Saturday, August 4, 2007

Scope in JavaScript (part 1)
(JavaScript မှာရှိသော နယ်နိမိတ် သဘောတရား) - အပိုင်း ၁

Scope ဆိုတာ JavaScript programming ဘာသာရပ်မှာမှာ အခြေခံကျတဲ့ အမြင် (aspects) တစ်ခုပဲဖြစ်ပါတယ်။ တစ်ခါတလေ ရှုပ်ထွေးတဲ့ ပရိုဂရမ်တွေကို ရေးတဲ့အခါ ဒုက္ခအရောက်ဆုံး အရာလည်းဖြစ်နိုင်ပါတယ်။

JavaScript ပရိုဂရမ်တစ်ပုဒ်ရဲ့ ဘယ်အစိတ်အပိုင်းမဆိုဟာ Execution Context တစ်ခု ဒါမှမဟုတ် အခြား Execution Context တစ်ခုထဲ မှာ လုပ်ကိုင်ရပါတယ်။ Execution Context တွေကို ကျွန်တော်တို့  ကုဒ်တွေပါဝင်တဲ့ အိမ်နီးနားချင်းတွေလို့  ယူဆနိုင်ပါတယ်။ ကုဒ်တစ်ကြောင်း တိုင်းဟာ သူဘယ်ကနေလာတယ်။ သူ့ ရဲ့ အိမ်နီးနားချင်းတွေက ဘယ်သူတွေပါ။ဒါတွေကို ပြောပြပါလိမ့်မယ်။ ဒီ Execution Context တွေဟာ အရေးကြီးပါတယ်။သူတို့ ကို ပွင်နေ့ တဲ့ ၊ ဖွင့် ထားတဲ့ အပိုင်း အခွဲငယ်လေးတွေလို့ ယူဆတာထက်၊ အစည်းအတား ရှိတဲ့ ဆက် သွယ်မှု့ နယ်ပယ်လေးတွေ (gated communities) လို့ ယူဆရင်ပိုကောင်းမယ်လို့  ထင်ပါတယ်။

ဒီအစည်းအတား နယ်ပယ်တွေကို ကျွန်တော်တို့ က scope လို့  ပြောဆိုကြတယ်။ သူတို့ ဟာ ဒီ Execution Context တစ်ခုစီရဲ့  ဥပဒေသ သဘောသဘာဝ (Ruls and Laws) တွေ ရဲ့ သက်ရောက်မှု့ ကို သတ်မှတ်ပေးမှာဖြစ်လို့  အရေးကြီပါတယ်။ ဒါကို Execution Context ရဲ့  Scope Change လို့ ခေါ် ပါတယ်။ Execution Context တစ်ခုထဲမှာ ရှိတဲ့ ကုဒ်တွေဟာ အဲဒီ Execution Context ရဲ့  Scope Change မှာ ပါဝင်တဲ့ စာရင်း (list) အတိုင်းပဲ Variable တွေကို အသုံးပြုလို့ ရပါတယ်။

method တစ်ခု ကို အလုပ်လုပ်ခိုင်း(Evaluate) ပြီဆိုရင် Execution context အသစ်တစ်ခုကို ဖန်တီးတည်ဆောက်ပါတယ်။ ပြီးတော့ သူရဲ့  scope ကို အဲဒီ method ကိုကျေညာထားတဲ့ နေရာမှာရှိတဲ့ scope chain ထဲမှာ သွားပြီးပေါင်းပါတယ်။ Execution Context တစ်ခုရဲ့ scope ကိုကြည့်တဲ့အခါ အတွင်းမှ အပြင်ကို (locally then globally)တဆင့်ခြင်းတက်ပြီးကြည့်ပါတယ်။ ဒါကဘာကိုပြောတာလဲဆိုတော့ အတွင်း (local) က အပြင်(global ) ထက်ပိုပြီးဦးစားပေးခံရပါတယ်။ ဥပမာ - နာမည်တူနေတဲ့ variable နှစ်ခု၊ တစ်ခု က အတွင်း (local) ၊ အခြားတစ် ခုကအပြင် (Global) ဆိုဖြစ်ခဲ့တယ်ဆိုပါတော့။ ဘယ် variable ကို ယူမလဲဆိုရင် local variable ကို ပဲ ယူပါတယ်။

this? ဘာလဲ this ဆိုတာ။

Execution context တိုင်းက scope chain ကို ဖန်တီးတည်ဆောက်ရုံမက this ဆိုတဲ့ keyword လေးတစ်ခုလည်းရှိပါသေးတယ်။ ပုံမှန်အား ဖြင့်ဆိုရင်တော့၊ ဒီ this လေးက identity function လေးပါ။ အိမ်နီးချင်း context တွေကို သူ တို့ ကိုသူတို့ ဘယ်လို ပြန်ပြီး ညွန်လို့ ရနိုင်မလဲ ဆိုတာ ကိုလည်း ပြောပြပါတယ်။ ဒါပေမယ့်. ကျွန်တော်တို့ ဟာ ဒီအချက်ပေါ်မှာ အမြဲတမ်း မှီတည် နေလို့  မရပါ ဘူး။ အခြားအိမ်နီးချင်း context တွေထဲကို ဘယ်လို ရောက်သွားတာလဲအပေါ်မူတည်ပြီး this ရဲ့ အဓိပါယ်က လုံးဝကွဲပြားသွားပါတယ်။ အခြားအိမ်နီးချင်း context တွေထဲ ဘယ်လို ရောက်သလဲဆိုတာဟာ this လေးက လက်ရှိ ဘာကို ညွန်းနေလဲလို့ ဆိုလိုတာပါ။

Object-oriented programming မှာ လက်ရှိ ရှိနေတဲ့ လုပ်ကိုင်နေတဲ့ object ကို ပြန်လည်ညွန်းပြီးသုံး နိုင်ဖို့ အတွက် နည်းလမ်းလို ပါတယ်။ this က ဒီလို အပ်ချက်ကို ဖြည့်စည်းပေးပါတယ်။ object တွေကို သူတို့ ကို သူတို့ ပြန်ညွန်းဖို့ နဲ့ ၊ သူတို ပိုင်ဆိုင်တဲ့ properties တွေ၊ methods တွေကို ပြန်သုံးဖို့  this က လုပ်ပေးပါတယ်။ အောက်ပါ အချက် ၄ ချက်က စဉ်းစားဖိုကောင်းပါတယ်။

၁။ Calling an Object’s Method (Object တစ်ခုရဲ့  method ကို ခေါ်ခြင်း)

<script type = “ text/javascript”>
var _phoLay = {
_answer: “I’m Pho
Tay.”,
tell:function() {
return this._answer;
}
};
var _whoAmI = _phoLay.tell ();
</script>


ဒီကုဒ်လေးတွေဟာ _whoAmI ဆိုတဲ့ object တစ်ခုကို ဖန်တီးပါတယ်။ ပြီးတော့ သူရဲ့  property ဖြစ်တဲ့ _answer ဆိုတဲ့ variable ထဲကို “I’m Pho Tay.” ဆိုတဲ့ စာအစဉ်အတန်း (String) တစ်ခု ထည်ပါတယ်။နောက် tell ဆိုတဲ့ method တစ်ခုကိုကြေညာပါတယ်။ ဒီ method ကို အလုပ်လုပ်ခိုင်းတဲအခါ JavaScript က execution context တစ်ခု တည်ဆောက်ပါတယ်။ this ကိုတော့ နောက်ဆုံးး “.” (dot) ရဲ့  ရှေမှာ ရှိတဲ့ ဘယ် object ကိုမဆို ညွန်းခိုင်းပါတယ်။ ဒီမှာ တော့ _whoAmI ပေါ့။ (_whoAmI.tell() လေ။) tell() ဆိုတဲ့ method လေးထဲ မှာတော့ this က နေတဆင့် သူပိုင်တဲ့ property ကိုကြည်ပါတယ်။ ပြီးတော့ အဲဒီ property ၊ this._answer ထဲက တန်ဖိုးကို return ပြန်ပါတယ်။ (I’m Pho Tay.)။

၂။ Constructor (Constructor ကို ခေါ်ခြင်း)


အပေါ်ကလို ပါပဲ။ new ဆိုတဲ့ keyword ကို သုံးပြီး function တစ်ခုကို constructor အဖြစ်သုံးတဲ့ အခါ၊ this ကို ဖန်တီးခံရတဲ့ object ကို ညွန်းတဲ့ အရာအနေနဲ့  သုံးနိုင်ပါတယ်။


<script type = “text/javascript”>
function aboutMe(answer) {
this._answer = answer;
this.tell = function() {
return this._answer;
}
}
var _phoLay = new aboutMe(“I’m pho lay.”);
var _whoAmI = _phoLay.tell();
</script>


ဒီကုဒ်မှာ တော့ phoLay object ကို ကိုယ်တိုင်တိုက်ရိုကိ explicitly ဖန်တီးမယ့်အစား ၊ aboutMe ဆိုတဲ့ function တစ်ခုကို ရေးလိုက်ပါတယ်။ ပြီးမှ phoLay ကို aboutMe ရဲ့  instance အဖြစ် new keyword ကနေတဆင့် ရယူပါတယ်။ new aboutMe() ဆိုတဲ့ method လေးကို အလုပ်လုပ်(execute)လုပ်ခိုင်းတဲ့အခါ ၊ နောက်ကွယ်မှာ လုံးဝကွဲပြာခြားနားတဲ့ object တစ်ခုကို ဖန်တီးတည်ဆောက်ပါ တယ်။ aboutMe() ကိုခေါ်တဲ့အခါ ၊ this ကို အဲဒီ ဖန်တီးထားတဲ့ object ကို ညွန်းစေပါတယ်။ this က တခြား variable တွေလို scope chain ကနေ ရယူတာမဟုတ်ပါ။ ဒါပေမယ် သူက context by context ပေါ်မူတည်ပြီး ညွန်းတာပြောင်းလည်းပါတယ်။ context တစ်ခုကနေ တစ်ခုကိုပြောင်းရင် reset လုပ်ခံရပါတယ်။

၃။ Function Call (Function ခေါ်ခြင်း)


တကယ်လို့  ပုံမှန်ရေးသလို ပဲပေါ။ နေ့ စဉ်ရေးလေ့ရှိတဲ့ function လိုမျိုး ရှုပ်ထွေးတဲ့ object တွေမပါခဲ့ဘူးဆိုရင် this က ဘာကိုဆိုလိုသလဲ။


<script type = “text/javascript”>
function testing_this() {
return this;
}
var whatIsThis = testing_this();
</script>

ဒီမှာ this က ဘာကိုညွန်းပါသလဲ။ new keyword ကိုသုံးပြီး context တစ်ခုလည်းမလုပ်ထားဘူး။ သူဘာကိုညွန်းပါသလဲ။ ဒီနေရာမှာ this ဟာ Global အကျဆုံးအရာကို ညွန်းပါတယ်။ ဥပမာ - web page တွေမှာဆိုရင် global အကျဆုံးက window object ပါ။ this က window object ကို ညွန်းပါလိမ့်မယ်။

၎။ Event Handler (Event များကို ကိုင်တွယ်ခြင်း)


နည်းနည်းပိုပြီးရှုပ်ထွေးတဲ့ function calling တွေမှာ၊ ဥပမာ- onclick event ကို ကိုင်တွယ်ဖို့  function တစ်ခုသုံးမယ်ဆိုပါစို့ ။ event ဖြစ်ပွားတဲ့ အခါ this ကဘာ ကို ညွန်းမလဲ။ ဒီအတွက် ရိုးရှင်းတဲ့အဖြေတစ်ခုကို မပေးနိုင်ခဲ့ကြပါဘူး။

ဆက်ရန်။

အာကေလာ(akela)
August 4,2007 1:50 am

မှတ်ချက်။ ။ဖတ်မိသော article တစ်ခုကို ကြိုက်မိ၍ တက်နိုင်သမျှ မြန်မာလို ပြန်လည်ရေးသားထာပါတယ်။
ပျော်ရွင်ချမ်းမြေ့ ကြပါစေ။



1 comment:

Anonymous said...

Oi, achei teu blog pelo google tá bem interessante gostei desse post. Quando der dá uma passada pelo meu blog, é sobre camisetas personalizadas, mostra passo a passo como criar uma camiseta personalizada bem maneira. Se você quiser linkar meu blog no seu eu ficaria agradecido, até mais e sucesso.(If you speak English can see the version in English of the Camiseta Personalizada.If he will be possible add my blog in your blogroll I thankful, bye friend).