<element> tag လေးမှာ attribute လို့ ခေါ်တဲ့ ဒီတက်လေးဟာ နာမည်ဘယ်လိုခေါ်ကြောင်း၊ ဘာဒေတာအမျိုးအစားဖြစ်ကြောင်း၊ စသည်ဖြင့် ပြောပြ ပေးမယ့် စွမ်းရည်ပြစကားလုံး (attribute) လေးတွေရှိပါတယ်။ (အောက်မှာကြည့်ပါ)
- default
- fixed
- id
- maxOccurs
- minOccurs
- name
- nillable
- ref
- substitutionGroup
- type
ဟုတ်ပီလား။ ကျွန်တော်တို့  တစ်ခုချင်းစီကို ကြည့်ကြရအောင်။ ဒါမှ element ကိုကြေညာတဲ့အခါ ဘယ်လိုတည်ဆောက်လို့  ရတယ်ဆိုတဲ့ structure ကို သိသွားမယ်။
name
ဒီ name ဆိုတဲ့ စွမ်းရည်ပြ စကားလုံး (attribute) လေးက XML document ဖိုင်တစ်ခုထဲ မှာရှိတဲ့ element တစ်ခုရဲ့  နာမည်ကို သတ်မှတ်ပေးပါတယ်။ ဥပမာ - XML Schema မှာ ဒီလို ရေးထားတယ်ဆိုပါဆို့ ။
<xs:element name="address"/>
ဒါဘာကိုပြောတာလည်းဆိုရင် ဒီ Schema ကို သုံးမယ့် XML document ထဲမှာသုံးနိုင်တဲ့ <address> ဆိုတဲ့ tag ကို ကြေညာလိုက်တာပါပဲ။ ဒီလို name ကိုတန်ဖိုး သတ်မှတ်ပေးတဲ့ အခါ (ဒီနေရာမှာ address ပေါ့) letter နဲ့ စရပါမယ်။ XML ဆိုတဲ့ စလုံးနဲ့  ဒါမှမဟုတ် သူနဲ့ ပေါင်းစပ်ထားတဲ့ စာလုံးနဲ့  စလို့ မရပါဘူး။ ":" ကို namespace အတွက် အသုံးပြုပီး၊ "_" ကို တော့ သုံးနိုင်ပါတယ်။
ို
defualt
ဒါလေးက string အမျိုးအစား တန်ဖိုးတစ်ခုကို ကျွန်တော်တို့element ရဲ့  မရှိသုံးတန်ဖိုး (default value) အဖြစ်ထည့်ပေးပါတယ်။ ဒါကြောင့် တကယ်လို့  copyright element တစ်ခုကို ဒီလိုရေးခဲ့မယ်ဆိုရင် -
<element name="copyright" default="Copyright 2008"/>
ဒါဆိုရင် <copyright> လို့ ခေါ်တဲ့ element တစ်ခုကို ဖန်တီးပီးတော့ အဲဒီ element မှာဘာတန်ဖိုး (value) မှ မထည့်ခဲ့ရင် မရှိသုံးတန်ဖိုး (default value) အနေနဲ့  Copyright 2008 ကိုယူသွားမှာဖြစ်ပါတယ်။ ဥပမာ -