Wednesday, August 27, 2008

XML Schemas
(XML သဒ္ဒါ (၀ါ) XML အဓိပ္ပါယ် သတ်မှတ်မှု) - အပိုင်း ( ၅ )

အပိုင်း ( ၁ ) ၊
( ၂ ) ၊ (၄) နှင့် ( ၅) ကို အရင်ဖတ်ကြည့်စေချင်ပါသည်။



Content model တွေဖန်တီးဖို့ အတွက် <simpleType> element ကိုအသုံးပြုပါတယ်။ ဒါပေမယ့် အဲဒီ content model တွေဟာ simple content ဖြစ်နေဆဲပါပဲ။ simple content ဆိုတာ data ပဲပါပြီး child elements ဒါမှမဟုတ် mixed contents တွေ မပါတဲ့ ဟာပါ။ simple content ဖြစ်နေဆဲပေမယ့် <simpleType> က ပြုလွယ်ပြင်လွယ်၊ ပြောင်းလဲလွယ်တဲ့ အဆင့်တစ်ခုကို ဖြစ်စေပါတယ်။ (a level of flexibility) လက်ရှိ ရှိနေတဲ့ ဒေတာ အမျိုးအစား တွေမှာ ကန့် သတ်ချက်တွေ ပြုလုပ်နိုင်တာမျိုးပေါ့။

ဘာကြောင့် အဲဒီ ကန့် သတ်ချက်တွေက အသုံးဝင်ရတာလဲလို့  မေးခဲ့ရင် ဒါလေးကို တွေးကြည့်ကြမယ်။ ကျွန်တော်တို့ ပစ္စည်း တစ်ခုအတွက် ကုန်စရင်း (inventory) ကို element တစ်ခုကြေညာကြမယ်။ ဒီတော့ <inventory> ဆိုတဲ့ element လေးကို ကျွန်တော်တို့  ဖန်တီးမယ်ပေါ့။ ဒါပေမယ့် ကျွန်တော်တို့  ကြိုသိနေတယ်။ ဒီ ပစ္စည်း ဟာ အခု ၂၀၀ ထက်ပိုပြီး သိုလှောင်ရုံထဲမှာမရှိနိုင်ဘူးဆိုပါစို့ ။ လုံးဝမရှိတာကျတော့ ဖြစ်နိုင်တယ်။ ဒီလို ကန့် သတ်ချက်လေးတွေ ပါလာပြီဆိုရင်၊ နောက်ပြီး ဒီလို ဟာလေးတွေက မကြာခဏ သုံးရတော့မယ်၊ ထပ်ခါထပ်ခါသုံးရတော့မယ်ဆိုရင် ကျွန်တော်တို့ ဟာ <simpleType> ကို သုံးပြီး XML သဒ္ဒါ (Schema) ကိုကြေညာသင့်ပြီပေါ့။ အောက်မှာကြည့်မယ်။

<xs:element name="inventory">
<xs:simpleType>
<xs:restriction base="xs:integer">
<xs:minInclusive value="0"/>
<xs:maxInclusive value="200"/>
</xs:restriction>
</xs:simpleType>
</xs:element>


အဲဒီ ကြေညာချက်လေးက <inventory> လို့ ခေါ်တဲ့ element တစ်ခုကို ဖြစ်စေတယ်။ သူမှာ တန်ဖိုး (value) က 0 ကနေ ၂၀၀ အထိအမြင့်ဆုံးပါနိုင်ပါတယ်။
(တခု သတိပြုပါ။ ကျွန်တော်တို့ သုံးတဲ့ ဒေတာအမျိုးအစားဟာ XML မှာ ရှိပြီးသား ဒေတာအမျိုးအစား ဆိုတာပါပဲ။ interger အမျိုးအစားပေါ့။ ဒါကို ကျွန်တော်တို့ က restriction ဆိုတာနဲ့ ကန့် သတ်ရုံပဲ ကန့်  သတ်လိုက်တာပါ။)

ဒီလိုကြေညာခဲ့တဲ့ အတွက် တကယ်လို့  XML Document ဖိုင်ထဲမှာ ဒီလို တက်(tag) ကလေးတွေပါလာရင် အိုကေပြီး
<inventory>190</inventory>
<inventory>0</inventory>
<inventory>49</inventory>


ဒီလိုလေးတွေတော့ ပါလို့ မရဘူးပေါ့။
<inventory>201</inventory>
<inventory>250</inventory>


<simpleType> element ကို ကြေညာတဲ့ အခါတွေမှာ restriction ရယ်၊ list ရယ်၊ union ရယ်ပဲ ပါလို့  ရပါတယ်။

ထပ်သိထားရမှာက <simpleType> element မှာ id နဲ့  name ဆိုတဲ့ စွမ်းရည်ပြစကားလုံး (attributes) လေးတွေပါလို့ ရတယ်။ ဒီလို simple type တစ်ခုကို name သတ်မှတ်ပေးလို့ ရတဲ့ အတွက် အကျိုးကျေးဇူးကတော့ ကျွန်တော်တို့ ဟာ အခြား element တွေကြေညာတဲ့ အခါမှာ အဲဒီ type ကို အဲဒီ name ကိုအသုံးပြု ပြီး ပြန်ခေါ်သုံးလို့  ရခြင်းပါပဲ။ ထပ်ခါထပ်ခါ အသုံးပြုနိုင်ခြင်း ( reusable) ဖြစ်တာပေါ့။

<xs:simpleType name="currency">
<xs:restriction base="xs:decimal">
<xs:fractionDigits value="2"/>
</xs:restriction>
</xs:simpleType>

<xs:element name="price" type="currency"/>


အပေါ်က နမူနာမှာ ကျွန်တော်တို့ ဟာ price လို့ ခေါ်တဲ့ element တခုရှိတယ်။ အဲဒီ price ဟာ decimal အမျိုးအစားဖြစ်ပြီး တော့ ဒသမဂဏန်း ၂ လုံးပဲ ပါလို့ ရမယ်။

ဒီတော့ ကျွန်တော်တို့ ဟာ decimal ကို base ဒေတာအမျိုးအစားအနေနဲ့ ယူလိုက်ပြီး သူ ရဲ့ ဒသမဂဏန်းကို xs:fractionDigits တက်(tag)က တန်းဖိုး 2 ဆိုပြီး ပြောင်းလိုက်တယ်။ တကယ် decimal ဒေတာအမျိုးအစားဟာ ဒသမ ၂ လုံးပဲ ပါတာမဟုတ်ဘူး။ ဒါကြောင့် ကျွန်တော်တို့ က ဒီလို ပြောင်းပြီးတော့ မှ ကျွန်တော်တို့ ပြောင်းထားတဲ့ အမျိုးအစား (type) ကို currency လို့  simpleType ရဲ့  name မှာ ကြေညာလိုက်တယ်။ ဒသမဂဏန်း ၂ လုံးနဲ့ ဟာကို currency လို့  နာမည်ပေးလိုက်တယ်ပေါ့ဗျာ။

ပြီးတော့ XML Document ထဲမှာ အဲဒီ နာမည်ကို ယူပြီး ဒီလို သုံးလိုက်လို့ ရပါပြီ။

<xs:element name="price" type="currency"/>


တကယ်လို့  အခြား element တခု ၊ ဥပမာ- totalAmount ဆိုတဲ့ element ကလည်း price လိုပဲ ဒသမဂဏန်း ၂ လုံးဆိုရင်-

<xs:element name=”totalAmount” type="currency"/>


paymentAmount ကလည်း ဒသမ ၂ လုံးပဲ ဆိုပါစို့ ။

<xs:element name=”paymentAmount” type="currency"/>


ဆိုပြီး သုံးလိုရပါတယ်။ တွေ့ လား။ currency ဆိုတဲ့ ဒေတာအမျိုးအစားကို ပဲ ခေါ်သုံးထားတယ်။ တခါတည်း simpletype အနေနဲ့  ကြေညာပြီး ထပ်ကြေညာစရာမလို တော့ဘူး။ မဟုတ်ရင် element အသစ်တစ်ခု ဖန်တီးတိုင်း ဒသမ ၂ လုံးဆိုတာကို ကြေညာနေရမှာ။ အခု မလိုတော့ဘူး။ currency ဆိုတဲ့ name ကို ခေါ်သုံးရုံပဲ။ ဒါကို ထပ်ခါထပ်ခါ အသုံးပြုနိုင်ခြင်း ( reusable) ဖြစ်တယ်လို့ ခေါ်တယ်။ ဘယ် element ကမဆို သူတို့ ရဲ့  ဒေတာအမျိုးအစား (data type ) အတွက် သင့်လျှော်တယ်ဆိုရင် တခြား XML ရဲ့  ရှိပြီးသားဒေတာ (build in datatype – eg: Int, Decimal , etc..) တွေလိုပဲ ခေါ်သုံးနိုင်တယ်။

(သတိပြုရန်- type=”currency” ဆိုတာ XML Build-in DataType( XML မှာ အလိုအလျှောက်ပါပြီးသား ဒေတာအမျိုးအစား) မဟုတ်ဘူး။ ကျွန်တော်တို့  အပေါ်မှာ <simpleType> ဆိုပြီးကျေညာခဲ့လို့ သုံးလို ရတာ။ သူဟာ ဒေတာ အမျိုးအစားတစ်ခုလို့ ဖြစ်သွားပါတယ်။ အဲဒါကို အဓိကပြောချင်တာပါပဲ။)

ဒါဟာ XML သဒ္ဒါ (schema) ရဲ့  အလွန်ကောင်းတဲ့ အားသာချက်တစ်ခုပါပဲ။

<simpletype> မှာ ကျွန်တော်တို့  <list> <restriction> < union> တွေကိုသုံးလို့  ရတယ်လို့  ပြောခဲ့ပါတယ်။
အပေါ်မှာ <restriction> ကို သုံးပြသွားခဲ့ပါတယ်။ အခု <list> ကိုသုံးပြီး ဘယ်လို့  အားသားချက်တွေရှိလဲ၊ ဘယ်လိုကိစ္စတွေကို လုပ်လို့ ရလဲ ဆိုတာကြည့်ရအောင်။

List

List က တန်ဖိုးတစ်ခုတည်းထက် တန်ဖိုးအများကြီးကိုလက်ခံနိုင်တဲ့ ကိုယ်ပိုင် ဒေတာ အမျိုးအစားတစ်ခုကို ဖန်တီးတာကို ကြေညာချင်တဲ့အခါမှာ သုံးလို့ ရပါတယ်။ ဥပမာ - ကျွန်တော်တို့ က color ဆိုတဲ့ element လေးတစ်ခုကို တည်ဆောက်မယ်ဆိုပါစို့ ။ အဲဒီ လေးဟာ မှာ အနီ (red) ၊ အ၀ါ (yellow) ၊ အပြာ (blue) ၊ အစိမ်း (green) စသည်ဖြင့် ပါမယ်ပေါ့။ အဲဒီအခါ ကျွန်တော်တို့ က XML သဒ္ဒါ (XML schema) မှာ ဒီလိုကြေညာပေးလို့ ရတာပေါ့။

<xs:element name=”color” type=”xs:string”></xs:element>


ဒါပေမယ့် ဒီလိုကြေညာရင် ကျွန်တော်တို့ ရဲ့  <color> မှာ တန်ဖိုး (value) တစ်ခုပဲပါလို့ ရမယ်။ ဒီလိုမျိုး -
<color>red</color>  (ဒါက အနီ)
<color>green</color> (ဒါက အ၀ါ အဲလို တစ်ခုမှာ တန်ဖိုး တခုပဲပါလို့ ရမယ်)


တကယ်လို့  ကျွန်တော်တို့ က <color> မှာ တန်ဖိုးတွေ တစ်ခုထက်မက ပါစေချင်တယ်ဆိုပါစို့ ။<list> ကို သုံးပြီးလုပ်လို့  ရပြီပေါ့။

<xs:element name=”color”>
<xs:simpleType>
<xs:list itemType=”xs:string”>
<xs:restriction>
<xs:minLength value=”1”/>
<xs:maxLength value=”5”/>
</xs:restriction>
</xs:list>
</xs:simpleType>
</xs:element>


ဒီ XML Schema မှာ <simpleType> ထဲမှာ <list> ကိုထည့်ပြီး ကြေညာထားပါတယ်။ အဲဒီ <list> မှာ itemType ဆိုတဲ့ စွမ်းရည်ပြ စကားလုံး (attribute) တစ်ခုလည်းသုံးထားတယ်။ သူက ဘာကိုပြောတာလည်းဆိုတော့ ဒီ list ထဲမှာ ပါမဲ့ ဒေတာအမျိုးအစားကို ပြောပြတယ်။ ဒီမှာဆို xs:string ၊ (စာအစဉ်အတန်း) ဒေတာအမျိုးအစားပေါ့။ ဟုတ်တယ်လေ။ ပါမဲ့ တန်ဖိုးက Red, Blue, Green စသည်ဆိုတော့ string အမျိုးအစား ဒေတာပေါ့။ ပြီးတော့ ကျွန်တော်တို့  အပေါ်က သုံးဖူးတဲ့ <restriction> ကို ပြန်သုံးတယ်။ ဒီနေရာမှာတော့ ကျွန်တော်တို့ က <minLength> နဲ့  <maxLength> တက်(ဂ်) လေးကို သုံးထားတယ်။ အဲဒီ တက်(ဂ်)လေး ၂ ခုက ဘာကိုပြောလည်းဆိုတော့ <color> element ထဲမှာ ပါမဲ့ တန်းဖိုး အရေအတွက်။ အခု <list> ကိုသုံးလိုက်တော့ <color> ထဲမှာ တန်ဖိုးက တစ်ခုတည်းမဟုတ်တော့ဘူးလေ။ တခုထက်မက ပိုပြီးပါလာနိုင်ပြီ မဟုတ်လား။ ဒီတော့ ကျွန်တော်တို့ က min နဲ့  max ကိုသုံးပြီး အနှိမ့်ဆုံး ဘယ်နှစ်ခု၊ အမြင့်ဆုံး ဘယ်နှခု ပါခွင့်ရှိနိုင်သလဲဆိုတာကို သတ်မှတ်ပေးလိုက်တယ်။ ဒီမှာဆို အနှိမ့်ဆုံး ၁ ခု၊ အမြင့်ဆုံး ၅ ခုပါခွင့် ရှိတယ်ပေါ့။

သတိ။ <minLength> နဲ့  <maxLenght>တို့ က string (စာအစဉ်အတန်း) တစ်ခုလုံးရဲ့  အရှည်ကို ပြောတာမဟုတ်ပါ။ <list> ရဲ့  အရှည် (list ထဲမှာ ဘယ်နှခုပါလည်းဆိုတာ) ကိုပြောတာပါ။

ဒီတော့ ကြည့်ကြမယ်။

<color>Red Blue Green</color> ဒါဆို အားလုံးအိုကေပေါ့။ Red, Blue, Green ဆိုမှ List က ၃ ခုပဲရှိသေးတာပဲ။ ဟုတ်။

<color>Red Blue Green Black Orange Purple Brown</color> ဒီလိုတော့ မရဘူးပေါ့။ ဘာလို့  လည်းဆိုတော့ အမြင့် ဆုံး ရှိရမယ့် အရှည် ထက် ပိုများနေတယ်လေ။ အမြင့်ဆုံးအရှည်က ၅ ၊ အခုက ၇ ခု၇ှိနေတယ်။

<color></color> ဒီလိုလည်းမရဘူး။ အနည်းဆုံး တန်းဖိုး ၁ ခုပါရမယ်လို့ သတ်မှတ်ထားခဲ့တယ်။ မှတ်မိတယ်ထင်ပါတယ်။

<list> က ကျွန်တော်တို့  element ထဲမှာ တန်ဖိုးတစ်ခုထက်ပိုပြီး ထည့်ပေးချင်တဲ့ အခါ၊ အဲလို element ကို schema (သဒ္ဒါ) မှာ ကြေညာရတဲ့ အခါမျိုး အသုံးကျပါတယ်။

ဆက်ရန်။

ထပ်ရေးနေပါတယ်ဗျာ..။ :D

အာကေလာ (akela)

Aug 27, 2008 12.02 pm

No comments: