Saturday, August 18, 2007

Scope in JavaScript (part 2)
(JavaScript မှာရှိသော နယ်နိမိတ် သဘောတရား) - အပိုင်း ၂


(အပိုင်း ၁ ကို အရင်ဖတ်ကြည့်စေချင်ပါသည်။)

တကယ်လို့  event handler က Inline ဖန်တီးထားတယ်ဆိုရင်၊ this က အားလုံးနဲ့ ဆိုင်တဲ့  window object ကို ညွန်းပါတယ်။

<script type="text/javascript">
function click_handler()
{
alert(this); // alerts the window object
}
</script>
…..
<button id='thebutton' onclick='click_handler()'>Click me!</button>


တကယ်လို့  များ event handler ကို javaScript ကနေတဆင့် ဖန်တီးထားတယ်ဆိုရင်၊ this က event ကို ရိုက်ထုတ်လိုက်တဲ့  DOM (Document Object Model) ကို ညွန်းပါလိမ့်မယ်။


<script type="text/javascript">
function click_handler()
{
alert(this); // alerts the button DOM node
}
function addhandler() {
document.getElementById('thebutton').onclick = click_handler;
}
window.onload = addhandler;
</script>
...
<button id='thebutton'>Click me!</button>


scope က ဘယ်လို့  ရှုပ်ထွေးတာလဲ..

ကဲ၊ ကျွန်တော်တို့  နောက်ဆုံး ဥပမာလေးကို ပဲ ထပ်ပြီးပြင်ကြမယ်။ button ကို နှိပ်လိုက်တဲ့အခါတိုင်း click_handler ကို အလုပ်လုပ်ခိုင်း မဲ့ အစား aboutMe ဆိုတဲ့ method ကို မေးခွန်းမေးပါမယ်။ ကုဒ်တွေက ရိုးရှင်းပါတယ်။ အောက်မှာကြည့်ပါ။



<script type = “text/javascript”>
function aboutMe(answer)
{
this._answer = answer;
this.tell = function() {
alert(this._answer);
}
}
function addhandler()
{
var _president = new aboutMe(“I am the president.”),
var the_button = document.getElementById('thebutton');
the_button.onclick = _ president.tell();
}
window.onload = addhandler;
</script>


ဟုတ်တယ်ဟုတ် :D။ ရှင်းရှင်းလေးပဲမလား။ ဘာများရှုပ်လို့ လဲဗျာ။ button ကို နှိပ်လိုက်တဲ့အခါ _president.tell() ကို အလုပ်လုပ်စေပါတယ်။ ဒီတော့ I am the president ဆိုတဲ့ စာအစဉ်အတန်း(string) ကို ရိုက်ထုတ်ပြမယ်လေ။ ဟုတ်.. ဘာမှမရှုပ်ဘူး။ ဒါပေမယ့် web browser က တကယ်တမ်းဘာရိုက်ထုတ်ပြလဲ။ စမ်းကြည့်စေချင်ပါသည်။

စမ်းပြီးပြီ..ဟုတ်။ :) ကြည့်... ဘာများအမှားလုပ်ခဲ့ပါလိမ့်။ :|

ပြသာနာကတော့..။ ကျွန်တော်တို့  tell() ကို button ရဲ့  onclick event ကို ကိုင်တွယ်ဖို့  reference အဖြစ်ပို့  ပေးခဲ့  ပါတယ်။ (the_button.onclick = _president.tell();)။ အဲဒီအခါ tell() ဟာ ( event handler အဖြစ် အလုပ်လုပ်နေတဲ့ အတွက်) မတူကွဲပြားတဲ့ execution context တစ်ခုထဲမှာ အလုပ်လုပ်(Run) ပါတယ်။ လွယ်လွယ် ပြောရရင်တော့ tell() ထဲမှာရှိတဲ့ this keyword က event ကို ရိုက်ထုတ်လိုက်တဲ့ DOM (Document Object Model) (ဒီနေရာမှာတော့ button ပေါ့) ကို ညွန်းပါတယ်။ သူဟာ aboutMe ရဲ့  object မဟုတ်တော့ပါဘူး။ DOM Element ဖြစ်တဲ့ button မှာ _answer ဆိုတဲ့ property မရှိပါဘူး။ ဒါကြောင့် browser က “I am the president” အစား underfined ကို ရိုတ်ထုတ်ပြပါတယ်။

ဒီလို ဖြစ်ရပ်မျိုးက ကျွန်တော်တို့  program တွေမှာ မမျော်လင့် ပဲဖြစ်တက်ပါတယ်။ နောက်ပြီး အမှားကို ရှာဖို့  တခါတလေ မှာ အတော်ခက်ခဲ ပါတယ်။ ဥပမာ - ကျွန်တော်တို ဖန်တီးထားတဲ့ object (ဒီနေရာမှာ aboutMe ပေါ့) ရဲ့  property နာမည် (name) က event ကို ရိုတ်ထုတ်လိုက်တဲ့ DOM ရဲ့  property နာမည် (name) နဲ့  သွားတူနေခဲ့မယ်ဆိုရင် လွယ်လွယ် အဖြေရှာဖို့  မဖြစ်နိုင်တော့ပါဘူး။

ဆက်ရန်။

အာကေလာ(akela)
August 17,2007 3:40 pm

မှတ်ချက်။ ။ပိုစ်တစ်ခုနဲ့ တစ်ခုကြား အချိန်ကွာဟလွန်းနေပါတယ်။ နောက်ဆို မကွာအောင်ရေးသွားပါမယ်။

No comments: