Tuesday, December 4, 2007

XML Schemas
(XML သဒ္ဒါ (၀ါ) XML အဓိပ္ပါယ် သတ်မှတ်မှု) - အပိုင်း ( 3 )

အပိုင်း ( ၁ ) နှင့် ( ၂ ) ကို အရင်ဖတ်ကြည့်စေချင်ပါသည်။

id
ဒီ id စွမ်းရည်ပြစကားလုံး (attribute) လေးက ကျွန်တော်တို့ ကို ဘာလုပ်ခွင့် ပြုလဲဆိုတော့၊ element တစ်ခုအတွက် ID (Identity) ကို ကြေညာခွင့်ပြုပါတယ်။ ဒီ id ရဲ့  တန်ဖိုး (value) ဟာ element ရဲ့  Unique Key (ထပ်တူမရှိသော တန်ဖိုး) အဖြစ် လုပ်ဆောင်ပေးပါတယ်။

maxOccurs
ဒီ maxOccurs က XML Document ထဲမှာ Element တစ်ခုဟာ ဘယ်နှစ်ကြိမ် ပါဝင်ခွင့် ရှိတယ်ဆိုတာကို သတ်မှတ်ပေးပါတယ်။ ဥမပါ schemas မှာ ဒီလို ကြေညာထားမယ်ဆိုပါစို့ -

<element name="part" maxOccurs="3"/>


ဒါဆို XML Document ထဲမှာ part element လေးဟာ အများဆုံး 3 ကြိမ် ပါလို့ ရပါတယ်။ (အောက်မှာကြည့်ပါ)။

<car>
<part>wheel</part>
<part>body</part>
<part>roof</part>
</car>


မရှိသုံးတန်ဖိုး(default value) အနေနဲ့  maxOccurs ရဲ့ တန်ဖိုးဟာ 1 ဖြစ်ပါတယ်။ အနှတ်ကိန်းမဟုတ်တဲ့ တန်ဖိုးများကို လက်ခံပါတယ်။ အဲလို ဂဏန်း (interger) တွေမဟုတ်ပဲ "unbounded" လို့  တန်ဖိုးသတ်မှတ်ခဲ့ ရင် element တစ်ခုဟာ ကြိုက်သလောက် ပါနိုင်တယ်လို့ အဓ္ဓိပါယ်ရှိပါတယ်။

minOccurs

သူကတော့ maxOccurs နဲ့ ပြောင်းပြန်ပါ။ XML Document ထဲမှာ element တစ်ခုဟာ အနည်းဆုံး ဘယ်နှယ် ကြိမ်ပါဝင်နိုင်လဲဆိုတာကို သတ်မှတ်ပေးပါလိမ့်မယ်။ မရှိသုံးတန်ဖိုး (default value ) က 1 ပါ။

တကယ်လို့  feature ဆိုတဲ့ element လေးကို ကြေညာချင်တယ်ဗျာ။ အ၀တ်အထည် အတွက်ပေါ့။ အဲဒီမှာ အနည်းဆုံးအနေနဲ့  feature ၂ ခု၊ အများဆုံးအနေနဲ့  feature ၆ ခုကို ပဲ ရှိစေချင်တယ်ဆိုပါစို့ ။ ဒါဆို-

<element name="feature" minOccurs="2" maxOccurs="6">


(ကျွန်တော်တို့  Database နဲ့ တွဲသုံးတဲ့ အခါ၊ Database မှာ attribute(colum) ရဲ့  value က allow null (တန်ဖိုး မထည့်လည်း ရတဲ့ column) ဆိုရင်၊ XML တွဲပြီးအလုပ်လုပ်တဲ့ အခါ၊ minOccurs ကို 0 တန်ဖိုး ပေးလိုက် ဒါဆို အဲဒီ element (tag) ကမပါလည်း ရသွားပြီး။ ဟုတ်။)

nillable
ဒီဟာလေးကတော့ boolean တန်ဖိုး ဖြစ်တဲ့ true နဲ့  false တစ်ခုခုကို လက်ခံပါတယ်။ သူက ဘာကိုပြောသလဲ ဆိုတော့ element တစ်ခုဟာ ဘာမှမပါတာ(nillable)ကို လက်ခံလားမခံလားဆိုတာကိုပဲ။ လက်ခံတယ် (true) ရင် element တစ်ခုဟာ EMPTY element ဖြစ်နိုင်ပါတယ်။

<part></part> (၀ါ) <part/> (empty element)


ref

သူကတော့ နည်းနည်း ရှုပ်သလို ရှိတယ်။

ref စွမ်းရည်ပြစကားလုံး (attribute) လေးဟာ global ကြေညာထားတဲ့ elemnt တစ်ခုကို ပြန်ပြီး တော့ သုံးချင်တဲ့ အခါမှာ အသုံးပြုပါတယ်။ ဥမပါ ကြည့်ရအောင် -

<xs:schema>
<xs:element name="full_name" type="xs:string"/>
<xs:element naem="supervisor">
<xs:complexType>
<xs:element ref="full_name"/>
</xs:complexType>
</xs:element>
<xs:element name="employee">
<xs:complexType>
<xs:element ref="full_name"/>
</xs:complexType>
</xs:element>
</xs:schema>


ဒီ ဥပမာလေးမှာ full_name element လေးတစ်ခုကိုကြေညာထားပါတယ်။ ပီးတော့ ref attribute ကို သုံးပြီး တော့ supervisor နဲ့  employee element တို့ မှာ ပြန်ညွန်းထားပါတယ်။ ဒီနေရာမှာဘာ ကအရေးကြီးလဲဆို full_name ကို global scope မှာ ကြေညာရတာပါပဲ။ ref ကို သုံးချင်ရင်၊ အသုံးခံရမယ့် element ဟာ global ဖြစ်စေ၊ သုံးမယ့် element နဲ့  level တစ်ခုတည်းမှာဖြစ်စေရှိရပါမယ်။ အပေါ်ဥပမာဆိုရင်၊ full_name elemnt ဟာ (အနီရောင်) ပြန်ပြီး reference လုပ်မဲ့ ဟာနှစ်ခု (အစိမ်းရောင်) တို့ ရဲ့  အပြင် global scope မှာရှိ နေတယ်။ ဟုတ်။ နောက်သတိပြုရမှာတစ်ချက်က ref ကို global ကြေညာမယ့် element မှာ မသုံးဘူးဆိုတာပါပဲ။ (အပေါ်ဥပမာဆိုရင်၊ full_name မှာ ref မသုံးထားပါ)

ဒါကြောင့် သဘေားတရားအရ အောက်ပါဥပမာမျိုး ကို လုပ်လို့ မရပါဘူး။

<xs:element>
<xs:element name="full_name" type="xs:string"/>
<xs:element ref="full_name" type="xs:string"/>
<xs:schema>


သဘောပေါက်တယ်ဟုတ် :D ။

လောလောဆယ်တော့... .
ဆက်ရန်။ (အားသေးဘူးဗျာ)။

အာကေလာ(akela)
Dec 04 , 2007 9:23 pm

No comments: