Saturday, August 18, 2007

Scope in JavaScript (part 3)
(JavaScript မှာရှိသော နယ်နိမိတ် သဘောတရား) - အပိုင်း ၃

(အပိုင်း ၁ နဲ့  ၂ ကို အရင်ဖတ်ကြည့်စေချင်ပါသည်။)

Context များကို .apply() နဲ့  .call() မတ်သတ်(method) များသုံးပြီး ကိုင်တွယ်ခြင်း

တကယ်တော့ ကျွန်တော်တို့ လို ချင်ခဲ့တာဟာ object ရဲ့  မတ်သတ်(method) ကို events(အဗင့်) လိုမျိုး၊ setTimeout() လို မျိုး ကိုကိုင်တွယ်ဖို့  သုံးတဲ့အခါကျရင် အဲဒီ method(မတ်သတ်)ကို သူရဲ့  native context(မူလ ကွန်းတက်) ထဲမှာပဲ အလုပ်လုပ်(run) စေချင်တာပါ။ လူသိနည်းတယ်လို့  ဆိုနိုင်တဲ့ မတ်သတ် ၂ ခုရှိပါတယ်။ apply() နဲ့  call() ပါ။ ဒီ မတ်သတ်နှစ်ခုကို သုံးခြင်းအားဖြင့် ကျွန်တော် တို့  ဟာ this ရဲ့  default value အပေါ်ကို လွှမ်းပြီး(override) ရေးနိုင်ပါတယ်။

<script type="text/javascript">
var _president = {
_answer: "I am the president"
};
var _secretary = {
_answer: "I am the secretary of president"
};
function aboutMe(greetingWord)
{

return greetingWord + " " +this._answer;
}
var whatTheysays;
whatTheysays = aboutMe.call(_president, "Hello My Country,");
alert(whatTheysays);
whatTheysays = aboutMe.call(_secretary, "Hello My Officer,");
alert(whatTheysays);
</script>


ဘယ်လိုလဲ :D ။ အလုပ်လုပ်တယ်ဟုတ်။ :P။

ဒီဥပမာလေးမှာဆိုရင် ကျွန်တော်တို့  president object ရယ် secretary object ရယ်ဆိုပြီး object နှစ်ခု ဖန်တီးလိုက်ပါတယ်။ သူတို တစ်ခုစီမှာ _answer ဆိုတဲ့ property ကို နာမည် (name) အတူတူပေးလိုက်ပါတယ်။ ပြီးတော့ aboutMe() ဆိုတဲ့ function တစ်ခုကိုဖန်တီး လိုက်ပါတယ်။အဲဒီ function က parameter တစ်ခုကိုလက်ခံပါတယ်။ greetingWord ပါ။ အဲဒီ function ထဲမှာ greetingWord ရယ်၊ သူဘယ်သူလဲဆိုတာကိုပြောတဲ့ စာအစဉ်အတန်း(string) (this._answre) ရယ်ကိုပေါင်းပြီးပြပါတယ်။ သတိထားမိလား.. this က call() ကပိုလိုက်တဲ့ object ပေါ်မူတည်ပြီးပြောင်းလဲသွားပါတယ်။ president ဆိုရင် this.answer ဟာ _president ရဲ့  _answer ဖြစ်သွားပြီး၊ _secretary ဆိုရင် _secretary ရဲ့  _answer ဖြစ်သွားပါတယ်။ ဟုတ်။ ဒါဘာကြောင့်လဲ ဆိုတော့ call() မတ်သတ်(method) ကြောင့်ဖြစ်ပါတယ်။ ပုံမှန်သာ aboutMe() ကို ခေါ်တယ်ဆိုရင် အားလုံးဟာ undified ပါပဲ။ ဘာလို့  ဆိုတော့ global object ဖြစ်တဲ့ window မှာ _answer ဆိုတဲ့ property မရှိပါဘူး။ ( ကျွန်တော်တို့  က window object မှာ ကိုယ်ဖသာ ဒီ _answer ကို မဖန်တီးထားဘူးခဲ့ရင် မရှိဘူးလို့  ပြောတာပါ။) ဒီ call() မတ်သတ်လေးက ကျွန်တော်တို့ လိုချင်နေတာနဲ့  အားလုံးကွက်တိပဲမဟုတ်လား။ :D ။

apply() က call() နဲ့ တူတူပါပဲ။ အားလုံး တပုံစံပဲ အလုပ်လုပ်ပါတယ်။ တစ်ခုပဲကွဲတယ်။ဘာလဲဆိုတော့ apply() က arguments (parameters) တွေကို array အနေနဲ့ လက်ခံပါတယ်။ ဒီ apply() မတ်သတ်က function တစ်ခုဟာ parameters တွေကို ဘယ်နှစ်ခုလက် ခံမယ်ဆိုတာကို သေချာမသိတဲ့ အခါမျိုးမှာ အလွန်အသုံးဝင်ပါတယ်။

<script type="text/javascript">
.........
.........
whatTheysays = aboutMe.apply (_president, ["Hello My Country,"]);
alert(whatTheysays);

whatTheysays = aboutMe.apply (_secretary, ["Hello My Officer,"]);
alert(whatTheysays);
</script>


apply() နဲ့  call() တိုဟာ သူဟာနဲ့ သူ အလွန် အသုံးဝင်ပါတယ်။ ဒါပေမယ် ဒီ နှစ်ခုဟာ တကယ်တော့ ကျွန်တော်တို့ လိုချင်တာရဲ့  လမ်းတ ၀တ်မှာပဲရှိနေပါသေးတယ်။ event handler အနေနဲ့ သုံးမယ်ဆိုရင်လေ။ ဒီကုဒ်လေးတွေကို ကြည့်လိုက်ပါဦး။

function addhandler() 
{
var _president = new aboutMe(“I am the president.”),
var the_button = document.getElementById('thebutton');
the_button.onclick = _ president.tell.call(_president);
}


စမ်းကြည့်ပြီးပြီ ဟုတ်။ ပြသာနာက call() ရော apply() က ချက်ခြင်း အလုပ်လုပ်(execute) လုပ်တာပါပဲ။ event handler အနေလုပ်တဲ့ အခါ event ကို ရိုတ်ထုတ် (fire) လိုက်တဲ့ အချိန်မှ မတ်သတ်(method) ကို အလုပ်လုပ်(Run) တာမဟုတ်ပဲ ချက်ခြင်းအလုပ်လုပ် တာက ပြသာနာပါ။ ဒီအတွက် နောက်ထပ်လူ သိနည်းတဲ့ function တစ်ခုရှိနေပါတယ်။ အလွန်အသုံးဝင်တဲ့ function ပါ။

ဆက်ရန်။

အာကေလာ(akela)
Augest 18, 2007 11:21 pm

No comments: