Saturday, July 28, 2007

ရေးသူ - သန့် ဇော်မင်း
နေ့ စွဲ - july 26,2007
--------------------------------

C++ Programming Language (အပိုင်း - ၁)

Programming language
Programming language ဆိုသည်မှာ ကွန်ပျူတာကို ခိုင်းစေသော ဘာသာစကား ဖြစ်ပါသည်။ ကွန်ပျူတာကိုခိုင်းစေသည် ဆိုရာဝယ် monitor ရှေ့ တွင်ထိုင် microsoft word, excel စသည့် application ၁ခုခုကိုဖွင့် keyboard ကိုတဖျောင်းဖျောင်းရိုက်၍ စာများပေါ်လာအောင် ပြုလုပ်နိုင်ခြင်းကို မဆိုလိုပေ။ ထိုသူများကို ကွန်ပျူတာအသုံးပြုသူ (user)များဟုခေါ်ပေသည်။ ထိုသူများ အသုံးပြုနိုင်အောင် application များရေးသားခြင်း (ပြုလုပ်ပေးခြင်း) ကိုသာ ဆိုလိုပေသည်။ ထိုသို့ပြုလုပ်သူများကို program ရေးသားသူ (programmer) များဟု ခေါ်ပေသည်။

အင်္ဂလိပ်လူမျိုး တယောက်နှင့် ဆက်သွယ်ပြောဆိုလိုလျှင် အင်္ဂလိပ်စာ၊ အင်္ဂလိပ်စကား တက်ရန်လိုပေမည်။ ထို့အတူ ကွန်ပျူတာကို ဆက်သွယ်ခိုင်းစေရန် ကွန်ပျူတာနားလည်သော ဘာသာစကားကို တက်မြောက်ရန်လိုပေသည်။ ဤနည်းအားဖြင့် programming language များကို တီတွင်ရေးသားလာကြသည်။ Assembly, C, Java, VB, .NET စသည်ဖြင့် programming language များစွာရှိပါသည်။ အစကနဦး အသုံးပြုခဲ့ကြသော language များမှာ ကွန်ပျူတာကို တိုက်ရိုက်ခိုင်းစေနိုင်ရန် ရေးသားရသောကြောင့် ရေးသားသူ လူသားတို့အတွက် နားလည်ရန်ခက်ခဲလေ့ရှိသည်။ ထို့ကြောင့် နောက်ပိုင်းတွင် program ရေးသားသူများအတွက် အဆင်ပြေစေရန် ပိုမိုလွယ်ကူ၊ ပိုမိုကောင်းမွန်သော language များကို တီထွင်ဖန်တီး လာကြသည်။ (နောင်တချိန်တွင် ကွန်ပျူတာကို ပါးစပ်ဖြင့် အမိန့်ပေး ခိုင်းစေနိုင်လာပေလိမ့်မည်။)

ဆက်ဖက်ရန်......
C++ Programming အပိုင်း ၁


မှတ်ချက်။ ။ ကိုသန့် ဇော်မင်း ရဲ့ ဘလောမှာ
july 26, 2007 8:41pm က သူကိုယ်တိုင်ရေးထားတာကို ခွင့်တောင်းပြီး ပြန်လည် ဖေါ်ပြထား ခြင်းဖြစ်ပါတယ်။ ကိုသန့် ဇော်မင်းကို ကျေးဇူးတင်ပါတယ်။
loiyoes

No comments: