Thursday, July 26, 2007

Mobile Device Troubleshooting 1
SQL Query Analyzer.


ဒီနေ့ အလုပ်လုပ်ရင်းကြုံလိုက်ရတဲ့ ပြသာနာတခုပါ။ ပရိုဂရမ် အလုပ်လုပ် နေတဲ့ mobile device က SQL Query Analyzer ကအလုပ်မလုပ်တော့ဘူး။ နည်းစနစ်ဆိုင်ရာ ဗိသုကာ( Programm Architect) ကို မေးကြည့်တော့ တချို့  dlls တွေကိုသွင်း ရမယ်လို့ ပြောတယ်။ သူပြောတဲ့ dlls တွေက-

၁. sqlce30.dev.ENU.ppc.wce5.armv4i.CAB (*)
၂. sqlce30.ppc.wce5.armv4i.CAB (**)

တို့ ပါဘဲ။ mobile device ထဲမှာက SQL Query Analyzer က ရှိကို မရှိတော့တာ။ ဒါနဲ့  sqlce30.dev.ENU.ppc.wce5.armv4i.CAB ကို သွင်းကြည့်လိုက်တယ်။ SQL Query Analyzer ကို မြင်လာရတယ်။ OK ပြီဆိုပြီး Database ဖိုင် (.sdf) ကို ဖွင့်ကြည့်တဲ့အခါ အမှား တွေတက်လာပါတယ်။ အမှားသတိပေးချက်( Error Message) ကတော့ -

Failed to initialize the provider. Please make sure that SQL Server
Mobile Edition is properly installed

ပါတဲံ။နည်းစနစ်ဆိုင်ရာဗိသုကာ (program Architect) ကလည်း ဘာကြောင့်လည်းဆိုတာမသိဘူး။ ဒါနဲ့  ဆက်လက်ရှာဖွေမိတယ်။ ဒီလို နဲ့ တွေ့ ပါတယ်။

qlce30.repl.ppc.wce5.armv4i.CAB (***)

ကို သွင်း (install) ပါတဲ့။ ဒီ .CAB ဖိုင်ကို သွင်းပြီးသွားတဲ့အခါမှာတော့ အားလုံး အဆင် ပြေသွားပါတယ်။

ဒီဖိုင် အားလုံးဟာ

C:\Program Files\Microsoft Visual Studio 8\SmartDevices\SDK\SQL Server\Mobile\v3.0\wce500\armv4I

အောက်မှာ ရှိပါတယ်။

။ ။ Mobile မှာ ဒီ ကဘ်(.CAB)တွေကို ဘယ်လို သွင်းရမှန်းမသိသူတွေအတွက်ပါ။
Mobile မှာ သွင်း(install) ရတာလွယ်ပါတယ်။ သွင်းချင်တဲ့ ဖိုင်တွေကို Mobile ရဲ့  Explore Root အောက်တဲ့တဲ့မှာ သွားထားပါ။ Mobile Explore ကို ဖွင့်ချင်တယ်ဆိုရင် ပုံမှန် ကွန်ပြုတာရဲ့  Explore ကနေလည်းသွားလို့ ရသလို ၊ Microsoft ActiveSync သုံးရင်းလည်း သူ Icon ကို ကြွက်ရဲ့ ညာကို နှိပ် ပြီး Explore ဆိုရင်လည်းရပါတယ်။ ခုနက (.CAB) ဖိုင်တွေကို Root အောက်မှာဘဲ Copy/Paste လုပ်ချပါ။
ပြီးရင် Mobile ထဲကနေ ပြီး ခုနက ဖိုင်တွေကို သွား ပြီး Run ပါ။ အောင်အောင်မြင်မြင် သွင်း(install) လို့ ရတယ် ဆိုရင် Successfully insatlled ဆိုတာပေါ်လာပါမယ်။ ။


ပျော်ရွင်ငြိမ်းချမ်းကြပါစေ။

အာကေလာ (Akela)
July 26, 2007 2:05 pm

No comments: