Tuesday, October 23, 2007

XML Schemas
(XML သဒ္ဒါ (၀ါ) XML အဓိပ္ပါယ် သတ်မှတ်မှု) - အပိုင်း ( ၁ )

Document Type Definition (DTD) ဟာ တချို့  စွမ်းဆောင်ချက်တွေကို ရယူပေးဖို့ အတွက် အကန့် အသက်ရှိပေမယ့် XML ရဲ့ သဒ္ဒါ (Schema) ကို ဖော်ပြဖို့  အတွက် တကယ်ကို ကောင်မွန်တဲ့ နည်းလမ်းတစ်ခုပါပဲ။ DTD ဟာ အမွေဆက်ခံခြင်း (inheritance)၊ နယ်နိမိတ်သတ်မှတ်ခြင်း (scoping) တို့ ကို ခွင့်မပြုပါ ဘူး။ ဒါအပြင် ဒေတာ အမျိုးအစားသတ်မှတ်ခြင်း (datatyping) ကိုလည်း DTD နဲ့ လုပ်လို့ မရပါ။ DTD က ခွင့်မပြုပေမယ့် ဒီ ကိစ္စတွေဟာ XML ဒီဇိုင်းအတွက် အသုံးဝင်တဲ့ အရာတွေပါ။ ဒါကြောင်း XML Schema မှာတော့ ဒါတွေကို လုပ်ဆောင်နိုင်အောင် ထည့်သွင်း တည်ဆောက်ခဲ့ပါတယ်။

XML Schemas ဆိုတာ သူတို့ ကိုယ်နှိက်က well-formed XML တွေပါပဲ။ ဒါဟာ XML Schemas ရဲ့  အတော်ကို ကြီးမားတဲ့ အားသာချက်တစ်ခုပါပဲ။
ရိုးရှင်းတဲ့ XML Schema တစ်ခုကို ကြည့်ရအောင်။

<?xml version=”1.0” encoding=”utf-8” ?>
<xs:schema xmlns:xs = “http://www.w3.org/201/XMLSchema”>
<xs:element name=”Occupation” type=”xs:string”/>
</xs:schema>


ဒါဟာ အလွန်ရိုးရှင်းတဲ့ schema တစ်ခုပါပဲ။ ဒီ schema က Occupation ဆိုတဲ့ element တစ်ခုကို သတ်မှတ်ပေးပါတယ်။ အဲဒီ element ရဲ့  ဒေတာ အမျိုးအစားက string ပါ။


<?xml version=”1.0” encoding=”utf-8” ?>


ပိုပြီး အသေးစိတ်ကြည့်ရအောင်။ ဒါက XML ကြေညာတာပါပဲ။ ဒီဟာလေးဟာ ဘယ် XML ဖိုင် တိုင်းရဲ့  အစမှာမဆို ပါလေ့ရှိပါတယ်။ သူက အသုံးပြုမယ့် application ကို XML ဖိုင်ဖြစ်ကြောင်း 1.0 XML Recommendation ပေါ်မှာ အခြေပြုထားကြောင်း၊ UTF-8 character encoding ကို သုံးထားကြောင်း စသည်တိုကို သိစေပါတယ်။ (XML schema ဟာ XML ပဲဆိုတာကို မမေ့ပါနဲ့ ဦး။) ဒီလို တူတဲ့ အတွက် parser တစ်ခုတည်းကို XML document ကိုရော schema အတွက်ကိုရော အသုံးပြုနိုင်ပါတယ်။

ထပ်ကြည့်မယ်ဆိုရင် ဒီလို တွေ့ ပါလိမ့်မယ်။

<xs:schema xmlns:xs="http://www.w3.org/2001/XMLSchema">


ဒီအကြောင်းလေးက xs (အနီရောင်နှင့်ပြထားသည်။) ဆိုတဲ့ Namespace ကို သတ်မှတ်ပေးပါတယ်။ ဒီမှာသုံးထားတဲ့ xs ဆိုတာ http://www.w3.org/2001/XMLSchema ရဲ့  xs ပါတဲ့ ။

ဒါကလဲ အရေးကြီးပါတယ်။ သူက နောက်ပိုင်းကျွန်တော်တို ပြောဆိုဆွေးရမယ့် နယ်နိမိတ်သတ်မှတ်ခြင်း (scoping) နဲ့  ဗားရှင်းသတ်မှတ်ခြင်း (versioning) တိုကို ဖြစ်စေပါတယ်။

<xs:element name="programmer" type="xs:string"/>


ဒါကတော့ ကျွန်တော်တို့ ရဲ့  Schema ကိုသုံးပြီး element တစ်ခုကို ကြေညာလိုက်တာပါပဲ။
ဒီနေရာက xs:element ဆိုတာမှာ xs က အပေါ်က ကျွန်တော်တို့ ကြေညာခဲ့တဲ Namespace ကိုယူသုံးလိုက်တာပါ။ သူက programmer ဆိုတဲ့ element တစ်ခုကို ကြေညာကြောင်း၊ အဲဒီ element ရဲ့  ဒေတာအမျိုးအစား က string ဖြစ်ကြောင်းတို့ ကို ပြောပြပါတယ်။ ဒီနေရာမှာ type ကလေးက XML Schema မှာ အရေးကြီးတဲ့ attribute လေးပါပဲ။ သူက ဒေတာအမျိုးအစားသတ်မှတ်ခြင်း (datatyping) ကို လုပ်ပေးတယ်လေ။

ဆက်ရန်။

ရည်ညွန်း။ ။ Using XML by David Gulbransen, et al.

အာကေလာ(akela)
Oct 23 , 2007 7:51 pm


No comments: