Tuesday, July 31, 2007

Mobile Device Troubleshooting 2
Unable to Debug/Traces in .net IDE with Mobile Device 5.0

တခါတလေမှာ သုံးနေတဲ့ mobile device နဲ့  .net IDE တို့ ဟာ Breakpoint ထောက် ပြီး Debugging လုပ်လို့ မရတဲ့အခြေအနေကို ကြုံတွေ့ ရတက်ပါတယ်။ ဒါဟာ mobile developer တစ်ယောက်အတွက်တော့ ငရဲ ခန်းပါပဲ။ အရင်ကမှ Debugging လုပ်ရတာ ခက်ရတဲ့ အထဲ လုပ်လို့ မရဘူးဆိုရင် သွားပြီပဲ။ ဒီပိုစ်မှာ ဖြစ်နိုင်ချေရှိတဲ့ ပြသာနာတွေထဲက တစ်ခုကို ဖော်ပြလိုက်ပါတယ်။

ခင်းဗျားတို့ ရဲ့  moblie version ကို ပြန်စစ်ပါ။ compact framework version ဘယ်လောက် ကို တင်ထားသလဲဆိုတာ ကို ပြန်စစ်ပါ။ တကယ်လို့ ခင်ဗျားတို့ ရဲ့  mobile device က compact framework version 2 တင်ထားတယ်ဆိုရင် ခင်ဗျားတို့ ရဲ့  PC ကိုလည်း version အတူတူတင်ဖို့ လို အပ်ပါတယ်။ compact framework 2.0 service pack 1 ကို မြင့် (upgrade) လုပ်ထားတယ်ဆိုရင်လည်း PC ကို လည်းလုပ်ပေးရပါမယ်။ ဒီလို မှ မဟုတ်ရင် တော့ Visual Studio 2005 က version အဟောင်းကြီးကိုပဲသုံးနေပြီး Debug လုပ်လို့ မရ ဖြစ်နေပါလိမ့်မယ်။

mobile device အတိုင်း PC ကို compact framework version အတူတူ ထည့် ထားလိုက် ရင် အားလုံးအဆင်ပြေပါလိမ့်မယ်။

ဒါကတော့ compact framework 2.0 service pack 1 download လင့်ခ လေးပါ။

Compact Framework 2.0 Service pack 1 Download

အာကေလာ (akela)
july 31, 2007 8:19 pm

No comments: