်မှတ်ချက်တွေကို ညွန်းပါတယ်။ WS-Security WS-ReliableMessaging စသည်ဖြင့် WCF မှာ သုံးရမဲ့ သတ်မှတ်ချက်တွေပါ။

ဒါလေးကတော့ မိတ်ဆက် သဘောပါပဲ။
အချိန်ရရင် ဆက်ပြီးရေးပါမယ်။
ဆက်ပြီး လေ့လာနိုင်ကြပါစေဗျာ။

ရည်ညွန်း။ ။ MSDN

အာကေလာ
၁၈ စက်တင်ဘာ ၂၀၀၈



Saturday, September 13, 2008

Javascript toLocaleString() Method

အဓိပ္ပါယ်ဖွင့်ဆိုချက်

toLocaleString method လေးက Date object တခုကို လက်ရှိ စက်ရဲ့  အချိန် ပေါ်မူတည်ပြီး String အဖြစ် ပြန်ပေးပါတယ်။

အသုံးပြုပုံ

အောက်က နမူနာမှာ (စက်ထဲမှာရှိနေတဲ့) လက်ရှိ ဒီနေ့ အချိန်ကို stirng အဖြစ် ပြန်ထုတ်ရိုက်ပြပါလိမ်မယ်။


<script type="text/javascript">
var todayDateObj = new Date();// var dobDateObj = new Date('Feb 23, 1983');
var todayDateStr = todayDateObj.toLocaleString();// var dobStr = dobDateObj.toLocaleString();
document.write(todayDateStr);//document.write(dobStr);
alert(todayDateStr);//alert(dobStr);
</script>

အောက်မှာ ပြထားသလိုမျိုး (သုံးနေတဲ့ စက်ရဲ့  ပုံစံချပုံ (setting) ပေါ်မူတည်ပါတယ်။) ဘရောက်ဇာ ကနေကြည့်ရင် မြင်ရပါလိမ့်မယ်။





ရည်ညွန်း။ ။ w3school

အာကေလာ။

Wednesday, August 27, 2008

XML Schemas
(XML သဒ္ဒါ (၀ါ) XML အဓိပ္ပါယ် သတ်မှတ်မှု) - အပိုင်း ( ၅ )

အပိုင်း ( ၁ ) ၊
( ၂ ) ၊ (၄) နှင့် ( ၅) ကို အရင်ဖတ်ကြည့်စေချင်ပါသည်။



Content model တွေဖန်တီးဖို့ အတွက် <simpleType> element ကိုအသုံးပြုပါတယ်။ ဒါပေမယ့် အဲဒီ content model တွေဟာ simple content ဖြစ်နေဆဲပါပဲ။ simple content ဆိုတာ data ပဲပါပြီး child elements ဒါမှမဟုတ် mixed contents တွေ မပါတဲ့ ဟာပါ။ simple content ဖြစ်နေဆဲပေမယ့် <simpleType> က ပြုလွယ်ပြင်လွယ်၊ ပြောင်းလဲလွယ်တဲ့ အဆင့်တစ်ခုကို ဖြစ်စေပါတယ်။ (a level of flexibility) လက်ရှိ ရှိနေတဲ့ ဒေတာ အမျိုးအစား တွေမှာ ကန့် သတ်ချက်တွေ ပြုလုပ်နိုင်တာမျိုးပေါ့။

ဘာကြောင့် အဲဒီ ကန့် သတ်ချက်တွေက အသုံးဝင်ရတာလဲလို့  မေးခဲ့ရင် ဒါလေးကို တွေးကြည့်ကြမယ်။ ကျွန်တော်တို့ ပစ္စည်း တစ်ခုအတွက် ကုန်စရင်း (inventory) ကို element တစ်ခုကြေညာကြမယ်။ ဒီတော့ <inventory> ဆိုတဲ့ element လေးကို ကျွန်တော်တို့  ဖန်တီးမယ်ပေါ့။ ဒါပေမယ့် ကျွန်တော်တို့  ကြိုသိနေတယ်။ ဒီ ပစ္စည်း ဟာ အခု ၂၀၀ ထက်ပိုပြီး သိုလှောင်ရုံထဲမှာမရှိနိုင်ဘူးဆိုပါစို့ ။ လုံးဝမရှိတာကျတော့ ဖြစ်နိုင်တယ်။ ဒီလို ကန့် သတ်ချက်လေးတွေ ပါလာပြီဆိုရင်၊ နောက်ပြီး ဒီလို ဟာလေးတွေက မကြာခဏ သုံးရတော့မယ်၊ ထပ်ခါထပ်ခါသုံးရတော့မယ်ဆိုရင် ကျွန်တော်တို့ ဟာ <simpleType> ကို သုံးပြီး XML သဒ္ဒါ (Schema) ကိုကြေညာသင့်ပြီပေါ့။ အောက်မှာကြည့်မယ်။

<xs:element name="inventory">
<xs:simpleType>
<xs:restriction base="xs:integer">
<xs:minInclusive value="0"/>
<xs:maxInclusive value="200"/>
</xs:restriction>
</xs:simpleType>
</xs:element>


အဲဒီ ကြေညာချက်လေးက <inventory> လို့ ခေါ်တဲ့ element တစ်ခုကို ဖြစ်စေတယ်။ သူမှာ တန်ဖိုး (value) က 0 ကနေ ၂၀၀ အထိအမြင့်ဆုံးပါနိုင်ပါတယ်။
(တခု သတိပြုပါ။ ကျွန်တော်တို့ သုံးတဲ့ ဒေတာအမျိုးအစားဟာ XML မှာ ရှိပြီးသား ဒေတာအမျိုးအစား ဆိုတာပါပဲ။ interger အမျိုးအစားပေါ့။ ဒါကို ကျွန်တော်တို့ က restriction ဆိုတာနဲ့ ကန့် သတ်ရုံပဲ ကန့်  သတ်လိုက်တာပါ။)

ဒီလိုကြေညာခဲ့တဲ့ အတွက် တကယ်လို့  XML Document ဖိုင်ထဲမှာ ဒီလို တက်(tag) ကလေးတွေပါလာရင် အိုကေပြီး
<inventory>190</inventory>
<inventory>0</inventory>
<inventory>49</inventory>


ဒီလိုလေးတွေတော့ ပါလို့ မရဘူးပေါ့။
<inventory>201</inventory>
<inventory>250</inventory>


<simpleType> element ကို ကြေညာတဲ့ အခါတွေမှာ restriction ရယ်၊ list ရယ်၊ union ရယ်ပဲ ပါလို့  ရပါတယ်။

ထပ်သိထားရမှာက <simpleType> element မှာ id နဲ့  name ဆိုတဲ့ စွမ်းရည်ပြစကားလုံး (attributes) လေးတွေပါလို့ ရတယ်။ ဒီလို simple type တစ်ခုကို name သတ်မှတ်ပေးလို့ ရတဲ့ အတွက် အကျိုးကျေးဇူးကတော့ ကျွန်တော်တို့ ဟာ အခြား element တွေကြေညာတဲ့ အခါမှာ အဲဒီ type ကို အဲဒီ name ကိုအသုံးပြု ပြီး ပြန်ခေါ်သုံးလို့  ရခြင်းပါပဲ။ ထပ်ခါထပ်ခါ အသုံးပြုနိုင်ခြင်း ( reusable) ဖြစ်တာပေါ့။

<xs:simpleType name="currency">
<xs:restriction base="xs:decimal">
<xs:fractionDigits value="2"/>
</xs:restriction>
</xs:simpleType>

<xs:element name="price" type="currency"/>


အပေါ်က နမူနာမှာ ကျွန်တော်တို့ ဟာ price လို့ ခေါ်တဲ့ element တခုရှိတယ်။ အဲဒီ price ဟာ decimal အမျိုးအစားဖြစ်ပြီး တော့ ဒသမဂဏန်း ၂ လုံးပဲ ပါလို့ ရမယ်။

ဒီတော့ ကျွန်တော်တို့ ဟာ decimal ကို base ဒေတာအမျိုးအစားအနေနဲ့ ယူလိုက်ပြီး သူ ရဲ့ ဒသမဂဏန်းကို xs:fractionDigits တက်(tag)က တန်းဖိုး 2 ဆိုပြီး ပြောင်းလိုက်တယ်။ တကယ် decimal ဒေတာအမျိုးအစားဟာ ဒသမ ၂ လုံးပဲ ပါတာမဟုတ်ဘူး။ ဒါကြောင့် ကျွန်တော်တို့ က ဒီလို ပြောင်းပြီးတော့ မှ ကျွန်တော်တို့ ပြောင်းထားတဲ့ အမျိုးအစား (type) ကို currency လို့  simpleType ရဲ့  name မှာ ကြေညာလိုက်တယ်။ ဒသမဂဏန်း ၂ လုံးနဲ့ ဟာကို currency လို့  နာမည်ပေးလိုက်တယ်ပေါ့ဗျာ။

ပြီးတော့ XML Document ထဲမှာ အဲဒီ နာမည်ကို ယူပြီး ဒီလို သုံးလိုက်လို့ ရပါပြီ။

<xs:element name="price" type="currency"/>


တကယ်လို့  အခြား element တခု ၊ ဥပမာ- totalAmount ဆိုတဲ့ element ကလည်း price လိုပဲ ဒသမဂဏန်း ၂ လုံးဆိုရင်-

