Saturday, July 21, 2007

စကားလုံးအစုပုံစံ ၀ါကျ
(Regular Expression Syntax)

:. ၂.၁
စကားလုံးအစုပုံစံ (Regular Expression) ဆိုတာ စာကားလုံးများကိုသုံးထားတဲ့ ပုံစံ (pattern of Text) ဖြစ်တဲ့အတွက် သူ့ မှာ သာမန် စကားလုံးများ (ordinary characters - a မှ z အထိ) ၊ အထူး စကားလုံးများ (special characters or metacharacters) တွေပါဝင်ပါတယ်။

အောက်ပါ ဇယားကွက်မှာ အထူး စကားလုံးများ (metacharacters**) နဲ့  သူတို ရဲ့  ပြုမှု နိုင်တဲ့စွမ်းရည် (behavior) တိုကို ဖော်ပြထားပါတယ်။

စကားလုံးများ (Characters)

အဓိပါယ်ဖွင့်ဆိုချက်(Description)



\

သူနောက်က စာလုံးကို special characters ၊ သို့  literal အဖြစ် ပြုမှုပေးပါတယ်။ ဥပမာ -ပုံမှန်ဆိုရင် ‘n’ က စာလုံး “n” နဲ့  တိုက်စစ် (Match) ပါတယ်။ ဒါပေမယ် ‘\n’ ဖြစ်သွားရင်တော့ နောက် အသစ်တလိုင်း (newline character) ဖြစ်သွားပါတယ်။ ‘\\’ က “\” နဲ့ တိုက်ပြီး ၊ “\(” က “(” နဲ့ တိုက်စစ်ပါတယ်။

^

ဝင်လာတဲ့ စာအစဉ်အတန်း (Input string )ရဲ့  ပထမဆုံး နေရာ (position at the beginning) ကို တိုက်စစ်ပါတယ်။

$

ဝင်လာတဲ့ စာအစဉ်အတန်း (Input string )ရဲ့  နောက်ဆုံး နေရာ (position at the end) ကို တိုက်စစ်ပါတယ်။

*

သူရဲ့ ရှေမှာ ရှိနေတဲ့ စာလုံး(character) သို့ မဟုတ် စာလုံးအစုငယ် (subexpression) တွေကို 0 or more အကြိမ်အရေအတွက် တိုက်ပါတယ်။ ဥပမာ - “zo*” က “z” and “zoo” ကို တိုက်ပါတယ်။ * က {0,} နဲ့  အတူတူပဲ ဖြစ်ပါတယ်။ သဘောက o က လုံးဝမပါရင်လည်းဖြစ်တယ်။ တစ်လုံးထက်ပိုပါရင်လည်း ဖြစ်တယ်။

+

သူရဲ့ ရှေမှာ ရှိနေတဲ့ စာလုံး(character) သို့  စာလုံးအစုငယ် (subexpression) တွေကို one or more အကြိမ်အရေအတွက် တိုက်ပါတယ်။ ဥပမာ - “zo+” က “zo” and “zoo” ကို တိုက်ပါတယ်။ ဒါပေမယ့် “z” ကို မတိုက်ပါဘူး။ + က {1,} နဲ့  အတူတူပဲဖြစ်ပါတယ်။ သဘောက o က အနည်းဆုံး ၁လုံးပါရတယ်။ တစ်လုံးထက်ပိုပါရင်လည်း ဖြစ်တယ်။

?

သူရဲ့ ရှေမှာ ရှိနေတဲ့ စာလုံး(character) သို့  စာလုံးအစုငယ် (sub expression) တွေကို 0 or 1 အကြိမ်အရေအတွက် တိုက်ပါတယ်။ ဥပမာ - “do(es)?” က “do” and “does” ကို တိုက်ပါတယ်။ ? က {0,1} နဲ့ အတူတူပဲဖြစ်ပါတယ်။ သဘောက o က လုံးဝမပါရင်လည်းဖြစ်တယ်။ တစ်လုံးတည်းပါရင်လည်း ဖြစ်တယ်။

{n}

ဒီမှာ n က အနုတ်ကိန်းမဟုတ်ရပါ။ n ကြိမ်အရေအတွက် အတိ အကျ တိုက်ပါတယ်။ ဥပမာ - ‘o{2,}’ လို့ ဆိုရင် “Bob” ထဲမှာ ရှိ တဲ့ o နဲ့ မတိုက်ပါဘူး။ ဒါပေမယ့် “food” ထဲမှာရှိတဲ့ o နှစ်လုံးနဲ့  တော့ တိုက်ပါတယ်။

{n,}

ဒီမှာ n က အနုတ်ကိန်းမဟုတ်ရပါ။ အနိမ့်ဆုံး n ကြိမ် အရေ အတွက်နဲ့  တိုက်ပါတယ်။ ဥပမာ - ‘o{2}’ လို့ ဆိုရင် “Bob” ထဲမှာ ရှိ တဲ့ o နဲ့ မတိုက်ပါဘူး။ ဒါပေမယ့် “fooooood” မှာရှိတဲ့ o အားလုံးနဲ့  တော့တိုက်ပါတယ်။ ‘o{1,}’ က အထက်မှာ ဖေါ်ပြခဲ့တဲ့ ‘o+’ နဲ့ အတူတူပဲဖြစ်ပါတယ်။

{n,m}

ဒီမှာ n နဲ့  m က အနုတ်ကိန်းမဟုတ်ရပါ။ n က m ထက် ငယ်ရင်ငယ် ၊ မငယ်ရင် ညီရပါမယ် (n <= m)။ အနိမ့်ဆုံး n ကြိမ် ၊ အမြင့်ဆုံး m ကြိမ် အရေအတွက် နဲ့ တိုက်ပါတယ်။ ဥပမာ - ‘o{1,3}' ဟာ “fooooood” မှာရှိတဲ့ ပထမ o သုံးလုံးနဲ့  တိုက်ပါတယ်။ ‘o{0,1}’ က အထက်မှာ ဖေါ်ပြခဲ့တဲ့ ‘o?’ နဲ့  အတူတူပဲဖြစ်ပါတယ်။ “o{1,}” က အထက်မှာဖေါ်ပြခဲ့တဲ့ ‘o+’ နဲ့  တူပြီး ၊ “o{၀,}” ကတော့ ‘o*’ နဲ့  အတူတူပဲဖြစ်ပါတယ်။

?

ဒီ ? က (*,+,?,{n},{n,},{n,m}) တို ရဲ့  နောက်မှာ ချက်ချင်း ရှိနေတယ်ဆိုရင် အဲဒီပုံစံကို non-greedy pattern လို့ ခေါ်ပါ တယ်။ non-greedy pattern ဆိုတာ တိုက်စစ်တဲ့အခါ နည်းနိုင် သမျှနည်းအောင်တိုက်စစ်ပါတယ်။ ပုံမှန် ပုံစံ(pattern) က များ နိုင်သမျှများအောင်တိုက်စစ်ပါတယ်။ ဥပမာ - “oooo” ဆို တဲ့ စာအစဉ် အတန်း (string) မှာ ၊ ‘o+?’ က ‘o’ တစ်လုံးတည်းနဲ့  တိုက်စစ်ပြီး ၊ ? မပါ တဲ့ ‘o+’ က ‘o’ အားလုံးနဲ့ တိုက်စစ်ပါတယ်။

.

“\n” (newline character) ကလွဲရင် ‘.’ (dot) ကလေးဟာ စကာလုံးအားလုံးနဲ့  တိုက်စစ်ပါတယ်။ “\n” ကိုပါ တိုက်စစ်ချင် တယ်ဆိုရင်တော့ ‘[\s\S]’ ဆိုတဲ့ ပုံစ(pattern)ံကို သုံးနိုင်ပါတယ်။

x|y

သူက ‘ x ’ ဒါမှမဟုတ် ‘ y ’ ကိုတိုက်စစ်ပါတယ်။ ဥပမာ- “z|food” ဟာ “z” ဒါမှမဟုတ် “food” နဲ့  တိုက်ပါတယ်။ “(z|f)ood” ကျတော့ “zood” ဒါမှမဟုတ် “food” နဲ့ တိုက် စစ်ပါတယ်။ “|” ဒီစာလုံးလေးက or (တစ်ခုမဟုတ်တစ်ခု) ဆိုတဲ့ အဓိပါယ်ရှိပါတယ်။

[xyz]

သူကတော့ စကားလုံးအစုပါပဲ။ ဒေါင့်ကွင်း([]) ထဲမှာ ရှိတဲ့ ဘယ်စကားလုံးနဲ့  မဆို တိုက်စစ်ပါတယ်။ ဥပမာ- [abc] က

“plain” ထဲက “ a ” နဲ့ တိုက်စစ်ပါတယ်။

[^xyz]

သူကတော့ စကားလုံးအစုပါပဲ။ ဒေါင့်ကွင်း([]) ထဲမှာ ရှိတဲ့ စကားလုံးများ နဲ့ မတူတဲ့ အခြားစကားလုံးများကို တိုက်စစ် ပါတယ်။ ဥပမာ- [^abc] က “plain” ထဲက “ p ” ၊ “ l ” ၊ “ i ” ၊ “ n ” တိုက်စစ်ပါတယ်။ ^ က မဟုတ် (not) ဆိုတဲ့ အဓိပါယ်ရှိ ပါတယ်။

[a-z]

သူကတော့ စကားလုံး အတိုင်းအတာ (range of characters) တစ်ခုပါပဲ။ဥပမာ - [a-m] ဟာ a နဲ့  m ကြားမှာရှိတဲ့ မည်သည့် စကားလုံးကို မဆို တိုက်စစ်ပါ တယ်။

[^a-z]

သူကတော့ စကားလုံး အတိုင်းအတာ (range of characters) တစ်ခုပါပဲ။ဥပမာ - [^a-m] ဟာ a နဲ့  m ကြားမှာရှိတဲ့ စကားလုံးများမှ လွဲ ပြီး မည်သည့်စကားလုံးနဲ့ မဆို တိုက်စစ်ပါ တယ်။^ က မဟုတ် (not) ဆိုတဲ့ အဓိပါယ်ရှိ ပါတယ်။

ဆက်ရန်။

ရည်ညွန်း။ ။ MSDN, Wikipedia - the free encyclopedia, Google

့အာကေလာ(Akela)

july 22, 2007 2:42 am

july 26,2007 00:02 am (midinght) (modified)

မှတ်ချက်။ ။ ပိုစ်တွေမှာ ကျွန်တော် စာလုံးများကို တက်နိုင်သလောက် မြန်မာမှုပြုထာပါတယ်။ ပညာရှင်မဟုတ်တဲ့ အတွက် စာလုံးတွေက ထောက်နေပါတယ်။ ကျွန်တော်ကိုယ်တိုင် ရေးနေရင်းနဲ့  ခဏခဏရယ်ဖြစ်ပါတယ်။ ဒါပေ့မယ်ပေါ့လေ တက်နိုင်သမျှတော့ ကြိုးစားပြီးမြန်မာ လို ပဲရေးပါမယ်။ အခုအစပြုမိရင် နောင်ကျတော့ဒီထက်ကောင်းတဲ့ အဓိပ္ပါယ်ပြည့်စုံတဲ့ မြန်မာစာလုံးတွေ ထွက်လာနိုင်တယ်လို့ မျှော်လင့်ပါတယ်။

No comments: