Javascript Array Object
Array တစ်ခုဆိုတာ variable တစ်ခုဖြစ်ပြီး တန်ဖိုးတွေ အများကြီး သိမ်းဆည်းထားလို့  ရပါတယ်။ javascript ရဲ့  array ဟာ တခြား programming ဘာသာရပ်တွေ က array တွေ လိုပါပဲ။
အောက်ပါအချက်များကို javascript မှာ array ကိုသုံးတဲ့ အခါ သိမှတ်ထားသင့်ပါတယ်။
၁။ ။ တန်းဖိုးတွေဟာ array တစ်ခုထဲကို သိမ်းဆည်းတော့မယ်ဆိုရင် array နာမည်နဲ့  နေရာကို ဖော်ပြပြီး သိမ်းဆည်းနိုင်ပါတယ်။ ဥပမာ -
myFirstArray[2] = “Hello JS Array”;
၂။ ။ သိမ်းထားတဲ့ တန်းဖိုးတွေကို ပြန်ပြီးထုတ်ယူ သုံးစွဲခြင်တဲ့ အခါမှာလည်း array နာမည်နဲ့  နေရာကို ဖော်ပြပြီး ပြန်ထုတ်နိုင်ပါတယ်။ ဥပမာ -
var varlue = myFirstArray[2]; (ဒါဆို ခုနက Hello JS Array ဆိုတဲ့ တန်ဖိုးကို ပြန်ရပါမယ်။)
အောက်ပါ နည်းလမ်းနဲ့  Array တစ်ခုကို တည်ဆောက်လို့ ရပါတယ်။
Var myFirstArray = new Array(3);
ဒါဆိုရင် ကျွန်တော်တို့ရဲ့
myFirstArray ရဲ့
length property ဟာ ၃ ဖြစ်သွားပါပီ။
myFirstArray ကို
value တွေထပ်ဖြည့်ရအောင်.....
myFirstArray[0] = "This is first Item"; // Javascript ရဲ့ Array က index 0 ကနေစတာပါ
myFirstArray[1] = new Object();
myFirstArray[2] = new Date();
နောက်တစ်မျိုးစမ်းကြည့်ရအောင်
var myFirstArray = new Array();
myFirstArray.push("This is first Item");
myFirstArray.push(new Object());
myFirstArray.push(new Date());
Array ရဲ့
push method ကိုသုံးရင်
Array object က
Array ရဲ့
length ကို
auto increment လုပ်ပေးသွားပါတယ်။
အခုအချိန်
myFirstArray.pop() ဆိုပီး
Array object ရဲ့
pop method ကိုခေါ်လိုက်ရင်
myFirstArray ရဲ့
length က ၁ လျော့သွားပါပီ။
အဲဒီလိုပဲ myFirstArray ရဲ့ အကြီးဆုံး index က value (ဥပမာ ထဲက အတိုင်းဆိုရင် new Date()) ကပျက်သွားပါတယ်။
var lastVar = myFirstArray.pop() ဆိုရင်
myFirstArray ရဲ့ နောက်ဆုံး
index က
value က
lastVar ဆိုတဲ့
variable ထဲကိုရောက်သွားပါမယ်။
myFirstArray ထဲကလည်း ပျက်သွားပါပီ။
myFirstArray ရဲ့
length property ကလည်း 2 ဖြစ်သွားပါမယ်။
(myFirstArray.length)
အာကေလာ၊ အဇူရီ
၁၄ စက်တင်ဘာ ၂၀၀၈