<xs:element name=”totalAmount” type="currency"/>


paymentAmount ကလည်း ဒသမ ၂ လုံးပဲ ဆိုပါစို့ ။

<xs:element name=”paymentAmount” type="currency"/>


ဆိုပြီး သုံးလိုရပါတယ်။ တွေ့ လား။ currency ဆိုတဲ့ ဒေတာအမျိုးအစားကို ပဲ ခေါ်သုံးထားတယ်။ တခါတည်း simpletype အနေနဲ့  ကြေညာပြီး ထပ်ကြေညာစရာမလို တော့ဘူး။ မဟုတ်ရင် element အသစ်တစ်ခု ဖန်တီးတိုင်း ဒသမ ၂ လုံးဆိုတာကို ကြေညာနေရမှာ။ အခု မလိုတော့ဘူး။ currency ဆိုတဲ့ name ကို ခေါ်သုံးရုံပဲ။ ဒါကို ထပ်ခါထပ်ခါ အသုံးပြုနိုင်ခြင်း ( reusable) ဖြစ်တယ်လို့ ခေါ်တယ်။ ဘယ် element ကမဆို သူတို့ ရဲ့  ဒေတာအမျိုးအစား (data type ) အတွက် သင့်လျှော်တယ်ဆိုရင် တခြား XML ရဲ့  ရှိပြီးသားဒေတာ (build in datatype – eg: Int, Decimal , etc..) တွေလိုပဲ ခေါ်သုံးနိုင်တယ်။

(သတိပြုရန်- type=”currency” ဆိုတာ XML Build-in DataType( XML မှာ အလိုအလျှောက်ပါပြီးသား ဒေတာအမျိုးအစား) မဟုတ်ဘူး။ ကျွန်တော်တို့  အပေါ်မှာ <simpleType> ဆိုပြီးကျေညာခဲ့လို့ သုံးလို ရတာ။ သူဟာ ဒေတာ အမျိုးအစားတစ်ခုလို့ ဖြစ်သွားပါတယ်။ အဲဒါကို အဓိကပြောချင်တာပါပဲ။)

ဒါဟာ XML သဒ္ဒါ (schema) ရဲ့  အလွန်ကောင်းတဲ့ အားသာချက်တစ်ခုပါပဲ။

<simpletype> မှာ ကျွန်တော်တို့  <list> <restriction> < union> တွေကိုသုံးလို့  ရတယ်လို့  ပြောခဲ့ပါတယ်။
အပေါ်မှာ <restriction> ကို သုံးပြသွားခဲ့ပါတယ်။ အခု <list> ကိုသုံးပြီး ဘယ်လို့  အားသားချက်တွေရှိလဲ၊ ဘယ်လိုကိစ္စတွေကို လုပ်လို့ ရလဲ ဆိုတာကြည့်ရအောင်။

List

List က တန်ဖိုးတစ်ခုတည်းထက် တန်ဖိုးအများကြီးကိုလက်ခံနိုင်တဲ့ ကိုယ်ပိုင် ဒေတာ အမျိုးအစားတစ်ခုကို ဖန်တီးတာကို ကြေညာချင်တဲ့အခါမှာ သုံးလို့ ရပါတယ်။ ဥပမာ - ကျွန်တော်တို့ က color ဆိုတဲ့ element လေးတစ်ခုကို တည်ဆောက်မယ်ဆိုပါစို့ ။ အဲဒီ လေးဟာ မှာ အနီ (red) ၊ အ၀ါ (yellow) ၊ အပြာ (blue) ၊ အစိမ်း (green) စသည်ဖြင့် ပါမယ်ပေါ့။ အဲဒီအခါ ကျွန်တော်တို့ က XML သဒ္ဒါ (XML schema) မှာ ဒီလိုကြေညာပေးလို့ ရတာပေါ့။

<xs:element name=”color” type=”xs:string”></xs:element>


ဒါပေမယ့် ဒီလိုကြေညာရင် ကျွန်တော်တို့ ရဲ့  <color> မှာ တန်ဖိုး (value) တစ်ခုပဲပါလို့ ရမယ်။ ဒီလိုမျိုး -
<color>red</color>  (ဒါက အနီ)
<color>green</color> (ဒါက အ၀ါ အဲလို တစ်ခုမှာ တန်ဖိုး တခုပဲပါလို့ ရမယ်)


တကယ်လို့  ကျွန်တော်တို့ က <color> မှာ တန်ဖိုးတွေ တစ်ခုထက်မက ပါစေချင်တယ်ဆိုပါစို့ ။<list> ကို သုံးပြီးလုပ်လို့  ရပြီပေါ့။

<xs:element name=”color”>
<xs:simpleType>
<xs:list itemType=”xs:string”>
<xs:restriction>
<xs:minLength value=”1”/>
<xs:maxLength value=”5”/>
</xs:restriction>
</xs:list>
</xs:simpleType>
</xs:element>


ဒီ XML Schema မှာ <simpleType> ထဲမှာ <list> ကိုထည့်ပြီး ကြေညာထားပါတယ်။ အဲဒီ <list> မှာ itemType ဆိုတဲ့ စွမ်းရည်ပြ စကားလုံး (attribute) တစ်ခုလည်းသုံးထားတယ်။ သူက ဘာကိုပြောတာလည်းဆိုတော့ ဒီ list ထဲမှာ ပါမဲ့ ဒေတာအမျိုးအစားကို ပြောပြတယ်။ ဒီမှာဆို xs:string ၊ (စာအစဉ်အတန်း) ဒေတာအမျိုးအစားပေါ့။ ဟုတ်တယ်လေ။ ပါမဲ့ တန်ဖိုးက Red, Blue, Green စသည်ဆိုတော့ string အမျိုးအစား ဒေတာပေါ့။ ပြီးတော့ ကျွန်တော်တို့  အပေါ်က သုံးဖူးတဲ့ <restriction> ကို ပြန်သုံးတယ်။ ဒီနေရာမှာတော့ ကျွန်တော်တို့ က <minLength> နဲ့  <maxLength> တက်(ဂ်) လေးကို သုံးထားတယ်။ အဲဒီ တက်(ဂ်)လေး ၂ ခုက ဘာကိုပြောလည်းဆိုတော့ <color> element ထဲမှာ ပါမဲ့ တန်းဖိုး အရေအတွက်။ အခု <list> ကိုသုံးလိုက်တော့ <color> ထဲမှာ တန်ဖိုးက တစ်ခုတည်းမဟုတ်တော့ဘူးလေ။ တခုထက်မက ပိုပြီးပါလာနိုင်ပြီ မဟုတ်လား။ ဒီတော့ ကျွန်တော်တို့ က min နဲ့  max ကိုသုံးပြီး အနှိမ့်ဆုံး ဘယ်နှစ်ခု၊ အမြင့်ဆုံး ဘယ်နှခု ပါခွင့်ရှိနိုင်သလဲဆိုတာကို သတ်မှတ်ပေးလိုက်တယ်။ ဒီမှာဆို အနှိမ့်ဆုံး ၁ ခု၊ အမြင့်ဆုံး ၅ ခုပါခွင့် ရှိတယ်ပေါ့။

သတိ။ <minLength> နဲ့  <maxLenght>တို့ က string (စာအစဉ်အတန်း) တစ်ခုလုံးရဲ့  အရှည်ကို ပြောတာမဟုတ်ပါ။ <list> ရဲ့  အရှည် (list ထဲမှာ ဘယ်နှခုပါလည်းဆိုတာ) ကိုပြောတာပါ။

ဒီတော့ ကြည့်ကြမယ်။

<color>Red Blue Green</color> ဒါဆို အားလုံးအိုကေပေါ့။ Red, Blue, Green ဆိုမှ List က ၃ ခုပဲရှိသေးတာပဲ။ ဟုတ်။

<color>Red Blue Green Black Orange Purple Brown</color> ဒီလိုတော့ မရဘူးပေါ့။ ဘာလို့  လည်းဆိုတော့ အမြင့် ဆုံး ရှိရမယ့် အရှည် ထက် ပိုများနေတယ်လေ။ အမြင့်ဆုံးအရှည်က ၅ ၊ အခုက ၇ ခု၇ှိနေတယ်။

<color></color> ဒီလိုလည်းမရဘူး။ အနည်းဆုံး တန်းဖိုး ၁ ခုပါရမယ်လို့ သတ်မှတ်ထားခဲ့တယ်။ မှတ်မိတယ်ထင်ပါတယ်။

<list> က ကျွန်တော်တို့  element ထဲမှာ တန်ဖိုးတစ်ခုထက်ပိုပြီး ထည့်ပေးချင်တဲ့ အခါ၊ အဲလို element ကို schema (သဒ္ဒါ) မှာ ကြေညာရတဲ့ အခါမျိုး အသုံးကျပါတယ်။

ဆက်ရန်။

ထပ်ရေးနေပါတယ်ဗျာ..။ :D

အာကေလာ (akela)

Aug 27, 2008 12.02 pm