Wednesday, August 1, 2007

ရေးသူ - သန့် ဇော်မင်း
နေ့ စွဲ - july 31,2007
----------------------------------

C++ Programming Language (အပိုင်း - ၂)

Variable Declaration

ဒီတခေါက် ကျွန်တော်တို့ variable declaration အကြောင်းစလိုက်ရအောင်။ variable declaration ဆိုတာက ကျွန်တော်တို့ရေးတဲ့ programမှာ အသုံးပြုမယ့် variable တွေကို ကြိုတင်ကြေငြာတာ ဖြစ်ပါတယ်။ ကျွန်တော်တို့ program အလုပ်လုပ်နေချိန်မှာ user (ကျွန်တော်တို့ programကို အသုံးပြုသူ) တွေဆီကနေ တန်ဖိုးတခုခုကို လက်ခံတော့မယ်ဆိုရင်၊ လက်ခံရရှိမယ့် dataတွေကို သိမ်းထားမယ့်နေရာတခုကို ကြိုပြီး ကြေငြာပေးထားရပါတယ်။ ဒါကို variable declaration လုပ်တယ်လို့ ခေါ်ပါတယ်။ variable တခုကို ကြေငြာလိုက်ပြီဆိုရင် programကို အသုံးပြုနေတဲ့ computerရဲ့ memoryပေါ်မှာ အဲဒီ variableအတွက် နေရာတခုကို createလုပ်ပေးပါတယ်။ အဲဒီနေရာမှာ ကျွန်တော်တို့က dataတွေကို အချိန်အတိုင်းအတာ တခုအထိ သိမ်းထားလို့ရပါတယ်။ variable တခုကို ကြေငြာတော့မယ်ဆိုရင် အပိုင်း၂-ပိုင်း သိဖို့လိုအပ်ပါတယ်။ variable ရဲ့ နံမယ်နဲ့ သိမ်းချင်တဲ့ dataရဲ့ အမျိုးအစားတို့ ဖြစ်ပါတယ်။ ဥပမာအားဖြင့် variableမှာ numberကို သိမ်းချင်တယ်၊ စာသားကို သိမ်းချင်တယ်၊ စသည်ဖြင့် ပြောပေးရပါတယ်။ C & C++ မှာ သုံးလို့ရတဲ့ data type တွေက အောက်ပါအတိုင်းဖြစ်ပါတယ်။
Variable တခုကို ကြေငြာတဲ့ ပုံစံကတော့ ဒီလိုဖြစ်ပါတယ်။

ဆက်ဖတ်ရန်...
C++ Programming အပိုင်း ၂

မှတ်ချက်။ ။ ကိုသန့် ဇော်မင်း ရဲ့ ဘလောမှာ july 31, 2007 6:05pm က သူကိုယ်တိုင်ရေးထားတာကို ခွင့်တောင်းပြီး ပြန်လည် ဖေါ်ပြထား ခြင်းဖြစ်ပါတယ်။ ကိုသန့် ဇော်မင်းကို ကျေးဇူးတင်ပါတယ်။
loiyoes

No comments: