Sunday, July 22, 2007

Regular Expression (စကာလုံးအစုပုံစံ)

စကားလုံးအစုပုံစံ မိတ်ဆက်
(Introduction of Regular Expression)

:. ၁.၁
စကားလုံးအစုပုံစံ (Regular Expression) တစ်ခုဆိုတာ (ကွန်ပြူတာလောက အသုံးအနှုန်းအားဖြင့်) string အမျိုးအစားမျိုး ဖြစ်ပါတယ်။ သတ်မှတ်ထားတဲ့ ပုံစံ စည်းမျဉ်းစည်းကမ်းများအတိုင်း စကာလုံး (character) တွေကို ရှာဖွေဖို့ ၊ စကားလုံးအစု (a set of characters)တစ်ခုနဲ့  အခြား စကားလုံးအစု တို့ ကို တိုင်ဆိုင် စစ်ဆေးချင်တဲ့ အခါမျိုး၊ အဲဒီလို အခါတွေမှာ သုံးလေ့ရှိပါတယ်။

တကိုယ်ရေသုံးကွန်ပြုတာတွေကို သုံးဖူးတဲ့သူတွေ ဆိုရင်ပဲ ဒီ စကာလုံးအစုပုံစံ (Regular Expression) ကို သုံးဖူးကြမှာပါ။ စကားလုံးအစုပုံစံကိုသုံးနေတယ်လို့  သိချင်မှတော့ သိပါမယ်။ ဥပမာ- ဖိုင်တွေကို ရှာဖွေချင်တဲ့အခါမျိုးတွေမှာပေါ့။ ဖိုင်နာမည် data နဲ့  စတဲ့ ဖိုင်အားလုံးကို ရှာချင်တယ်ဆိုပါတော့။

စက်ထဲမှာ က -
၁. data.doc ၊
၂. data1.doc ၊
၃. data2.doc ၊
၎. dataTXT.txt ၊
၅. dataEXE.exe ၊
၆. dataB.bat

ဆိုပြီးရှိမယ်လို့ ယူဆကြမယ်။ ဒါဆို ရှာဖွေတဲအခါ data*.doc ဆိုးပြီးရိုက် ထည့်လိုက်။ ပြီးလို့  search ဆိုတဲ့ button လေးကို နှိပ်လိုက်ရင် ခုနက အပေါ်ဆုံးဖိုင် ၃ ဖိုင်ကို ကွန်ပြုတာ စီမံခန့် ခွဲရေးစနှစ် (Operating System - OS) က ရှာပေးပါလိမ်မယ်။ တကယ်လို့  data?.* လို့ ရိုက်ထည့်ခဲ့မယ်ဆိုရင်တော့ ၂ ၊ ၃ နဲ့  ၆ တိုကို ရှာပေးပါ လိမ့်မယ်။ data*.* ဆိုရင်တော့ ၆ ဖိုင်လုံးပေါ့။

wildcard characters တွေလို့ ခေါ်ခဲ့ ကြတယ်။ ရိုးရိုးရှင်းရှင်းတွေပေါ့။ အခုပြောမယ့် စကားလုံးအစုပုံစံ မှာက ဒီထက်အများကြီး ကျယ်ပြန့် ပါတယ်။ အနည်းငယ်လည်း ခတ်မယ်။ wildcard characters တွေက အတော်အသုံးကျပေ့မယ်လို့  အကန့့်အသတ် ရှိတယ်။ သူတို့ တွေဟာ စကားလုံးပုံအစုပုံစံ (Regular Expression) ရဲ့  သဘောတရား ကို မိတ်ဆက်ပေးခဲ့ပါတယ်။

:. ၁.၂
စကားလုံးအစုပုံစံရဲ့  မူလဇစ်မြစ်ဟာ သီဝရီသဘောတရားဆိုင်ရာကွန်ပြုတာသိပံ္ပ (theoretical computer science) ရဲ့  အစိတ်အပိုင်းတွေဖြစ်ကြတဲ့ automata theory နဲ့  formal language theory တို့ ပဲဖြစ်ကြပါတယ်။ စကားလုံးအစုပုံစံ ကို formal language theory နဲ့  ဖော်ပြရေးသားရပါတယ်။ (လေ့လာလိုသူများ ဆက်ပြီးလေ့လာကြပါ။ ဒီကြောင်း တွေက ဒီပိုစ်နဲ့ မဆိုင်ပါ။)

:. ၁.၃
စကားလုံးအစုပုံစံ (Regular Expression) ကိုသုံးခြင်းအားဖြင့်

- အချက်အလက် မှန်ကန်ကြောင်း စစ်ဆေးခြင်းများ (Data Validation & Verification)

ဥပမာ - ၀င်ရောက်လာတဲ့ တယ်လီဖုန်းနံပါတ် က ကိုယ်လိုချင်တဲ့ စံပုံစံ (pattern) ဟုတ်မဟုတ်စစ်ဆေးခြင်း ၊ လိုချင်တဲ့ ပုံစံက ၉၀a-၃၄-၅d-၃ ဆိုပါတော့၊ အဲဒီပုံစံမဟုတ်ပဲ ၉၀3၅၅-၅%၇၅၄ ဆိုရင် စံပုံစံ (pattern) အားဖြင့် မှားတယ်။

- စာများ အစားထိုးခြင်း (Replace Text)

ဥပမာ - I love you very much. No matter what you are, I love you. ပေါ့။ဒီလို စာတွေ စာရွက်ပေါင်း များစွာရှိမယ်ဗျာ။ ဒါကို (နှစ်အနည်းငယ်ကြာလာတဲ့အခါ) love အစား hate နဲ့ အစားထိုးချင်တယ် ဆိုပါတော့။အဲဒီလို အချိန်မှာ သိပ်အသုံးကျတယ်။

- စာအစဉ်အတန်း (String) တစ်ခုထဲကနေ ကိုယ်လို ချင်တဲ့ အစိတ်အပိုင်း လေးတစ်ခုကိုပဲ ထုတ်ယူခြင်း (Extract text)

ဥပမာ - အပေါ်က စာထဲကပဲ love ဆို တဲ့ စာလုံးကိုပဲ ထုတ်ယူချင်တဲ့အခါမျိုး။
စသည်တို့ တွေမှာ အလွန် အသုံးဝင်ပါတယ်။

စာအစဉ်အတန်း (String) တွေကို ကိုင်တွယ်တဲ့နေ ရာမှာ နာမည်မကြီးတဲ့ javascript လို ပရိုဂရမ် ဘာသာရပ်တွေမှာ စကားလုံးအစုပုံစံ (Regular Expression) က အသုံးကျ ကြပါတယ်။

ဆတ်ရန်။

ရည်ညွန်း။ ။ MSDN, Wikipedia - the free encyclopedia

အာကေလာ (Akela)

july 21, 2007 2:42 am

မှတ်ချက်။ ။ ပိုစ်တွေကို ကျွန်တော် စာလုံးများကို တက်နိုင်သလောက် မြန်မာမှုပြုထာပါတယ်။ ပညာရှင်မဟုတ်တဲ့ အတွက် စာလုံးတွေက ထောက်နေပါတယ်။ ကျွန်တော်ကိုယ်တိုင် ရေးနေရင်းနဲ့  ခဏခဏရယ်ဖြစ်ပါတယ်။ ဒါပေ့မယ်ပေါ့လေ တက်နိုင်သမျှတော့ ကြိုးစားပြီးမြန်မာ လို ပဲရေးပါမယ်။ အခုအစပြုမိရင် နောင်ကျတော့ဒီထက်ကောင်းတဲ့ အဓိပ္ပါယ်ပြည့်စုံတဲ့ မြန်မာစာလုံးတွေ ထွက်လာနိုင်တယ်လို့ မျှော်လင့်ပါတယ်။



No comments: